၅နှစ်​အရွယ်​က​လေးငယ်​ မုဒိမ်​းကျင်​့ခံရပြီး​သေဆုံး

၅နှစ်​အရွယ်​က​လေးငယ်​ မုဒိမ်​းကျင်​့ခံရပြီး​သေဆုံး
ဓာတ်ပုံ-ကသာမြို့မ ရဲစခန်း

ရန်ကုန်၊ ဇန်နဝါရီလ ရ ။          ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ စကားကုန်းကျေးရွာအုပ်စု၊ ရွှေပြည်သာကျေးရွာတွင် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရပြီး   သေဆုံးသွားသောအမှုအား ကျူးလွန်ခဲ့သူကို မုဒိမ်းမှု၊ လူသတ် မှုပုဒ်မများဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ကသာမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမသို့ ပြောသည်။

အဆိုပါ သက်ငယ်မုဒိမ်းမှုအား ကျူးလွန်ခဲ့သည်ဟု ရဲစခန်းတွင် ဝန်ခံထားသော အသက် ၃၃ နှစ်အရွယ် အောင်ကိုဆိုသူမှာ ကျောက်ထုံးကြီးရဲကင်းစခန်းတွင် ဇန်နဝါရီလ ၅ ရက်၊ ည ၁၁ နာရီ၊ ၁၅ မိနစ်တွင်လာ ရောက်အဖမ်းခံခဲ့ခြင်းဖြစ်သည်။

အဖမ်းခံခဲ့သည့် အောင်ကိုဆိုသူကို ကနဦးတွင် ကသာမြို့မရဲစခန်းတွင် မုဒိမ်းမှုပုဒ်မဖြစ်သည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၇၆ ဖြင့် အမှုဖွင့်ထားခဲ့သော်လည်း အဓမ္မပြုကျင့်ခံခဲ့ရသည့် ကလေးငယ်မှာ ကသာဆေးရုံမှ တဆင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ်သေဆုံးသွားသည့်အတွက် လက်ရှိတွင် ကသာမြို့မရဲစခန်းမှ (ပ)၆/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၃၇၆/၃ဝ၂ ဖြင့် ပုဒ်မထပ်တိုးပြီး စစ်ဆေးလျက်ရှိကြောင်းသိရသည်။

“ ဖြစ်သွားတာက ဇန်နဝါရီလ ၄ ရက်၊ ည ရ နာရီလောက်ပေါ့။ ကလေးလေးက သူတို့လမ်းမှာရှိတဲ့ အသိတစ်ေ ယာက်အိမ်မှာ တီဗွီကြည့်ပြီးပြန်လာတဲ့အချိန် အောင်ကိုဆိုသူတဲ့သူက ကလေးကို ပွေ့ချီပြီး ကြံခင်းဘက်ကို ခေါ်သွားတာပေါ့။ ကြံခင်းဆိုတာက ကြံတွေစိုက်ထားတဲ့ နေရာကိုပြောတာ။ သူလည်း ကြံခုတ်တဲ့သူလို့ သိရတယ်။ အဲ့ဒါနဲ့ ကြံခင်းနားရောက်တော့ ကလေးကို ရိုက်နှက်ပြီး အဓမ္မပြုကျင့်တာပေါ့။ ကလေးမိဘတွေက လိုက်ရှာအချိန် ကြံခင်းအနီးမှာရှိတဲ့အိမ်ကလည်း ခွေးတွေဟောင်တာကြားတော့ ဆင်းကြည့်အချိန်မှာ အဲ့ဒီ ကလေးကို ကြံခင်းနားမှာ ပြန်တွေ့တာပေါ့။

ဟိုလူကတော့ ကလေးကိုထားပြီး ထွက်ပြေးသွားတယ်။ သူ (အောင်ကို) လာအဖမ်းခံတော့ ကျွန်တော်တို့စစ်မေးတော့ သူလည်းဘယ်လိုဖြစ်ပြီး ကျူးလွန်မိသွားလည်း မသိဘူးလို့ပြောတယ်။ သူကျူးလွန်ခဲ့တာကိုတော့ ဝန်ခံထားပါတယ်”ဟု ကသာမြို့မရဲစခန်းမှ တာဝန်ရှိသူ ကပြောသည်။

အဆိုပါကလေးငယ်ကို ပါးနှစ်ဖက်၊ ယာဘက်မျက်ခမ်းအောင် ညိုမည်းဒဏ်ရာများ၊ ယာလည်ပင်းညိုမည်း ဒဏ်ရာများနှင့် အမျိုးသမီးအင်္ဂါတွင် သွေးထွက်လျက်ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကနဦးတွင် ကသာ ပြည် သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

ထိုမှတဆင့် နာရေးကူညီမှုအသင်းကားဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဆက်ပြီးပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် သက်ငယ်မုဒိမ်းမှုအား ကျူးလွန်ခဲ့သည်ဟု ရဲစခန်းတွင် ဝန်ခံထားသော အသက် ၃၃ နှစ်အရွယ် အောင်ကိုဆိုသူကို စွဲဆိုထားသော မုဒိမ်းမှုပုဒ်မ- ၃၇၆ မှာ အမြင့်ဆုံးပြစ်ဒဏ် တသက်တကျွန်း ထိချမှတ်နိုင် သည်။

လူသတ်မှုပုဒ်မ- ၃ဝ၂ မှာ ရ နှစ်ထိထောင်ဒဏ်ချမှတ်ခြင်းခံထိုက်သော ပြစ်မှုကို ကျူးလွန်နေစဉ် လူသတ်မှုကို ကျူးလွန်လျှင် ထိုသူကို သေဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required