ဆီးရီးယားရှိ သူပုန်နယ်မြေထဲ၌ လေကြောင်းထိုးစစ်ကြောင့် အရပ်သား ၁၇ ဦးထက်မနည်း သေဆုံး

ဆီးရီးယားရှိ သူပုန်နယ်မြေထဲ၌ လေကြောင်းထိုးစစ်ကြောင့် အရပ်သား ၁၇ ဦးထက်မနည်း သေဆုံး

ဘေရွတ်၊ လက်ဘနွန်၊ ဇန်နဝါရီ ရ ။           ။ ဆီးရီးယားအစိုးရနှင့် ရုရှားအစိုးရတို့၏ လေကြောင်းထိုးစစ်များကြောင့် ဆီရီးယားနိုင်ငံမြို့တော်အနီးရှိ သူပုန် နယ်မြေအတွင်း၌ စနေနေ့က အရပ်သား ၁၇ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း စောင့်ကြည့်လေ့လာသူများက ပြောခဲ့ကြသည်။

ဆီးရီးယားနိုင်ငံအတွင်းရှိ အတိုက်အခံသူပုန်များ၏ နောက်ဆုံးကျန်ရှိနေသော အမာခံနယ်မြေဖြစ်သည့် ဂူတာအရှေ့ပိုင်းဒေသအား ဆီးရီးယားအစိုးရနှင့် ရုရှားတို့က နေ့စဉ်လိုလို လေကြောင်းထိုးစစ်များ ဆင်နွှဲလေ့ရှိ သည်ဟု သိရသည်။

ပြီးခဲ့သော စနေနေ့ကဖြစ်ပွားခဲ့သည့် လေကြောင်းထိုးစစ်ကြောင့် ဟမ်မူရီယာခရိုင်အတွင်း၌ ကလေးငယ် ၂ဦး အပါအဝင် အရပ်သား ၁၂ ဦးခန့် သေဆုံးခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုခဲ့သည်။

ခေါင်းဆောင်းဖြူ ကယ်ဆယ်ရေးအဖွဲ့နှင့် အရပ်သားများသည် လေကြောင်းတိုက်ခိုက်မှုအပြီးတွင် ဒဏ်ရာရရှိသူ များအား ကယ်ဆယ်ကြရန် အပြေးအလွှားလှုပ်ရှားလျက်ရှိသည်ကို သတင်းထောက်များက မှတ်တမ်းတင်နိုင်ခဲ့ ကြသည်။

စောင့်ကြည့်လေလာရေးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ရာမီအက်ဘ်ဒယ်ရာမန်က ဆီးရီးယားနှင့် ရုရှားတို့၏ တိုက်လေယာဉ်များသည် ဂူတာအရှေ့ပိုင်းဒေသကို ဗုံးကြဲတိုက်ခိုက်မှုများ အပြင်းအထန်ပြုလုပ်နေဆဲဖြစ်ပြီး လူနေအိမ်များရှိသည့် နယ်မြေများကို ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု ပြောဆိုခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် မာဒီရာခရိုင်မှ အရပ်သား ၂ဦးနှင့် အာဘင်ခရိုင်မှ အရပ်သား ၃ ဦးတို့လည်း သေဆုံး ခဲ့သလို ခရိုင် ၃ ခုအတွင်း၌ ဒဏ်ရာရရှိသူ ၃၅ဦးအထိရှိခဲ့ကြောင်း သူက ဖြည့်စွက်ပြောဆိုခဲ့သည်။

ဆီးရီးယား၌ လွန်ခဲ့သော ၂၀၁၁ ခုနှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများမှ စတင်ပေါ်ပေါက်လာသည့် ပဋိပက္ခ များကြောင့် ယခုအချိန်ထိ သေဆုံးသူ ၃၄၀၀၀၀ ကျော်ခန့်အထိရှိခဲ့ပြီး လူသန်းပေါင်းများစွာခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း အချက်အလက်များက ဖော်ပြလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required