လကမ္ဘာပေါ်၌ လမ်းလျှောက်ခဲ့ဖူးသည့် ဂန္တဝင်အာကာသယာဉ်မှူး ဂျွန်ယန်းကွယ်လွန်

လကမ္ဘာပေါ်၌ လမ်းလျှောက်ခဲ့ဖူးသည့် ဂန္တဝင်အာကာသယာဉ်မှူး ဂျွန်ယန်းကွယ်လွန်

ဟူစတန်၊ တက္ကဆက်၊ ဇန်နဝါရီ ရ ။            ။ လကမ္ဘာပေါ်၌ လမ်းလျှောက်ခဲ့သည့် အာသာယာဉ်မှူးများထဲမှ တစ်ဦးဖြစ်ပြီး အာကာသလွန်းပျံယာဉ်ကြီးကို ဦးဆောင်မောင်းနှင်ခဲ့ဖူးသည့် ဂန္တဝင်အာကာသယာဉ်မှူးကြီး ဂျွန်ယန်းသည် အသက် ၈၇ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း နာဆာအဖွဲ့အစည်းက ထုတ်ပြန်ကြေညာခဲ့သည်။

ဂျွန်ယန်းသည် အဆုတ်ရောင်ရောဂါကို ခံစားနေခဲ့ရပြီး နောက်ထပ်တိုးလာသော ရောဂါသစ်ကြောင့် ပြီးခဲ့သော သောကြာနေ့ညက ကွယ်လွန်သွားခဲ့ကြောင်း နာဆာအာကာသ အေဂျင်စီက ထုတ်ပြန်ကြေညာခဲ့သည်။

နာဆာအဖွဲ့အစည်း၏ အဆိုအရ ဂျွန်ယန်းသည် ဂျင်မီနီ၊ အပိုလိုနှင့် အာကာသလွန်းပျံယာဉ် အစီအစဉ်များ အားလုံး၌ ပါ၀င်ခဲ့ဖူးသည့် နာဆာအေဂျင်စီ၏ တစ်ဦးတည်းသော အာကာသယာဉ်မှူးဖြစ်သလို အာကာသထဲသို့ ၆ ကြိမ်ခန့် သွားရောက်ခဲ့ဖူးသည့် ယာဉ်မှူးတစ်ဦးဖြစ်ကြောင်း သိရသည်။

ဂျွန်ယန်းသည် လကမ္ဘာပေါ်၌ လမ်းလျှောက်ဖူးသည့် ကိုးယောက်မြောက် အာကာသယာဉ်မှူးတစ်ဦးဖြစ်သည်။

သူသည် တက္ကစက်ပြည်နယ် ဟူစတန်မြို့ရှိ သူ၏နေအိမ်၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required