ငွေကျပ် ၅ ဘီလီယံကျော် လိမ်လည်မှုမှာ ကုန်သည်များ၏ လောဘကြောင့်ဖြစ်ပေါ်လာရဟုဆို

ငွေကျပ် ၅ ဘီလီယံကျော် လိမ်လည်မှုမှာ ကုန်သည်များ၏ လောဘကြောင့်ဖြစ်ပေါ်လာရဟုဆို

 

ရန်ကုန်၊ ဇန်နဝါရီ ၆ ။            ။ ဘုရင့်နောင်တွင်ဖြစ်ပွားခဲ့သည့် ဆန်စပါးလုပ်ငန်းနှင့် ပက်သက်သည့် ငွေကျပ် ၅ ဘီလီယံကျော်(သန်​း၅​ထောင်​)လိမ်လည်မှုမှာ ကုန်သည်များ၏ လောဘကြောင့်   ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦး ကပြောဆိုလိုက်သည်။

မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) တွင် ယနေ့ (ဇန်နဝါရီ ၆ ရက်) ပြုလုပ်ခဲ့သည့် အဆိုပါငွေကြေးလိမ်လည်မှုနှင့်ပက်သက်သည့် သတင်းစာရှင်းလင်းပွဲတွင်   ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ တချို့ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် ၄င်းတို့ရဲ့လောဘဆန္ဒဟာ ရှေ့တန်းတင်ပြီးလုပ်တဲ့အတွက် အခုလို ပမာဏကြီးကြီးဖြစ်​တတ်​တာ တွေ့ရပါတယ် “ဟု ဦးအောင်သန်းဦး ကပြောသည်။

ဇန်နဝါရီ ၆ ရက်နေ့လည် ၂နာရီအထိ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းသို့ လာရောက်တိုင်ကြားသည့် ကုန်သည် ၆၄ဦး ထိရှိနေပြီး ငွေကြေးတန်ဖိုးမှာ သိန်းပေါင်း ငါးသောင်း သုံးထောင် ခုနှစ်ရာ သုံးဆယ့် ကိုးသိန်း ကျော် ရှိနေကြောင်း ၄င်းကဆက်လက်ပြောသည်။

လိမ်လည်ခံရသည့် ကုမ္မဏီများမှာ အနည်းဆုံး ကျပ် သိန်း တစ်ရာ မှ အများဆုံး ကျပ် သိန်း ရှစ်ထောင်ဖိုးအထိ ရှိနေပြီး နိုင်ငံခြားကုမ္မဏီများပါ ပါ၀င်နေကြောင်း သိရသည်။   မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းအနေဖြင့် နစ်နာသူများကို ငွေကြေးအချိုးကျရရှိစေရန်အတွက် ကော်မတီ ၃ ရပ်ဖွဲ့စည်း ဆောင်ရွက် နေကြောင်းသိရသည်။

လက်ရှိတွင် ငွေကြေးလိမ်လည်သွားသည့် ASO CO.,LTD ကုမ္မဏီပိုင်ရှင်  ဦးအောင်ဆွေဦးမှာ ပုန်းရှောင်နေပြီး လိမ်လည် ခံရသည့် ငွေကြေးပမာဏ မှာ ထပ်တိုးလာဖွယ်ရှိနေသည်ဟု   မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦး ပြောသည်။

ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) တွင် ပထမအကြိမ်ဖြစ်ပွားသည့် သိန်းပေါင်းထောင်ချီ လိမ်လည်သည့် အမှုစစ်ဆေး၍ မပြီးပြတ်သေးမီ ယခုဒုတိယအကြိမ် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required