ပြည်သူ့ပိုင်ငွေကြေးအား အစွန်းရောက်များကို ထောက်ပံ့ခြင်းရပ်ရန် ပြည်သူ့သတင်းစကားအား အီရန်အစိုးရ မငြင်းနိုင်ဟု အမေရိကန်ပြော

ပြည်သူ့ပိုင်ငွေကြေးအား အစွန်းရောက်များကို ထောက်ပံ့ခြင်းရပ်ရန် ပြည်သူ့သတင်းစကားအား အီရန်အစိုးရ မငြင်းနိုင်ဟု အမေရိကန်ပြော

 

ကုလသမဂ္ဂ၊ ဇန်နဝါရီ ၆ ။            ။ အီရန်အစိုးရအနေဖြင့် ပြည်သူ့များက ပြောနေသည့် သတင်းစကားများဖြစ်သော “အကြမ်းဖက်ဝါဒအား တိုက်ဖျက်ခြင်းများ ရပ်ရန်၊ ပြည်သူ့ငွေများကို လူသတ်သမားများ၊ အာဏာရှင်များအား ပေးကမ်းနေခြင်းများ ရပ်ရန်၊ ပြည်ပတိုက်ခိုက်ရေးသမားများအတွက် ပြည်သူ့ဓနဥစ္စာများအား သုံးစွဲနေခြင်းကို ရပ်ရန်” စသော သတင်းစကားများကို ငြင်းမရကြောင်း လုံခြံုရေးကောင်စီတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟေလီက ပြောလိုက်သည်။

လုံခြံုရေးကောင်စီတွင် အမျိုးသမီးသံအမတ် နစ်ကီဟေလီက ပြောရာ၌ အီရန်တွင် သီတင်းပတ်ကြာ ဖြစ်ပွားနေသော ဆန္ဒပြမှုများမှာ အခြေခံလူ့အခွင့်အရေး၏   စေ့ဆော်မှုကြောင့်   ဖြစ်ကြောင်း ပြောဆိုသည်။ ထိုပြင် ဖိနှိပ်ချုပ်ချယ်သော အစိုးရကို အန္တရာယ်ရှိမှန်း သိလင့်ကစား ဆန္ဒပြပွဲများတွင် ပါ၀င်သည့် ပြည်သူတို့၏ ရဲသတ္တိကို ပြသလာခြင်းလည်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကမ္ဘာကြီးအနေဖြင့် အီရန်ပြည်သူတို့၏ ရဲစွမ်းသတ္တိကို သြဘာပေး ချီးကျူးရမည်ဖြစ်ကြောင်းလည်း တိုက်တွန်းသည်။ အစိုးရဆန့်ကျင်သော ဆန္ဒပြပွဲများကို အီရန်အာဏာပိုင်များ၏ တုံ့ပြန်မှုအပေါ်လည်း ကမ္ဘာက စောင့်ကြည့်နေကြောင်း ၎င်းက သတိပေးသည်။

“အီရန်အစိုးရဟာ ခုဆိုရင် သတိပေးချက်နဲ့ ရင်ဆိုင်နေရပြီ။ ကမ္ဘာက သူတို့ ဘာလုပ်မလဲဆိုတာ စောင့်ကြည့်တော့မှာပဲ ဖြစ်တယ်။”ဟု အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော ဆန္ဒပြမှုများနှင့် ပတ်သက်ပြီး လုံခြံုရေးကောင်စီ အရေးပေါ်အစည်းအဝေးတစ်ရပ်တွင် နစ်ကီဟေလီက ပြောလိုက်ခြင်း ဖြစ်သည်။

အီရန်နိုင်ငံအတွင်း စားသောက်ကုန်စည် စျေးတက်ခြင်းနှင့် အကျင့်ပျက်ခြစားမှုများကို ဆန့်ကျင်ကာ အစိုးရဆန့်ကျင်ဆန္ဒပြမှုများက ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်တွင် မာရှာမြို့တွင် စတင်ဖြစ်ပွားကာ   နိုင်ငံ၏ အခြားမြို့များသို့ ပျံ့နှံ့သွားခြင်း ဖြစ်သည်။

လုံခြံုရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့မှုများ ရှိခဲ့ရာမှ အနည်းဆုံး လူ ၂၀ ကျော် သေဆုံးပြီး တစ်ထောင်ကျော်ထက်မနည်း ဖမ်းဆီးခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required