အချိန်​အခါမဲ့ မိုးရွာမှု​ကြောင်​့ ပခုက္ကူခရိုင်​အတွင်​း ကြက်​သွန်​စိုက်​ပျိုး ဧက တစ်​​ထောင်​​ကျော်​ ပျက်​စီး

အချိန်​အခါမဲ့ မိုးရွာမှု​ကြောင်​့ ပခုက္ကူခရိုင်​အတွင်​း ကြက်​သွန်​စိုက်​ပျိုး ဧက တစ်​​ထောင်​​ကျော်​ ပျက်​စီး

 

ပခုက္ကူ၊ဇန်​နဝါရီ ၆ ။                 ။ ဇန်​နဝါရီလ ပထမပတ်​အတွင်​း အချိန်​အခါမဲ့ မိုးရွာသွန်​းမှု​ကြောင်​့ ပခုက္ကူခရိုင်​အတွင်​းရှိ ကြက်​သွန်​စိုက်​ပျိုးရာ ​​ယော​ချောင်​းဒေသများတွင်​ ကြက်​သွန်​စိုက်​ခင်​းများ ​ရေနစ်​မြှုပ်ခဲ့သဖြင်​့ ဧက တစ်​​ထောင်​​ကျော်​ ပျက်​စီးခဲ့​ကြောင်​း ပခုက္ကူခရိုင်​စိုက်​ပျိုး​ရေးရုံးမှ သိရသည်​။

"ပခုက္ကူခရိုင်​ ​ပခုက္ကူ၊​ပေါက်​၊ဆိပ်​ဖြူ မြို့နယ်​ များက ​ယော​ချောင်​း​ဘေး ​ကျေးရွာ​တွေက ကြက်​သွန်​နီ စိုက်​ခင်​း​တွေ ပျက်​စီးခဲ့တာပါ ။မြို့နယ်​​တွေက​နေ တက်​လာတဲ့ စာရင်​း​တွေအရ ပခုက္ကူမြို့နယ်​မှာ ဧက ၄၀၀၊ဆိပ်​ဖြူမြို့နယ်​မှာ ၂၈၉ ဧက  ​ပေါက်​မြို့နယ်​မှာ ဧက ၆၄၀ ပျက်​ဆီးခဲ့ပါတယ်​"ဟု ပခုက္ကူခရိုင်​ စိုက်​ပျိုး​ရေးရုံး မန်​​နေဂျာက ဆိုသည်​။

ယခုကဲ့သို့ ပျက်​စီးမှုများ​ကြောင်​့ ​ကြက်​သွန်​စိုက်​​တောင်​သူများအ​နေဖြင်​့ စိုက်​ပျိုးစရိတ်​များ ဆုံးရှုံးခဲ့ရပြီး ပြန်​လည်​စိုက်​ပျိုးရန်​ အခက်​အခဲများဖြစ်​​ပေါ်​နေ​ကြောင်​းသိရသည်​။

"မိုးရွာ​တော့ ကြက်​သွန်​နီစိုက်​ခင်​း​တွေ ​ရေမြုတ်​တာ​ရော၊​ရေ​မျှောတာ​ရောက ကြုံလာ​တော့ ပြန်​လည်​စိုက်​ပျိုးဖို့က အခက်​အခဲရှိ​နေတယ်​။ပျက်​စီးသွားတဲ့ စိုက်​ခင်​းထဲမှာ ရင်​းနှီးလိုက်​ရတာ​​တွေ​ကြောင်​့ ​ပြန်​စိုက်​ဖို့က အရင်​းအနှီးက မရှိပြန်​ဘူး။အရင်​းအနှီးရှိပြန်​ရင်​လည်​း စိုက်​ပျိုးချိန်​က အရမ်​း​နောက်​ကျ​နေပြီ"ဟု ပခုက္ကူမြို့နယ်​ မြစ်​ဖျား​ကျေးရွာမှ ကြက်​သွန်​စိုက်​​တောင်​သူ ကို​အေးကို က ဆိုသည်​။

 

ပခုက္ကူခရိုင်​ ​ယော​ချောင်​း​ဒေသမှ ​ကျေးရွာများတွင်​ စိုက်​ပျိုး​နေသည်​့ ​ဆောင်​းကြက်​သွန်​နီများသည်​ မြန်​မာနိုင်​ငံအတွင်​း ​စျေးကွက်​အခိုင်​အမာတည်​ရှိ​သော​သော ကြက်​သွန်​အမျိုးအစားများဖြစ်​ပြီး နှစ်​စဉ်​ ကြက်​သွန်​တန်​ချိန်​ သိန်​း ၁၀၀​ကျော်​ ထွက်​နှုန်​းရှိ​ကြောင်​းသိရသည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly