ရန်ကုန် နှင့် မန္တလေး တို့တွင် ကျင်းပပြုလုပ်မည့် ဂျပန်ရုပ်ရှင်ပွဲတော်

ရန်ကုန် နှင့် မန္တလေး တို့တွင် ကျင်းပပြုလုပ်မည့် ဂျပန်ရုပ်ရှင်ပွဲတော်

 

ရန်ကုန် ၊ ဇန်နဝါရီ ၅ ။                ။ ဂျပန်ရုပ်ရှင်ပွဲတော် ၂၀၁၈ ကို ဇန်နဝါရီ ၁၉ရက်မှ ၂၈ရက် အထိ ၁၀ရက်ကြာ ရန်ကုန်တွင် ကျင်းပပြုလုပ် သွားမည် ဖြစ်ပြီး မန္တလေးမြို့၌ လည်း ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်သွားမည် ဖြစ် သည်။

ယခုနှစ်တွင် ကျင်းပ ပြုလုပ်မည့် ဂျပန် ရုပ်ရှင်ပွဲတော်တွင် ဂျပန် ရုပ်ရှင်ဇာတ်ကား ၊ ကာတွန်းကား အပါအဝင် ၊ စုစုပေါင်း ဂျပန်ဇာတ်ကားပေါင်း ၁၆ ကား ပြသ သွားမည် ဖြစ်ပြီး ၀င်ကြေး အခမဲ့အဖြစ် ၀င်ရောက် ကြည့်ရှုနိုင် မည် ဖြစ်သည်။

ဂျပန်ရုပ်ရှင်ပွဲတော်တွင် စိတ်ဝင်စားဖို့ ကောင်းမည့် ရုပ်ရှင်တစ်ကား ကတော့ Asian Three-fold Mirror 2016 : Reflection ဆိုသည့် Short Film ၃ကားပေါင်းထားသည့် Omnibus ရုပ်ရှင်ကား ဖြစ်ကာ Japan Foundation Asian Center နှင့် Tokyo International Film Festival တို့ ပူးပေါင်း ထုတ်လုပ်ထားခြင်း ဖြစ်ပြီး Philippine ၊ Japan နှင့် Cambodia သုံးနိုင်ငံမှ Shot film ၃ကား ကိုကြည့်ရမည် ဖြစ်သည်။

နောက်တစ်ကား အနေဖြင့် ချစ်စရာကောင်းသည့် ကြောင်နက်လေး Rudolf ၏ စိတ်ဝင်စားဖွယ် စွန့်စားခန်း ဇာတ်လမ်းဖြစ်ပြီး Rudolf the Black Cat အမည်ရှိ Animation ကာတွန်းကားလေး ဖြစ်ကာ ကြောင်ချစ်သူများ သဘောကျမည့် ဇာတ်ကား နှင့် Memoirs of a Murderer ဟု အမည်ပေးထားသည့် ဇာတ်ကားကတော့ အက်ရှင် နှင့် သည်းထိတ်ရင်ဖို ဇာတ်ကား တစ်ကားဖြစ်သည်။  

ထို့အပြင် Relife ဒရမ်မာ ဇာတ်ကား ၊ မိသားစု တန်ဖိုးကို ပုံဖော် ရိုက်ကူးထားသည့် Tora-san of Goto  ဇာတ်ကား ၊  ကွေကွင်းခြင်း နှင့် ဆုံစည်းခြင်းအကြောင်းကို စိတ်ထိခိုက်ဖွယ် ၊ စိတ်နွေးထွေးဖွယ် ဖြစ်အောင် ရိုက်ကူးထားသည့် THE LONG EXCUSE ၊ ဟာသဇာတ်လမ်း ဖြစ်သည့် Survival Family ၊ အက်ရှင် သည်းထိတ်ရင်ဖို ဇာတ်ကား ဖြစ်သည့် MUMON ဇာတ်ကား ၊ ကျွန်းရွာကလေး၏  တိတ်ဆိတ် ငြိမ်သက်သည့် ဘဝကို နောက်ခံ ပြုထားသည့် The Mohican Comes Home ဇာတ်ကား ၊ ဖူကူအီ ကိုယ်ပိုင် အထက်တန်း ကျောင်း၏  Cheerleading Team (အားကစားပွဲတွေမှာ မိမိ အသင်းကို အကအခုန်များဖြင့် အားပေးသည့် အဖွဲ့) အကြောင်းကို ရိုက်ကူးထားသည့် Let’s Go, JETS! From Small Town Girls to U.S. Champions? ဇာတ်ကား ၊ သမိုင်းနောက်ခံ ဇာတ်ကားဖြစ်သည့် In This Corner of The World ဇာတ်ကား ၊ HONNOUJI HOTEL ဇာတ်ကား ၊ Her Love Boils Bathwater ဇာတ်ကား ၊ Daytime Shooting Star ဇာတ်ကား ၊ CHIHAYAFURU Part 1 ဇာတ်ကား ၊ CHIHAYAFURU Part 2 ဇာတ်ကား တို့ပဲ ဖြစ်သည်။

ဂျပန်ရုပ်ရှင်ပွဲတော်ကို ဇန်နဝါရီလ (၁၉) ရက်နေ့ မှ (၂၈) ရက်နေ့ အထိ ရန်ကုန် နေပြည်တော်ရုပ်ရှင်ရုံနှင့် JCGV Juntion City ရုပ်ရှင်ရုံ တို့တွင် ပြုလုပ်မည် ဖြစ်ပြီး မန္တလေးမှာတော့ ဖေဖော်ဝါရီ ၂ ရက် မှ ၄ ရက် အထိ ဝင်းလိုက် ရုပ်ရှင်ရုံတွင် ပြုလုပ်မည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly