အောင်ရဲထွေးသေဆုံးမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူ ၃ ဦး ချုပ်ရက် ရမန် နှစ်ပတ်ယူ

အောင်ရဲထွေးသေဆုံးမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူ ၃ ဦး ချုပ်ရက် ရမန် နှစ်ပတ်ယူ
ဓာတ်ပုံ - သက်ကို(မဇ္ဈိမ)

 

ရန်ကုန်၊ ဒီဇင်ဘာလ ၅ ။        ။ လူမှုကွန်ယက်စာမျက်နာတွင် ဟာသဗီဒီယိုများဖြင့် လူသိများလာသူ ရဲထွေးအောင်(ခ) အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူ ၃ ဦးအား ယနေ့ ဇန်နဝါရီလ ၅ ရက်၊ ညနေ ၄ နာရီ၊ သင်္ကန်းကျွန်း မြို့နယ်တရားရုံးတွင် ချုပ်ရက် ရမန် ၂ ပတ်ယူခဲ့သည်။

“ ဒီနေ့ ဒီဖမ်းထားတဲ့ ၃ ဦးနဲ့ ပတ်သက်ပြီး စစ်ဆေးဖို့အတွက် ရမန် ယူတာပေါ့။ ရုံးချိန်းကိုတော့ လာမယ့် ၁၈ နေ့ကို ပြန်ချိန်းလိုက်တယ်”ဟု သုဝဏ္ဏနယ်မြေရဲစခန်းမှ ရဲအရာရှိက ပြောသည်။

သေဆုံးသူ အောင်ရဲထွေးအား ရိုက်နှက်ခဲ့သူများဖြစ်သည့် သန်းထွဋ်အောင်(ခ)သားကြီး၊ ကျော်ဇောဟန်(ခ) ကျော်ဇောနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးဆိုသူတို့ကို ဇန်နဝါရီလ ၄ ရက်နေ့တွင် ၄င်းတို့ မိဘများက သင်္ကန်းမြို့နယ်၊ သုဝဏ္ဏ နယ်မြေရဲစခန်းတွင် လာရောက်အပ်နှံခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ သန်းထွဋ်အောင်(ခ)သားကြီး၏ ထွက်ဆိုချက်အရ ကမာရွတ်မြို့နယ်၊ လှည်းတန်းနေ ပြည့်ဖြိုးအောင် (ခ) အောင်လေး နှင့် သင်္ဃန်းကျွန်းမြို့နယ်နေကျော်ဇော်ဟန်(ခ) ကျော်ဇော်တို့ အတူ ပါဝင်ခဲ့ကြောင်း ၊ ၎င်းတို့ (၃)ဦးမှာ ဇန်နဝါရီလ ၁ ရက်နေ့နံနက် ၃ နာရီအချိန်ခန့်က The One Entertainment ဝင်းတွင် ပြုလုပ်သော The Space ပါတီပွဲသို့ ရောက်ရှိစဉ် VVIP စင်ပေါ်၌ ကခုန်နေသည့် အမျိုးသားမှာ ယခင်က ခိုက်ရန် ဖြစ်ခဲ့ဖူးသူ တစ်ဦးဖြစ်ကြောင်း သိရပြီး ဒေါသဖြစ်ကာ စင်ပေါ်သို့ တက်၍ ၎င်း တို့သုံးဦးမှ ဝိုင်းဝန်းထိုးကြိတ်ခြေထောက်ဖြင့် ကန်ကြောက်ခဲ့သဖြင့် အဆိုပါအမျိုးသားမှာ လဲကျသွားကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့က The One Entertainment ဝင်း၌ ပြုလုပ်သည့် ပါတီပွဲတွင် ခိုက်ရန်ဖြစ် ပွားခဲ့ရာ သူငယ်ချင်းဖြစ်သူ မပွင့်ကေခိုင် (ခ) ပိုးပိုး၏ ပြောပြချက်အရ နံနက် ၄ နာရီအချိန်က ၎င်းနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ The One Entertainment ဝင်းသို့ရောက်ရှိစဉ် ယခင်က ရဲထွေးအောင်(ခ) အောင်ရဲထွေးနှင့် ခိုက်ရနြ်ဖစ်ခဲ့ဖူးသော အမည်မသိအမျိုးသားနှင့် အပေါင်းအပါများက ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြ သဖြင့် ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

ရဲထွေးအောင် (ခ) အောင်ရဲထွေးသည် ဒဏ်ရာများရရှိသဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသခဲ့ရာမှ ဇန်နဝါရီလ ၂ ရက်၊ ၂ နာရီ၊ ၃၅ အချိန်တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် သန်းထွဋ်အောင်(ခ)သားကြီးအပါအဝင် ၃ ဦးအား သုဝဏ္ဏနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ- ၃ဝ၂/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။ ရဲထွေးအောင်(ခ)အောင်ရဲထွေးသည် အသက် ၂၄ နှစ်အရွယ်ရှိပြီး ဟာသဗီဒီယိုများဖြင့် ဖေ့ဘွတ်ခ်ပေါ်တွင် လူသိများလာရာမှ လက်ရှိတွင် ရုပ်ရှင်ကားများပါ ရိုက်ကူးနေသောသူတစ်ဦးလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required