Game of Thrones စီးရီး၏ နောက်ဆုံးအတွဲကို ၂၀၁၉ ခုနှစ်မှသာ ထုတ်လွှင့်ပြသမည်

Game of Thrones စီးရီး၏ နောက်ဆုံးအတွဲကို ၂၀၁၉ ခုနှစ်မှသာ ထုတ်လွှင့်ပြသမည်

 

ကမ္ဘာတစ်ဝန်းမှ တစ်ခဲနက်အားပေးသော နာမည်ကြီးဇာတ်လမ်းတွဲ Game of Thrones ၏ ဇာတ်သိမ်းပိုင်း အတွဲကို ၂၀၁၉ ခုနှစ်မှသာ စတင်ထုတ်လွှင့်သွားရန် စီစဉ်ထားသောကြောင့် ပရိသတ်များအနေဖြင့် နောက်ထပ် တစ်နှစ်ကျော်ခန့် ထပ်မံစောင့်ဆိုင်းရတော့မည်ဖြစ်သည်။

လက်ရှိအချိန်ထိ ရ တွဲခန့်ထွက်ရှိထားပြီးပြီဖြစ်သော Game of Thrones ဇာတ်လမ်းတွဲကို ထုတ်လွှင့်နေသည့် HBO ရုပ်သံလိုင်းက ယင်းစီးရီး၏ ဇာတ်သိမ်းပိုင်းအတွဲကို လာမည့် ၂၀၁၉ ခုနှစ်မှသာ ထုတ်လွှင့်မည်ဟု ကြာသာပတေးနေ့က ကြေညာခဲ့ပြီး ၆ ပိုင်းခန့်ပါရှိမည်ဟု သိရသည်။ သို့သော်လည်း ထွက်ရှိမည့် လအတိအကျ ကိုမူ ကြေညာခြင်းမရှိသေးကြောင်း သိရသည်။

HBO ရုပ်သံလိုင်း၏ လူကြည့်အများဆုံးဖြစ်သော ယင်းစီးရီးသည် အမေရိကန်ပြည်ထောင်စု၌ ကြည့်ရှုသူ သန်း၃၀ခန့်အထိရှိပြီး ကမ္ဘာတစ်ဝန်းမှလည်း ကြည့်ရှုသူ သန်းပေါင်းများစွာရရှိထားသည်။

Emmy ဆုဆွတ်ခူးထားသော Game of Thrones စီးရီး၏ ဇာတ်သိမ်းပိုင်းအတွဲကို ပြီးခဲ့သော အောက်တိုဘာလ ကတည်းက ရိုက်ကူးနေခဲ့ပြီး ၂၀၁၈ နှစ်လယ်လောက်တွင် အားလုံးပြီးစီးရန် မျှော်မှန်းထားသည်။

HBO ၏အကြီးအကဲဖြစ်သူ ကေစီဘလွိုင်းစ်က ယင်းစီးရီး၏ အဆုံးသတ်ကို ပုံစံအမျိုးမျိုးဖြင့်ရိုက်ကူးမည်ဖြစ်ပြီး ပေါက်ကြားမှုများ၊ ဟတ်ခံရမှုများကို ရှောင်လွှဲနိုင်ရန်ဖြစ်သည်ဟု ဆိုခဲ့သည်။ ယင်းစီးရီး၏ နောက်ဆုံးအတွဲကို ဒါရိုက်တာ Benioff နှင့် Weiss တို့ ပါ၀င်ရိုက်ကူးမည်ဟု သိရသည်။

အပိုင်း ရ တွဲပါ၀င်သော Game of Thrones စီးရီး၏ ရ တွဲမြောက်ကို လွန်ခဲ့သော ၂၀၁၇ ခုနှစ် ဇူလိုင်လမှ သြဂုတ်လအထိ ထုတ်လွှင့်ပြသခဲ့ပြီး အပိုင်းတစ်ပိုင်းကို အမေရိကန်ပြည်ထောင်စုတစ်ခုတည်းထဲ၌ပင် ကြည့်ရှု သူ သန်း ၃၀ ကျော်အထိရှိခဲ့ကြောင်း သိရသည်။

Ref: Reuters

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly