မန္တလေးတွင် နှစ်သစ်ကူးည၌ မှုခင်းဖြစ်ပွားမှုနှင့်သေဆုံးမှုမရှိဟု ခရိုင်ရဲတပ်ဖွဲ့မှူးဆို

မန္တလေးတွင် နှစ်သစ်ကူးည၌ မှုခင်းဖြစ်ပွားမှုနှင့်သေဆုံးမှုမရှိဟု ခရိုင်ရဲတပ်ဖွဲ့မှူးဆို

 

မန္တလေး၊ဇန်နဝါရီ ၅ ။          ။ မန္တလေးမြို့တွင် နှစ်သစ်ကူးညက အမှုအခင်းဖြစ်ပွားမှုနှင့်လူသေဆုံးမှုမရှိခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမျိုးအောင်က ပြောသည်။

"ဖြစ်ပွားနိုင်တဲ့ လူစည်ကားတဲ့နေရာ လေးနေရာဖြစ်တဲ့ ကျံုးဘေး၊ကန်တော်ကြီး၊တံခွန်တိုင်အဝိုင်းနဲ့မနော်ရမ္မံဥယျာဉ်ဘက်တွေမှာ လုံခြံုရေးအပြည့်အဝယူပြီး ဆောင်ရွက်ခဲ့တယ်။အဲလိုလုပ်ဖို့အတွက် အစီအမံတွေကိုလည်း နယ်/လုံကြီး ဆီကို ကြိုပြီးတင်ခဲ့တယ်။ဘာမှကြီးကြီးမားမား ဖြစ်တာမရှိခဲ့ပါဘူး။"ဟု ဒုရဲမှူးကြီး မျိုးအောင်ကပြောသည်။

အဆိုပါ နှစ်သစ်ကူးညက ယာဉ်တိုက်မှုနှစ်ခုနှင့်အနည်းငယ်ထိခိုက်ဒဏ်ရာ ရရှိသူ တစ်ဦးသာ ရှိခဲ့သည်ဟု ဒုရဲမှူးကြီး မျိုးအောင်ကဆိုသည်။

၂၀၁၈ခုနှစ်၊နှစ်သစ်ကူးညတွင် ယာဉ်မတော်တဆဖြစ်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရကာ ဆေးရုံတက်ရောက်သူ ၆၁ဦးရှိပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၄ဦးရှိကြောင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးဌာနမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required