ငြိမ်းချမ်းရေး လုပ်ငန်းများ ပြန်လည် သုံုးသပ်ရန် UNFC အရေးပေါ် တိုးချဲ့အစည်းအဝေး ကျင်းပမည်

ငြိမ်းချမ်းရေး လုပ်ငန်းများ ပြန်လည် သုံုးသပ်ရန် UNFC အရေးပေါ် တိုးချဲ့အစည်းအဝေး ကျင်းပမည်

ချင်းမုုိင်(မဇ္စိိျမ)၊ ဇန်နဝါရီလ ၄။           ။ ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)က တစ်နုုိင်ငံလုံုး ပစ်ခတ် တုုိက်ခုုိက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထုုိးနုုိင်ရေးအတွက် တွေ့ဆုံုဆွေးနွေးမှုများ ပြန်လည် သုံုးသပ်ရန် ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့တွင် အစည်းအဝေး ကျင်းပမည် ဖြစ်သည်။

ဇန်နဝါရီလ ၆ ရက်မှ ၈ ရက်ထိ သုံုးရက်ကြာ ကျင်းပမည် ဖြစ်ပြီး အဓိကအားဖြင့် အစုုိးရနှင့် UNFC အကြား ပိတ်ဆုုိ့နေသော အချက်များကုုိ သုံုးသပ်ကြမည် ဖြစ်ကြောင်း UNFC ဥက္ကဋ္ဌ နုုိင်ဟံသာက ပြောသည်။

“UNFC တုုိးချဲ့ အစည်းအဝေးပါ။ အခြေအနေ NCA ကိစ္စတွေကို ဆွေးနွေးဖုုိ့ပါ။ လက်မှတ်ထုုိးဖုုိ့၊ မထုုိးဖုုိ့ နည်းနည်းတော့ ဆွေးနွေးမှာပေါ့။ ငြိမ်းချမ်းရေး လုုပ်ငန်းစဉ်တွေပေါ့။ ကနေ့ ပိတ်ဆုုိ့နေတဲ့ကိစ္စတွေကုုိပဲ ဆွေးနွေးမှာပါ”ဟုု သူက မဇ္စျိမကုုိ ပြောသည်။

၁၇ လကြာ အစုုိးရနှင့် UNFC မှ နုုိင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကုုိယ်စားလှယ်အဖွဲ့ (DPN)တုုိ့ တွေ့ဆုံုဆွေးနွေးမှု တွင် DPN မှ အဆုုိပြုသော အချက် ၈ ချက်ထဲမှ တချို့အချက်များ သဘောတူညီမှု မရသေးသဖြင့် NCA လက်မှတ် မထုုိးနုုိင်သေးဘဲ တွေ့ဆုံုဆွေးနွေးမှုများ ရပ်ဆုုိင်းခဲ့သည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့က ရန်ကုုန်မြို့ NRPC ရုံုးတွင် နဝမအကြိမ်မြောက် တရားဝင် တွေ့ဆုံုရန် ရှိသော်လည်း တရားဝင် တွေ့ဆုံုနုုိင်ခြင်း မရှိဘဲ နဝမအကြိမ်မြောက် အစည်းအဝေးအစား ရန်ကုုန်မြိို့ တစ်နေရာတွင် ပြုလုုပ်ခဲ့သည်။

ထုုိအစည်းအဝေး ရလဒ်အဖြစ် နုုိင်ငံတော် အတုုိင်ပင်ခံ ပုုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တုုိ့နှင့် UNFC ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံု၍ ကျန်ရှိနေသော ဆွေးနွေးရန် အချက်များကုုိ နှစ်ဘက်မှ ညှိနှိုင်း အဖြေရှာနုုိင် ရန်အတွက် DPN မှ ကြိုးပမ်းလျက်ရှိကြောင်း UNFC ဒီဇင်ဘာလ ၁၁ ရက်က ထုုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly