နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်နေကြောင်း တရုတ်သမ္မတမှ ပေးပို့သော လွတ်လပ်ရေးနေ့သဝဏ်လွှာတွင် ဖော်ပြထား

နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်နေကြောင်း တရုတ်သမ္မတမှ ပေးပို့သော လွတ်လပ်ရေးနေ့သဝဏ်လွှာတွင် ဖော်ပြထား
Photo-AFP

ယနေ့ ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်သော မြန်မာနိုင်ငံ၏ နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့အတွက် တရုတ်နိုင်ငံ နိုင်ငံတော်သမ္မတ Mr. Xi Jinping က မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံသို့ ဝမ်းမြောက်ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး တရုတ်နှင့် မြန်မာအကြား ဆက်ဆံရေးတိုးတက်လျှက်ရှိ ကြောင်း ဖော်ပြပါရှိသည်။

ပေကျင်းမြို့မှ ပေးပို့သော အဆိုပါ သဝဏ်လွှာတွင် တရုတ်-မြန်မာဆက်ဆံရေးသည် ကောင်းမွန်စွာ၊ တည်ငြိမ်စွာဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး  ယမန်နှစ်က တရုတ်-မြန်မာဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ပေးခြင်းနှင့် ပတ်သက်၍ အရေးကြီးသည့် သဘောတူညီမှုအသစ်များ ရရှိခဲ့ကြပါကြောင်း၊ တရုတ်-မြန်မာဆက်ဆံရေးကို အင်မတန်မှ အလေးထားပါကြောင်း ပါရှိသည်။

ထို့ပြင် လွန်ခဲ့သော (၁) နှစ်အတွင်းတွင် မြန်မာအစိုးရ၏ ဦးဆောင်မှုအောက်၌ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ် တွန်းအားပေးခြင်း၊   ပြည်ပ နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ခြင်းအစရှိသည့်နယ်ပယ်များတွင် အရေးပါသော အောင်မြင်မှုများ ရရှိခဲ့၍ တရုတ်အစိုးရဘက်မှ ၀မ်းမြောက်ပါကြောင်း ဖော်ပြပါရှိသည်။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ နံနက် ၄ နာရီ မိနစ် ၂၀ တွင် မြန်မာနိုင်ငံသည် အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေး ရရှိခဲ့ပြီး ယခု ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် နှစ် ရ၀ ပြည့်မြောက်ပြီ ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့လည်း တရုတ် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် Mr. Li Keqiang က  မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required