အီရန်ဆန္ဒပြပွဲများကို အစိုးရထောက်ခံသူများက ရှုတ်ချကာ တန်ပြန်ဆန္ဒပြ

အီရန်ဆန္ဒပြပွဲများကို အစိုးရထောက်ခံသူများက ရှုတ်ချကာ တန်ပြန်ဆန္ဒပြ

တီဟီရန်၊ ဇန်နဝါရီ ၄ ။           ။ အီရန်အစိုးရ၏ စီးပွားရေးပေါ်လစီများအပေါ် ဆန့်ကျင်ကာ ဖြစ်ပွားပေါ်ပေါက်နေသော ဆန္ဒပြမှုများကို ရှုတ်ချကာ အစိုးရထောက်ခံသူ ထောင်ပေါင်းများစွာက ဇန်နဝါရီ ၃ ရက်တွင် စုရုံးချီတက်ကာ တန်ပြန်ဆန္ဒပြကြသည်။

နိုင်ငံတော်က ကြီးမှူးကျင်းပသော ယခုတန်ပြန်ဆန္ဒပြမှုကို အီရန်ရှိ မြို့များစွာတွင် ဆင်နွှဲခြင်းဖြစ်သည်။ ဘာသာရေးခေါင်းဆောင် ခိုမေနီ၏ ပိုစတာများနှင့် အီရန်အလံများကို အမျိုးသားနှင့် အမျိုးသမီးများပါ ကိုင်ဆောင်ကာ ဆန္ဒပြမှုများကိုလည်း မြင်တွေ့ရသည်။

မြို့တော် တီဟီရန်သည် အစိုးရဆန့်ကျင်ဆန္ဒပြမှုများ မရှိတော့၍ ဇန်နဝါရီ ၂ ရက် နောက်ပိုင်း ပုံမှန်ပြန်ဖြစ်ပြီဖြစ်ကြောင်း အစိုးရအာဘော်တစ်ပိုင်း Fars သတင်းဌာနက ကြေညာသည်။

ရဲအင်အား ဖြန့်ကြက်ထားခြင်း မရှိသကဲ့သို့ လမ်းများတွင် အရောင်းအဝယ်မပျက် ပုံမှန်ပြန်ဖြစ်လာပြီဖြစ်သည်။

စားသောက်ကုန်စည် စျေးတက်ခြင်းနှင့် အကျင့်ပျက်ခြစားမှုများကို ဆန့်ကျင်ကာ အစိုးရဆန့်ကျင်ဆန္ဒပြမှုများက ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်တွင် မာရှာမြို့တွင် စတင်ဖြစ်ပွားကာ နိုင်ငံ၏ အခြားမြို့များသို့ ပျံ့နှံ့သွားခြင်း ဖြစ်သည်။

လုံခြံုရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့မှုများ ရှိခဲ့ရာမှ အနည်းဆုံး လူ ၂၀ ကျော် သေဆုံးပြီး တစ်ထောင်ကျော်ထက်မနည်း ဖမ်းဆီးခံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required