နှင်းဆီအဖွဲ့သားတွေ၏ ၂ ရက်ကြာ ကျင်းပမည့် နှင်းဆီနယ်နိမိတ် အငြိမ့်ဖျော်ဖြေပွဲ

နှင်းဆီအဖွဲ့သားတွေ၏ ၂ ရက်ကြာ ကျင်းပမည့် နှင်းဆီနယ်နိမိတ် အငြိမ့်ဖျော်ဖြေပွဲ

 

ရန်ကုန် ၊ ဇန်နဝါရီ ၃ ။                ။ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) စီစဉ်သည့် နှင်းဆီအငြိမ့် အဖွဲ့မှ နှင်းဆီနယ်နိမိတ် အမည်ဖြင့် ဇန်နဝါရီ ၁၉ရက် နှင့် ၂၀ရက် နှစ်ရက်တိုင်တိုင် ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

နှင်းဆီအငြိမ့် အဖွဲ့မှ တော်ဝင်နှစ်သစ်နှင်းဆီ ဟု အမည်ပေးထားသည့် အငြိမ့်ဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၃၀ ရက်တွင် ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒင်း ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပြီး ယခုအခါတွင် ထပ်မံ ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တော်ဝင်နှစ်သစ်နှင်းဆီ အငြိမ့်တွင် မင်းသမီးများအနေဖြင့် သရုပ်ဆောင် မိုးပြည့်ပြည့်မောင်၊ ဖူးစုံ ၊ မေကဗျာ ၊ မိုးယုစံ တို့က ပါ၀င်တင်ဆက် ပေးကြမည် ဖြစ်ပြီး လူရွှင်တော်များအနေဖြင့် သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗိုလ် ၊ မင်းမော်ကွန်း ၊ ထွန်းထွန်း ၊ ရဲလေး တို့က တင်ဆက်ပေးကြမည် ဖြစ်သည်။

နှင်းဆီအငြိမ့်အဖွဲ့သည် အတွဲညီညီ ဖျော်ဖြေတင်ဆက်မှုများကြောင့် ပရိသတ် အားပေးမှုများစွာ ရရှိထားသည့် အဖွဲ့တစ်ခုလည်း ဖြစ်သလို ပြည်တွင်း အပြင် ပြည်ပ နိုင်ငံများအထိပါ သွားရောက် ကပြခဲ့သည့် အငြိမ့်အဖွဲ့ တစ်ခုလည်းဖြစ်သည်။

၂ရက်ကြာ ကျင်းပပြုလုပ်မည့် နှင်းဆီနယ်နိမိတ် အငြိမ့်ဖျော်ဖြေပွဲ လက်မှတ်များကို မကြာမီ ရောင်းချတော့မည် ဖြစ်ပြီး VIP ၊ ၅သောင်းကျပ် ၊ ၃သောင်းကျပ် ၊ ၁သောင်းကျပ် နှင့် VVIP လက်မှတ် အတွက် ၁သိန်းကျပ် ဆိုပြီး သတ်မှတ်ထားသည်။

နှင်းဆီနယ်နိမိတ် အငြိမ့်ဖျော်ဖြေပွဲ လက်မှတ်များကို မန်းသီရိ တေးသံသွင်း ၊ တော်ဝင်စင်တာ ၊ A&T မုန့်တိုက်(ဓမ္မစေတီလမ်း) ၊ NOBODY (Yankin Center) ဆိုင် ၊ Country Home Café & Salon တို့တွင် ၀ယ်ယူ ရရှိနိုင်မည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly