ချစ်သူနှင့် စေ့စပ်လိုက်ပြီဖြစ်သည့် မော်ဒယ်မင်းသမီး ပဲရစ်ဟီလ်တန်

ချစ်သူနှင့် စေ့စပ်လိုက်ပြီဖြစ်သည့် မော်ဒယ်မင်းသမီး ပဲရစ်ဟီလ်တန်

ရုပ်သံကြယ်ပွင့်တစ်ဦးဖြစ်သလို နာမည်ကျော်မော်ဒယ်မင်းသမီးတစ်ဦးဖြစ်သည့် ပဲရစ်ဟီလ်တန်က သူမသည် မင်းသားတစ်ဦးလည်းဖြစ်၊ မော်ဒယ်တစ်ဦးလည်းဖြစ်သော ခရစ္စဇီလ်ကာနှင့် စေ့စပ်လိုက်ပြီဟု ဖွင့််ဟပြောဆိုခဲ့ သည်။

ချစ်သူအဖြစ် လက်တွဲနေသည်မှာ ၂ နှစ်ခန့်ရှိဖြစ်သော ဟီလ်တန်နှင့် ဇီလ်ကာတို့သည် ပြီးခဲ့သောပိတ်ရက်က စကိတ်စီးခရီးထွက်ကြစဉ်၌ စေ့စပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဟီလ်တန်သည် သူမ၏တွစ်တာအကောင့်၌ စေ့စပ်လက်စွပ်ပုံကြီးကို တင်ခဲ့ပြီး “ကျမဘယ်တုန်းကမှ ဒီလိုမျိုး မပျော်ဖူးခဲ့၊ လုံခြံုတယ်လို့မခံစားခဲ့၊ မချစ်မိခဲ့ဖူးပါဘူး။ ဒါပေမယ့် သူကတော့ ကျမအတွက် အရမ်းကို ပြည့်စုံလွန်း နေပြီးတော့ နတ်သမီးပုံပြင်တွေဟာ တကယ်ရှိတယ်ဆိုတာကို သူက ကျမကို ပြသနိုင်ခဲ့ပါတယ်” ဟု ရေးသားခဲ့ သည်။

သူတို့စုံတွဲသည် အက်စ်ပန်နှင့် ကော်လိုရာဒိုတို့သို့ ခရီးထွက်ခွာနေခဲ့ပြီး ဇီလ်ကာသည် ဟီလ်တန်ရှေ့တွင် ဒူးညွတ်ကာ ချစ်ခွင့်ပန်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်ဒရာမာဇာတ်လမ်းတွဲ The Leftovers ၏ ကြယ်ပွင့်တစ်ဦးဖြစ်သော ဇီလ်ကာသည် လွန်ခဲ့သော ၈ နှဏ်အကြာက ဟီလ်တန်နှင့် စတင်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဒါ့အပြင် ဟီလ်တန်က သူမ၏စေ့စပ်လက်စွပ်သည် အလွန်ကိုလှပပြီး တဖျတ်ဖျတ်တောက်ပနေကြောင်း အမေရိကန်မဂ္ဂဇင်းတစ်ခုဖြစ်သော People သို့ ၀ံ့ကြွားစွာပြောဆိုခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required