သရုပ်ဆောင်အောင်ရဲထွေးကို သတ်ခဲ့သူများ ဖမ်းမမိသေးဟု ပြည်ထဲရေးထုတ်ပြန်

သရုပ်ဆောင်အောင်ရဲထွေးကို သတ်ခဲ့သူများ ဖမ်းမမိသေးဟု ပြည်ထဲရေးထုတ်ပြန်
ဓာတ်ပုံ - သက်ကို

 

 ဇန်နဝါရီ ၃ ။                    ။ ဟာသရုပ်သံအတိုများဖြင့် အွန်လိုင်းတွင် လူကြိုက်များခဲ့သော သရုပ်ဆောင်အောင်ရဲထွေးအား သတ်ခဲ့သူများကို ဖမ်းမမိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့နေ့လည်ပိုင်းတွင် သတင်းထုတ်ပြန်သည်။ လူသတ်မှုကျူးလွန်ခဲ့သူအရေအတွက်မှာ လတ်တလော(၅)ဦးဟု ပြည်ထဲရေးဝန်ကြီးဌာနက ဖေါ်ပြထားပြီး အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးပေ။

ဇန်နဝါရီလ ၁ ရက်နေ့ အစောပိုင်းတွင် ရဲထွေးအောင်(ခ)အောင်ရဲထွေး (၂၄)နှစ်နှင့် ရည်းစားဖြစ်သူ တို့သည် သင်္ဃန်ကျွန်းမြို့နယ်၊ ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment ဝင်းအတွင်း ကျင်းပသော ပါတီပွဲသို့ ရောက်ရှိစဉ် လွန်ခဲ့သည့် ၄ ရက်ခန့်က ခိုက်ရန်ဖြစ်ခဲ့ဖူးသူ အမျိုးသား ၅ ဦး(စိစစ်ဆဲ)နှင့် တွေ့ဆုံခဲ့ရာ ၎င်းတို့က ရဲထွေးအောင်အား ဝိုင်းဝန်းထိုးကြိတ်ခဲ့၍ ဦးခေါင်းတွင် ဒဏ်ရာများ(စိုးရိမ်ရ)ရရှိသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ပြီး နောက် သေဆုံးသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

လူသတ်မှုကျူးလွန်သူများကို ဖမ်းမိခြင်းမမိခြင်းနှင့်ပတ်သက်ပြီး မီဒီယာဖေါ်ပြချက်များတွင်လည်း ရှုပ်ထွေးကွဲပြားနေသည်ကို တွေ့ရသည်။ မတူညီသည့် ရဲတပ်ဖွဲ့ သတင်းအရင်းအမြစ်နှစ်ခုကိုကိုးကား၍ ဖမ်းမိပြီဟု မီဒီယာတစ်ခုက ဖေါ်ပြခဲ့ ပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာနက ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly