ပီရူး၌ ဘတ်စ်ကားမတော်တဆဖြစ်မှုကြောင့် လူ ၄၈ ဦးထက်မနည်းသေဆုံးပြီး ၆ ဦးဒဏ်ရာရ

ပီရူး၌ ဘတ်စ်ကားမတော်တဆဖြစ်မှုကြောင့် လူ ၄၈ ဦးထက်မနည်းသေဆုံးပြီး ၆ ဦးဒဏ်ရာရ

 

လီမာ၊ ဇန်နဝါရီ ၃ ။                ။ ပီရူးနိုင်ငံမြို့တော် လီမာမြို့မြောက်ပိုင်းအရပ်ရှိ ပစိဖိတ်သမုဒ္ဒရာအနီးမှ အဝေးပြေးလမ်းမပေါ်၌ အင်္ဂါနေ့က ဘတ်စ်ကားမတော်တဆဖြစ်မှုကြောင့် လူပေါင်း ၄၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

ခရီးသည်များကို သယ်ဆောင်လာသော ဘတ်စ်ကားသည် အဝေးပြေးလမ်းမပေါ်မှနေ၍ ကမ်းပါးအောက်သို့ ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများ၏အဆိုအရ သိရသည်။

ပီရူးရဲတပ်ဖွဲ့၏အဆိုအရ ယင်းမတော်တဆဖြစ်ရပ်ကြောင့် ယခုအချိန်ထိသေဆုံးသူ ၄၈ ဦးထက်မနည်းှရှိခဲ့ ကြောင်း သိရသည်။

အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ရန်အတွက် ကယ်ဆယ်ရေးလုပ်သားများသည် တစ်နေကုန်ကြိုးပမ်း နေခဲ့ပြီး ကမ်းပါးအောက်သို့ ဒီရေများမတက်ရောက်လာမီတွင် အလောင်းများကို သယ်ထုတ်နိုင်ရန်အတွက် လည်း အပူတပြင်းကြိုးပမ်းလျက်ရှိသည်။

မီးသတ်တပ်ဖွဲ့၏အကြီးအကဲဖြစ်သူ လူးဝစ်မီဂျီယာက အလောင်းများသည် ပျက်စီးနေသော ဘတ်စ်ကားထဲ၌ ရှိနေဆဲဖြစ်ပြီး အားလုံးကို သယ်ထုတ်နိုင်ရန် ကြိုးပမ်းနေကြောင်း သတင်းဌာနများသို့ ပြောခဲ့သည်။

ယင်းမတော်တဆဖြစ်ရပ်သည် လီမာမြို့မှ ၄၅ မိုင်ခန့်ကွာဝေးသော ပန်အမေရိကန်အဝေးပြေးလမ်းပေါ်မှ သမုဒ္ဒရာကြီးကို ကြည့်ရှုနိုင်သည့် “မရဏကွေ့” ဟု ကျော်ကြားသော နေရာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဝေးပြေးလမ်း ကင်းတပ်ဖွဲ့မှ အကြီးအကဲဖြစ်သူ ဒီနိုအက်ကူဒါရိုက ခရီးသည် ၅၇ ဦးကို သယ်ဆောင်လာသော ယင်းဘတ်စ်ကားသည် မြောက်ပိုင်းမြို့ ဟူအာအူရာမြို့မှနေ၍ မြို့တော်လီမာသို့ ဦးတည်ထွက်ခွာလာခြင်းဖြစ် သည်ဟု ဆိုခဲ့သည်။

ယင်းဘတ်စ်ကားသည် နောက်တွဲပါကုန်တင်ယာဉ်နှင့် တိုက်မိခဲ့ချိန်တွင် လည်ထွက်သွားခဲ့ပြီး ကမ်းပါးအောက် သို့ ပြုတ်ကျသွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required