ထီးနန်းမစွန့်ခင် ပြည်သူနှင့် တွေ့ဆုံမှုတစ်ရပ်အဖြစ် နှစ်သစ်ကူးအခမ်းအနားသို့ ဂျပန်ဧကရာဇ် တက်ရောက်

ထီးနန်းမစွန့်ခင် ပြည်သူနှင့် တွေ့ဆုံမှုတစ်ရပ်အဖြစ် နှစ်သစ်ကူးအခမ်းအနားသို့ ဂျပန်ဧကရာဇ် တက်ရောက်

 

တိုကျို၊ ဇန်နဝါရီ  ၃ ။               ။ ဂျပန်နိုင်ငံတွင် ဧကရာဇ်နန်းတော်ရာ၌ ဇန်နဝါရီ ၂ ရက်နေ့က ကျင်းပသော နှစ်သစ်ကူးအခမ်းအနားသို့ ဂျပန်ဧကရာဇ်ဘုရင်သည် မိသားစုနှင့်အတူ တက်ရောက်ခဲ့သည်။

ဂျပန်ဘုရင်ကြီးအနေဖြင့် ယခုအခမ်းအနားသို့ တက်ရောက်လာခြင်းသည် ၂၀၁၉ ခုနှစ် ထီးနန်းမစွန့့်ခင် အချိန်အတောအတွင်း ပြည်သူနှင့် နောက်ဆုံးထိတွေ့မှုများမှ တစ်ခုလည်းပဲ ဖြစ်သည်။

သက်တော် ၈၄ နှစ်ရှိ ဘုရင်ကြီး အကီဟီတိုနှင့် မိဖုရား မီချီကိုတို့့နှင့်အတူ တော်ဝင်မိသားစုများ နှစ်သစ်ကူးအခမ်းအနားတွင် လာရောက်ကြည့်ရှုသူ ပြည်သူပေါင်း ထောင်ပေါင်းများစွာ ရှိသည်။

ဂျပန်ပြည်သူများနှင့်အတူ ကျန်ကမ္ဘာ့နိုင်ငံများက ပြည်သူများ ပျော်ရွှင်ချမ်းမြေ့စေကြောင့် ဘုရင်ကြီးက ဆုမွန်ကောင်းတောင်းသည်။

အဆိုပါ နှစ်သစ်ကူးအခမ်းအနားသို့ လာရောက်သူပေါင်းသည် ခုနစ်သောင်းနီးပါး ရှိကြောင်း ဧကရာဇ်နန်းတော်ရာက ထုတ်ပြန်သည်။

ဘုရင်ကြီး အကီဟီတိုအနေဖြင့် ၂၀၁၉ ဧပြီ ၃၀ ရက်တွင် ထီးနန်းစွန့်မည်ဖြစ်သည်။ နန်းစွန့်ရန် စိတ်ကူးရှိကြောင်း ကြေညာပြီး သုံးနှစ်ခန့်အကြာ ထီးနန့်စွန့်ခြင်း ဖြစ်သည်။

ဘုရင်ကြီး အကီဟီတိုအနေဖြင့် ထီးနန်းအား သားတော်ကြီး နာရူဟီတိုထံ ၂၀၁၉ မေ ၁ ရက်တွင် လွှဲပြောင်းမည်ဖြစ်ရာ ရာစုနှစ် နှစ်စုတာကာလအတွင်း ဂျပန်ဧကရာဇ်တစ်ပါး၏ သက်ရှိထင်ရှားကာလအတွင်း ထီးနန်းလွှဲပြောင်းမှုလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly