Camera စွမ်း ဆောင်ရည်ကောင်းကောင်းနဲ့ အမိုက်စား HUAWEI nova 2i Aurora Blue Edition

Camera စွမ်း ဆောင်ရည်ကောင်းကောင်းနဲ့ အမိုက်စား HUAWEI nova 2i Aurora Blue Edition

 

HUAWEI nova 2i ရဲ့ ဖုန်းမျက်နှာပြင် ကျယ်ကျယ်၊ ကင်မရာကောင်းကောင်းနှင့် ဒီဇိုင်းကလည်း ကျစ်လစ်ပြီး သတ္တု Body နှင့် ဖွဲ့စည်းထားတာတွေ့ရပါတယ်။ HUAWEI nova 2i ရဲ့ မျက်နှာပြင်ကို ကြီးမား တဲ့ 5.9 – inch နှင့် မြင်တွေ့နိုင်ပြီး အနားကွပ်မဲ့စွာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အနားကွပ်မဲ့ ဘောင်နဲ့ သင့်အား အမြင်ကို ရှင်းလင်းစေသလို screen size ကြီးမားတဲ့အတွက် သင့်ကြည့်ရှု့အသုံးပြုရတာ အထူးကောင်းမွန်မှာ သေချာပါတယ်။ စာဖတ်သူနားလည်အောင် ဘောင်ပျောက်နဲ့ ဖန်တီးထားပါတယ်။ ရုပ်ထွက်ကလည်း FHD + Resolution ကို အသုံးပြုထားတဲ့အတွက် အသုံးပြုသူကို ကြည်လင်ပြတ်သားစွာ တွေ့ရှိရမှာ မလွဲပင်ဖြစ်ပါတယ်။ သင် Social Mediaပဲသုံးသုံး၊ ရုပ်ရှင်ပဲကြည့်ကြည့်၊ စာပဲဖတ်ဖတ်၊ ဂိမ်းပဲကစား ကစား အကောင်းဆုံး ရုပ်ထွက်ကို ခံစားရမှာပါ။

ဖုန်းရဲ့ ကိုယ်ထည်ကို Full metal နဲ့ ဖွဲ့စည်းထားတဲ့အတွက် ကိုင်တွယ်ရာတွင် ကျစ်လစ်ပြီး အသုံးပြုလွယ်ကူစေပါတယ်.. ဖုန်းရဲ့ ကိုယ်ထည်ကို ကျစ်လစ်စွာ ဖွဲ့စည်းထားပြီး ကြီးမားတဲ့ Screen အရွယ်အစား 5.9 inch ကို အသုံးပြုထားတဲ့အတွက် Application နှစ်ခုကို တပြိုင်တည်း အသုံးပြုရင် အခက်အခဲမရှိနိုင်ပါဘူး။ Application နှစ်​ခုလို့​​ပြောတဲ့ split app ကို သင်​့ဖုန်​း screen ​ပေါ်မှာ တပြိုင်​ထဲအသုံးပြုနိုင်​ပါ​သေးတယ်​..တစ်​ခုက စာဖတ် တစ်​ခု က video ကြည်​့နိုင်​ပါ​သေးတယ်။  ပါးပြီး ပေါ့ပေါ့ပါးပါးရှိတဲ့အတွက် သယ်ဆောင်ရတာလွယ်ကူပြီး လက်ထဲက မချချင်လောက်အောင် ကောင်းလှပါ တယ်။ သင်ကိုင်လိုက်တာနဲ့  Premium ဆန်တယ်ဆိုတာ သိသိသာသာ ခံစားရမှာပါ။

ဘောင်များကို အနားကွပ်ထားခြင်း၊ သတ္တု Body ကို အပြည့်အဝ သုံးစွဲထားခြင်းကြောင့် လက်ထဲ တွင်ကိုင်လိုက်တာနဲ. အလိုက်သင့်ထိတွေ့ခံစားရမှာ သေချာပါတယ်။ ရိုးရှင်းပြီး ပေါ့ပါးတာဟာလဲ HUAWEI nova 2i ရဲ့ အားသာ ချက်ဖြစ်ပါတယ်။

HUAWEI nova 2i ရဲ့ Camera က ကမ္ဘာကြီးရွေ့လျားမှုများကို မပျက်ရိုက်ကူးနိုင်မှာ သေချာပါတယ်။ အံ့သြစရာကောင်းလှတဲ့ ကင်မရာ (၄)လုံးနှင့်အတူ ပွဲထွက်လာတဲ့ HUAWEI nova 2i က သင့်ရဲ့ မိသားစု၊ သူငယ်ချင်း၊ အပေါင်းအသင်းများနှင့် အမှတ်တရများကို လွယ်လွယ်ကူကူနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါအပြင် အရောင်အသွေး စုံလင်စွာ ရိုက်ကူးနိုင်ပြီး ကြည်လင်ပြတ်သားမှု အထူးကောင်းမွန်တာ တွေ့ရပါတယ်။

ကျောဘက်ကင်မရာကို 16 MP နှင့် 2 MP ကင်မရာတို့ ပေါင်းစပ်ထားတာတွေ့ရပါတယ်။ ရှေ့ကင်မရာကိုတော့ 13 MP နှင့် 2 MP ပေါင်းစပ်ထားပြီး ထူးခြားချက်အနေနှင့် ရှေ့မြင်ကွင်းကို ကျယ်ပြန့်စွာ ရိုက်ကူးနိုင်ပြီး Moving Picture Effect နဲ့လည်း ရိုက်ကူးနိုင်ပါတယ်။Moving picture effect ဆိုတာ က iphone မှာ ပါဝင်ခဲ့တဲ့ ရုပ်ပြောင် အရှင်များ၊ animation များကိုထည့်သွင်းပေးထားခြင်း   ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ ပုံ သူငယ်ချင်းများနဲ့ အတူ fun mode ပဲရိုက်ရိုက်၊ moving effect ပဲရိုက်ရိုက် သင့်ကို စိတ်ကျေနပ်မှုနဲ့အတူ ပျော်ရွှင်မှုကို ပေးစွမ်းမှာသေချာပါတယ်

HUAWEI nova 2i ရဲ့ ကင်မရာက Professional လို ရိုက်ကူးနိုင်ပါသေးတယ်။ လိုသလို အချိန်​အဆ များစွာဖြင်​့ သင်​့ရဲ့ အနုပညာ စိတ်​ကူးနဲ့ အလန်​းစား ပုံများကို ရိုက်​ကူးနိုင်​မှာ​သေချာပါတယ်​။ အသေးစိတ် ချိန်ညှိနိုင်ပြီး Bokeh effect နှင့် Portrait effect တို့ဖြင့် ရိုက်ကူးနိုင်မှုကြောင့် သင်စိတ်ကျေနပ်မှာ သေချာပါတယ်။ Bokeh effect ဆိုတာက ယခု​ခေတ်​စား​နေတဲ့ ရိုက်​ကူးနည်​းပဲဖြစ်​ပါတယ်​။ နောက်​ခံဝါးဝါးနဲ့ ကိုယ့်ရဲ့ပုံကို ပြတ်​သားစွာ ဖန်​တီးမှုပဲ ဖြစ်​ပါတယ်​။ Focusing ကောင်းမွန်ခြင်းတို့ကြောင့် အလင်းအမှောင်ကို လိုသလို ချိန်ညှိပြီး သဘာဝအလှတရားကို သဘာဝကျကျ ရိုက်ကူးနိုင်မှာပါ။

    HUAWEI Beauty 4.0 လို့ခေါ်တဲ့ အချက်က သင့်အား ပိုမိုလင်းလက် တောက်ပစွာ ရိုက်ကူးနိုင်ပြီး သင့်ရဲ့ မျက်နှာပြင်အား ကြည်လင်ပြတ်သားစွာ တွေ့ရမှာသေချာပါတယ်။ HUAWEI nova 2i မှာ ကြိုတင်ထည့်သွင်းထားတဲ့ Make-up effect များ၊ Fun Effect များကြောင့် သင့်အား ပျော်ရွှင်စေမှာပါ။ အပေါ်က ပြောခဲ့တဲ့ Moving effect ဆိုတာ ပုံတစ်ခုထဲ မဟုတ်ဘဲ ၂ စက္ကန့်စာ Movie များ ထည့်သွင်းပြီး ရုပ်သွင်အရှင်ဖြစ်အောင် ဖန်တီးပေးခြင်းဖြစ်ပါတယ်။ အချိန်ကာလ ရွေ့လျားမှုများက တန်ဖိုး ရှိလှပါတယ်။

HUAWEI nova 2i တွင် Kirin 659 Chipset အသုံးပြုပြီး 2.36 GHz ထိ စွမ်းဆောင်နိုင်ပြီး 4GB RAM ကို ထည့်သွင်းပေးထားတဲ့အတွက်  လုပ်ငန်းဆောင်တာများကို ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် အသုံးပြုနိုင်မှာပါ။ OS အနေနဲ့ Android 7 ကို အခြေခံထားတဲ့ Huawei ရဲ့ EMUI 5.1 OS ကို တွေ့မြင်ရပြီး ၎င်းရဲ့ Ultra Memory Features ကလည်း ကူညီပေးထားတဲ့အတွက် သင့်ရဲ့ လုပ်ငန်း Games များ ကစားခြင်းကို ချောချောမွေ့မွေ့ ဖြစ်စေမှာပါ။

HUAWEI nova 2i ရဲ့ ထူးခြားချက်က ၎င်းရဲ့ CPU Kirin ကြောင့် Battery ကို ပိုမိုသက်သာစေသလို EMUI ကလည်း Battery ကို အထူးသက်သာမှုနဲ့ ဖန်တီးထားတဲ့အတွက် Battery ပိုင်းလဲ ကောင်းမွန် လှပါတယ်။  3340 mAh ကို အသုံးပြုထားတဲ့အတွက် ပုံမှန်အသုံးပြုမှုအတွက် (၂)ရက်တိတိ ခံနိုင်ရည်ရှိပါ တယ်။ သင်ခရီးသွား တာဘဲဖြစ်ဖြစ် သင့်ဖုန်း battery တာရှည် ခံခြင်းကြောင့် ဖုန်းခနခန အားသွင်းတဲ့ဒုက္ခမှ ကင်းဝေးမှာသေချာပါတယ်။

ဖုန်းရဲ့ screen ပေါ်မှာ လက်ဆစ်ဖြင့် “S” ဆိုတဲ့ စာလုံးကို ရေးလိုက်ခြင်းဖြင့် Long Screen လို့ခေါ်တဲ့ သင့်ဖုန်းရဲ့ Screen တစ်ခုလုံးကိုမှတ်ထားပေးနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် မျက်နှာပြင်ကို လက်ဆစ်ဖြင့် (၂) ချက်ခေါက်ရုံဖြင့် Screenshot ရယူနိုင်မှာဖြစ်ပြီး လက်ဆစ် ၂ခုဖြင့် (၂) ချက်ခေါက်ရုံဖြင့် Screen Recording ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီ အချက်များဟာ Huawei ရဲ့ထူးခြားတဲ့ Gesture function ပဲဖြစ်​ပါတယ်​။ သင်​လိုချင်​တဲ့ အရာများကို ဖုန်​းခလုတ်များနှိပ်​ပြီး screenshot ဖမ်​းခြင်​းဒုက္ခမှ ကင်​း​ဝေးမှာ​သေချာပါတယ်​။ သင်​လိုချင်​တဲ့ စာပဲဖြစ်​ဖြစ်​၊ ဓာတ်ပုံပဲဖြစ်​ဖြစ်​ အလွယ်​တကူ ဖမ်​းယူနိုင်​မှာ​သေချာသလို အမြင်​လဲ ရိုးရှင်​းလွယ်​ကူစွာ လိုချင်​တာကို အမြန်​ဖမ်​းယူနိုင်​တဲ့အတွက်​ သင်​့ကို စိတ်​​ကျေနပ်​​စေမှာ​သေချာပါတယ ်​။

HUAWEI nova 2i ရဲ့ ထူးခြားတဲ့ Performance၊ Camera စွမ်းဆောင်ရည်များက Mid-range ဖုန်းများထဲတွင် အထူးကောင်းမွန်ပြီး ဖုန်းဝယ်ယူရာတွင် မဖြစ်မနေ စဉ်းစားရမှာဖြစ်ပါတယ်။

HUAWEI nova 2i စျေးနှုန်းနှင့် ဝယ်ယူရရှိနိုင်ခြင်း

HUAWEI nova 2i ကို (၃၃၉၀၀၀) ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး အရောင်အနေဖြင့် အနက်ရောင်၊ ရွှေရောင် နှင့် အပြာရောင်တို့ကို ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။ HUAWEI nova 2i ဝယ်ယူသူများအနေဖြင့် HUAWEI powerbank 5000mAh ကို လက်ဆောင်အနေဖြင့် ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် MPT သုံးစွဲသူများအနေဖြင့် လစဉ် ၅၀၀၀ ကျပ် ဖုန်းငွေဖြည့်ရုံဖြင့် အင်တာနက်အသုံးပြုရန် ၃၀၀၀ ကျပ် ကို ၁၂ လတိုင်တိုင်ရရှိနိုင််မည် ဖြစ်ပါသည်။

###

Huawei Consumer Business Group ဆိုသည်မှာ

Huawei ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို နိုင်ငံပေါင်း ၁၇၀ကျော်တွင် ရရှိလျက်ရှိပြီး ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံက သုံးစွဲလျက်ရှိသည်။ ၂၀၁၅ခုနှစ်တွင် စမတ်ဖုန်းတင်ပို့မှု၌ တတိယနေရာသို့ ရောက်ရှိခဲ့သည်။ အမေရိကန်၊ ဂျာမနီ၊ ဆွီဒင်၊ ရှရှား၊ အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့တွင် သုတေသနစင်တာပေါင်း (၁၅)ခုကို တည်ထောင်ထားပါသည်။ Huawei Consumer လုပ်ငန်းစုသည် Huawei ၏ လုပ်ငန်းစုကြီး သုံးခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး စမတ်ဖုန်း (Smartphones)၊ ကွန်ပြူတာနှင့် တက်ဘလက်များ (PC and tablets)၊ ဝတ်ဆင်နိုင်သော ကိရိယာများ (Wearables)၊ ကြိုးမဲ့အင်တာနက်ချိတ်ဆက်ရန် ရွေ့လျားကိရိယာများ (Mobile Broadband Devices)၊ အိမ်သုံးထုတ်ကုန် (Family Device) နှင့် အင်တာနက်သိုလှောင်ခြင်း ဝန်ဆောင်မှုထုတ်ကုန်များ (Device Cloud Service) တို့ကို ထုတ်လုပ်လျက်ရှိသည်။ Huawei သည် တယ်လီကွန်းနယ်ပယ်တွင် အနှစ် ၂၀ ကျော်သက်တမ်းရှိသော အတွေ့အကြံုများဖြင့် Huawei ၏ ကမ္ဘာ့ဆက်သွယ်ရေးကွန်ယက် အားသာချက်များ၊ ကမ္ဘာတစ်ဝှမ်း ဖြန့်ကျက်လုပ်ဆောင်နိုင်စွမ်းနှင့် ကမ္ဘာ့ပူးပေါင်းမှုများကို တည်ဆောက်ထားသည်။ Huawei Consumer BG သည် သုံးစွဲသူများကို နောက်ဆုံးနည်းပညာများဖြန့်ဝေပေးရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိလူအများကို အဆင့်မြင့်နည်းပညာများမှတဆင့် ပျော်ရွှင်မှုများကို မျှဝေပေးနိုင်ရန် နှစ်မြှုပ်ထားပါသည်။ ရှေ့ဆက်လျှောက်လှမ်းပြီး အိပ်မက်များအမှန်တကယ် ဖြစ်ပေါ်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

 

ထပ်မံသိရှိလိုပါက -

Huawei Mobile Myanmar Facebook Page –

https://www.facebook.com/HuaweiDeviceMyanmar

Website - http://consumer.huawei.com/mm

Instagram - https://www.instagram.com/huaweidevicemyanmar

Hotline: 01-9000900

 

Public Relations ဆက်သွယ်ရန်

Huawei Technologies (Yangon) Co., Ltd

မေဘရဏီဇော်

PR Manager

Device Business Department

[email protected]

09-799610280

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly