နှစ်သက်တမ်း ၂၇၀၀ ရှိ ဂျေရုဆလင်မြို့အုပ်၏ ဆီးလ်တံဆိပ်အား အစ္စရေး ဖော်ထုတ်တွေ့ရှိ

နှစ်သက်တမ်း ၂၇၀၀ ရှိ ဂျေရုဆလင်မြို့အုပ်၏ ဆီးလ်တံဆိပ်အား အစ္စရေး ဖော်ထုတ်တွေ့ရှိ

 

 

ဂျေရုဆလင်၊ ဇန်နဝါရီ ၂  ။                    ။ ဂျေရုဆလင်၏ သမ္မာကျမ်းလာ မြို့အုပ်တစ်ဦး ပိုင်ဆိုင်ခဲ့ဖွယ် ရှိသော ဟီဘရူးစာများနှင့် ပုံများပါ ရွံ့စေးဖြင့် ပြုလုပ်ထားသော နှစ် ၂၇၀၀ သက်တမ်းရှိ ဆီးလ်တံဆိပ်အား အစ္စရေးရှေးဟောင်းသုတေသနပညာရှင်များက ဇန်နဝါရီ ၁ ရက်တွင် ထုတ်ဖော်ပြသခဲ့သည်။

အနောက်ဖက်ကမ်းအနီး ဂျေရုဆလင်မြို့ဟောင်းက အဆောက်အအုံတစ်ခုတွင် ကြယ်သီးအဝိုင်းပုံ အဆိုပါ ဆီးလ်တံဆိပ်ကို တွေ့ရှိခြင်းဖြစ်ကာ သက်တမ်းအားဖြင့် ဘီစီ ခုနစ်ရာစုက ဖြစ်ကြောင်း အစ္စရေးရှေးဟောင်းသုတေသနအာဏာပိုင်အဖွဲ့က ပြောသည်။

အဆိုပါ ဆီးလ်တံဆိပ်တွင် ၀တ်ရုံရှည်ဝတ်ဆင် လူနှစ်ဦးက တစ်ဦးကို တစ်ဦး ယဉ်ကျေးပျူငှာသော အမူအရာဖြင့် မျက်နှာချင်းဆိုင် ရှိနေသည့် ပုံရိပ် သွန်းလုပ်ပါရှိသည်။

ထိုပုံရိပ်အောက်တွင် ဟီဘရူးစာဖြင့် ရေးသားထားသော စာတမ်းပါရှိကာ အဓိပ္ပာယ်အားဖြင့် “မြို့အုပ်” သို့မဟုတ် မြို့အုပ်ချုပ်ရေးမှူးဟု အနက်ရသည့် စာဖြစ်သည်။

“အလွန်တရာ ရှားရှားပါးပါး တွေ့ရှိရမှုပါပဲ။”ဟု သုတေသနတူးဖော်ရေးပညာရှင်ဖြစ်သည့် ရှလိုမစ်က ပြောသည်။

“ခုချိန်ထိ တွေ့ရှိသမျှမှာ အလွန်အရေးပါတဲ့ တွေ့ရှိမှုပါပဲ။ ဂျေရုဆလင်မြို့အုပ်နဲ့ ပတ်သက်ရင် သမ္မာကျမ်းလာအချက်တွေကိုပဲ ကျွန်မတို့ သိထားရတာဖြစ်တယ်။”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required