နှစ်သစ်အစတွင် ဟောင်ကောင်၌ တရုတ်ဆန့်ကျင််ရေး ထောင်ပေါင်းများစွာ ဆန္ဒပြ

နှစ်သစ်အစတွင် ဟောင်ကောင်၌ တရုတ်ဆန့်ကျင််ရေး ထောင်ပေါင်းများစွာ ဆန္ဒပြ

 

 

ဟောင်ကောင်၊ ဇန်နဝါရီ ၂ ။        ။ ၂၀၁၈ ခုနှစ်၏ အစ ဇန်နဝါရီ ၁ ရက်တွင် တရုတ်၏ ဖိနှိပ်မှုကို စိတ်ဆိုးဒေါသထွက်ကြသော ဆန္ဒပြသူများက ဟောင်ကောင်အနှံ့ ချီတက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

မြို့ရထားဘူတာရုံကို ပြည်မကြီးက ဥပဒေအောက် တရုတ်အာဏာပိုင်များက စီမံခန့်ခွဲမည်ဆိုပြီးနောက် ရက်ပိုင်းအတွင်း ယခုကဲ့သို့ ဆန္ဒပြလာကြခြင်း ဖြစ်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ဒေသရ ဟောင်ကောင်သည် ၁၉၉၇ တရုတ်လက်သို့ ဗြိတိန်က ပြန်အပ်ပြီးချိန်မှစကာ “တစ်နိုင်ငံ စနစ်နှစ်ရပ်”မူအောက်တွင် ထားရှိထားခြင်းဖြစ်သည်။

ပြည်ပကြီးတွင် မတွေ့ရသော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်သော တရားစီရင်ရေး စသည့် အခွင့်အရေးများကို ဟောင်ကောင်က ရရှိထားသည်။

သို့သော် ပြီးခဲ့သည့် ကာလများအတွင်း တရုတ်၏ ကျုးနင်းမှုများဖြင့် ဒီမိုကရေစီ ထောက်ခံလှုပ်ရှားသူများကို ထောင်ချခြင်းအပါအဝင် ဥပဒေစိုးမိုးမှုနှင့် ကိုယ်ပိုင်စီရင်ပိုင်ခွင့်တို့ လျော့ပါးလာနေခဲ့သည်။

ဇန်နဝါရီ ၁ ရက်က အင်အားထောင်ပေါင်းများစွာသော ဆန္ဒပြသူများတွင် ပါ၀င်ခဲ့သည့် တက်ကြွလှုပ်ရှားသူ ဂျိုရှောဝေါင်က တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ ကျုးကျော်မှုများက ၂၀၁၇ တွင် ပိုမိုဆိုးဝါးလာခဲ့ကြောင်း ပြောခဲ့သည်။

ဂျိုရှောဝေါင်သည် ၂၀၁၄ ခုနှစ်အတွင်းက ဖြစ်ပွားသော ဒီမိုကရေစီ ထောက်ခံသည့် ထီးလှုပ်ရှားမှု ဆန္ဒပြပွဲကြီးတွင် အဓိကတစ်နေရာမှ ပါ၀င်ခဲ့သူဖြစ်ကာ သြဂုတ်လအတွင်းက ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။ ၎င်းအား ထောင်ဒဏ်ခြောက်လ ချမှတ်ထားခြင်းကို သနားခံဖြင့် ပြန်လွှတ်ထားခြင်း ဖြစ်သည်။

“၂၀၁၈ မှာ ဟောင်ကောင်ပြည်သူအားလုံး လက်တုံ့ပြန်ရာမှာ ပါ၀င်သူတွေ ဖြစ်လာမယ်လို့ ကျွန်တော် မျှော်လင့်တယ်။ ပေကျင်းကြောင့် ဟောင်ကောင်ရဲ့ စံနှုန်းစံထားတွေ လှိုက်စားခံနေရတာကို တန်ပြန်အနိုင်ရရှိမယ် ယုံတယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required