သုံးရက်တာကျင်းပမည့် ပြည်သူ့ရင်ပြင် တရားပွဲ ပြီးဆုံးချိန်အထိ YBS ယာဉ်လိုင်း ထားရှိပေးမည်

သုံးရက်တာကျင်းပမည့် ပြည်သူ့ရင်ပြင် တရားပွဲ ပြီးဆုံးချိန်အထိ YBS ယာဉ်လိုင်း ထားရှိပေးမည်
ဓာတ်ပုံ - သူရ (မဇ္ဈိမ)

ရန်ကုန်၊ ဇန်နဝါရီ ၁ ။       ။ ဇန်နဝါရီ(၁)ရက်မှစတင်ကာ သုံးရက်တာကျင်းပမည့် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ တရားပွဲအတွက် YBS(၂၁) နှင့် (၃၉)ယာဉ်လိုင်းနှစ်လိုင်းမှဘတ်စ်ကားများကို တရားပွဲပြီးဆုံးချိန်အထိ စောင့်ဆိုင်းကာ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း Power Eleven အများပိုင် ကုမ္ပဏီမှ ကိုတရုတ်လေးကပြောသည်။

YBS(၂၁)ယာဉ်လိုင်းနှင့် (၃၉)ယာဉ်လိုင်းများသည် ပြည်သူ့ရင်ပြင်ရှေ့ ပြည်လမ်းမှဖြတ်သန်းနေလျက်ရှိသည့် ယာဉ်လိုင်းများဖြစ်ကြသည်။

တရားပွဲအတွက် ညပိုင်းတွင် YBS(၂၁)ယာဉ်လိုင်းမှာ (၁၀)စီး YBS(၃၉)ယာဉ်လိုင်းမှ (၁၀)စီး စုစုပေါင်း အစီးရေ(၂၀)ချန်ကာ ပြေးဆွဲပေးမည်ဖြစ်သည်။

"ဒီနှစ်ဆန်းတစ်ရက်နေ့ကနေ သုံးရက်နေ့အထိ တရားနာတဲ့လူတွေအဆင်ပြေအောင်ပံ့ပိုးပေးတာပါ။ တရားပွဲမိုးချုပ်တဲ့အခါကျတော့ တချို့သွားရေးလာရေးအခက်အခဲဖြစ်မှာစိုးလို့ အဆင်ပြေစေဖို့အတွက်ပံ့ပိုးပေးတာပါ"ဟု Power Eleven အများပိုင် ကုမ္ပဏီမှ ကိုတရုတ်လေးကပြောသည်။

ထို့အပြင် တရားပွဲပထမနေ့အတွက် YBS(၂၁)နှင့် (၃၉)ယာဉ်လိုင်းမှ ဘတ်စ်ကားများကို အခမဲ့စီးနင်းနိုင်ကြောင်း ကိုတရုတ်လေးကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required