တနိုင်း-ဖားကန့်လမ်းပေါ်ရှိ ရှထူးဇွပ်ရွာထဲ လက်နက်ကြီးကျ၊ တုုိက်ပွဲ ပြင်းထန်လာမည်ကုုိ ဒေသခံများ စိုးရိမ်နေ

တနိုင်း-ဖားကန့်လမ်းပေါ်ရှိ ရှထူးဇွပ်ရွာထဲ လက်နက်ကြီးကျ၊ တုုိက်ပွဲ ပြင်းထန်လာမည်ကုုိ ဒေသခံများ စိုးရိမ်နေ
ဓာတ်ပုံ - khon Ja ဖေ့ဘုတ်

ဒီဇင်ဘာလ ၃၁ ၊ ချင်းမုုိင်(မဇ္စျျိမ)။ ကချင်ပြည်နယ် မုုိးညှင်းခရုုိင် ဖားကန့်မြို့နယ် ရှထူးဇွပ်ကျေးရွာအနီး လက်နက်ကြီးများ ကျရောက်ခဲ့သဖြင့် ဒေသခံ ရွာသားများ ယနေ့ထိ လက်နက်ကြီး ကျရောက်လာမည်ကုုိ စုုိးရိမ်နေကြရသည်ဟုု ရှထူးဇွပ်ကျေးရွာမှ နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ ဆရာထွယ်အောင်က ပြောသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဖားကန့်-တနုုိင်းကားလမ်းပေါ်ရှိ ရှထူးဇွပ်ကျေးရွာတွင် အခြေချထားသည့် တပ်မတော်၏ တပ်ရင်း ၂၉၇ ဌာနချုပ်မှ တပ်ဖွဲ့မှ ပစ်ခတ်လုုိက်သော လက်နက်ကြီးများ ရှထူးဇွပ်ကျေးရွာထဲ ကျရောက်ခဲ့သဖြင့် ဒေသခံ ရွာသားများ ဘုုရားကျောင်းများသုုိ့ တစ်ည ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟုု ဆရာထွယ်အောင်က ပြောသည်။

ယမန်နေ့က အဆုုိပါ တပ်ရင်း ၂၉၇ ကုုိ KIA အဖွဲ့များ ဝင်ရောက် စီးနင်းခဲ့ပြီးနောက် တပ်မတော်က လက်နက်ကြီး ပြန်လည် ပစ်ခတ်ခဲ့သဖြင့် နေအိမ်ထဲ ကျရောက်လာမည်ကုုိ စုုိးရိမ်သဖြင့် ရှထူးဇွပ်ကျေးရွာသား များ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်း ဖြစ်သည်ဟုု သူက ပြောသည်။

“မနေ့က မနက် ၆ နာရီခွဲလောက်ကနေ တုုိက်ပွဲပြီးတယ်။ လက်နက်ကြီးသံတွေ ကျလာတာ။ ဒီမနက် ၉ နာရီလောက်မှာတော့ ငြိမ်သွားပြီ။ မနေ့က ရှထူးဇွပ်ရွာလယ်ခေါင်မှာ လက်နက်ကြီး လာကျတယ်။ အဲဒီ လက်နက်ကြီး ကျတဲ့ နေရာနဲ့ ကိုုက် ၁၀၀ ကျော် အကွာမှာက အသုုဘ အခမ်းအနားရှိတယ်။ အဲဒီနားမှာ လာထိတယ် ။ လူတော့ မထိဘူး။ ဝါးအိမ် ၂ အိမ်က ပျက်ဆီး သွားတယ်။ ဒါကြောင့် ဘုုရားကျောင်းကုုိ လာအိပ်ကြတာ”ဟုု ဆရာထွယ်အောင်က ပြောသည်။

ဒေသခံများသည် ယမန်နေ့ ညက နှစ်ခြင်းခရိယာန်ဘုုရားကျောင်းတွင် အိမ်ထောင်စုု ၃၀ ခန့် နှင့် ကက်သလစ် ဘုုရားကျောင်းတွင် အိမ်ထောင်စုု ၂၀ ကျော်ခန့်က သွားရောက် ခုုိလှုံခဲ့ပြီး ယနေ့ နံနက်ပုုိင်းတွင် လက်နက်ကြီး သံများ မကြားရတော့သဖြင့် မိမိတုုိ့ နေအိမ်များသုုိ့ ပြန်သွားကြပြီ ဖြစ်ကြောင်း ဆရာထွယ်အောင်က ပြောသည်။

“အိမ်မှာဆုုိရင် လုံုခြံုမှု မရှိလုုိ့ လက်နက်ကြီး ကျလာမှာကုုိ စုုိးရိမ်လိုု့ ဘုုရားကျောင်းမှာ လာခုုိလှုံကြတာ။ ဒီမနက်တော့ မုုိးလင်းတာနဲ့ ပြန်သွားကြပြီ။ အခုုလည်း စိုးရိမ်စိတ်နဲ့ ကြောက်လန့်ပြီး နေနေကြတယ်။ တခြားနေရာပြေးလုုိ့ ရင်ပြေးချင်တယ်။ ဒါပေမယ့် ဘယ်လုုိမှ ရှောင်လဲလုုိ့ မရတော့ ကြောက်ကြောက်နဲ့ နေနေကြတယ်”ဟုု သူက ပြောသည်။

တပ်မတော်ဘက်မှ စစ်အင်အား ထပ်မံ တုုိးမြင့်လာကာ တုုိက်ပွဲ ပြင်းထန်လာမည်ကုုိ စုုိးရိမ်နေကြရသည်ဟုု သူက ပြောသည်။

တနုုိင်းဒေသ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ ဘက်တွင် တပ်မတော်နှင့် KIA အကြား ယမန်နေ့ထိ တုုိက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခဲ့ပြီး ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ တုုိက်ပွဲ ဖြစ်ပွားဆဲ ဖြစ်သည်ဟုု KIO မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒုုဗုုိလ်မှူးကြီး နော်ဘူက ပြောသည်။

“ဒီနေ့တုုိက်ပွဲဖြစ်တာ ကျွန်တော်ဆီမှာသတင်းတော့ မရသေးဘူး။ ဒါပေမယ့် တပ်မတော် စစ်ကြောင်းတွေ ရုုပ်သိမ်းသွားတာ မရှိသေးတော့ ဆက်ဖြစ်တယ်လုုိ့ ပြောလုုိ့ ရပါတယ်။ တနုုိင်းအစပ်နဲ့ ဖားကန့်မြို့နယ် အစပ်မှာမနေ့က တုုိက်ပွဲဖြစ်လုုိ့ ဒေသခံတွေ ထွက်ပြေးနေရတာတော့ ရှိတယ်”ဟုု သူက မဇ္စျိမကုုိ ပြောသည်။

အလားတူ ဗန်းမော်ခရုုိင် မန်စီမြို့နယ်အတွင်းရှိ KIA ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ ဘက်တွင် လည်း ဒီဇင်ဘာလ ၃၀ ရက်နေ့ထိ တုုိက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်ပြီး တပ်မတော်ဘက်မှ ထုုိးစစ်ဆင်နေဆဲ ဖြစ်သည်ဟုု သူက ဆက်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required