ဂျင်ကလိမြှားများဖြင့် ပစ်ခတ်ဖမ်းဆီးခံနေရသော ခွေးများအား အဖြူရောင်နှလုံးသားဂေဟာမှ ကယ်ဆယ် ကုသပေေးန

ဂျင်ကလိမြှားများဖြင့် ပစ်ခတ်ဖမ်းဆီးခံနေရသော ခွေးများအား အဖြူရောင်နှလုံးသားဂေဟာမှ ကယ်ဆယ် ကုသပေေးန
ဓာတ်ပုံ - မမေသဇင် (facebook)
 

ဒီဇင်ဘာလ ၃၁ ။           ။ မကွေး၊ မင်းဘူးမြို့များရှိ အိမ်မွေးခွေး လမ်းဘေးခွေးများကို ဂျင်ကလိမြှားများဖြင့် အချက်ပေါင်းများစွာ ပစ်ပြီး ဖမ်းဆီးနေမှုများအား ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်းနှင့် အပစ်ခံရသော ခွေးများအား ကူညီကယ်ဆယ် ကုသပေေးနကြောင်း မကွေးမြို့၊ အဖြူရောင်နှလုံးသား တရိစ္ဆာန်ကယ်ဆယ်ရေးနှင့် စောင့်ရှောက်ရေးဂေဟာထဲမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ရက်နေ့က မကွေး၊ မင်းဘူးမြို့နယ်တွင် ည လူခြေတိတ်ချိန် ဆိုင်ကယ်များနှင့် အုပ်စုလိုက် အိမ်မွေးခွေများ ၊လမ်းဘေးလေလွင့်ခွေးများအား ဂျင်ကလိမြှားများဖြင့် မင်းမဲ့စရိုက်ဆန်စွာ ပစ်ခတ်ဖမ်းဆီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ အုပ်စုလိုက် ဆိုင်ကယ်တွေနဲ့ ဒူးလေးမြားတွေနဲ့ ခွေးတွေကို ပစ်ကြတယ်၊နှစ်စဉ်ကျင်းပမြဲ မန်းရွှေစက်တော် ဘုရားပွဲ နီးလာပြီမို့ ဘုရားပွဲတော်နဲ့ ဆည်တော်မှာ ဆတ်သားခြောက်၊ ဂျီသားခြောက် အဖြစ် ရောင်းချဖို့ အိမ်မွေးခွေး ၊ လမ်းဘေးခွေးတွေကို ခွေးသူခိုးတွေက ဂျင်ကလိနဲ့ အချက်ပေါင်းများစွာ ပစ်ပြီး မသေမရှင် ဖြစ်ချိန်် အိတ်ထဲထည့် ကောက်သွားပြီး ခေါင်းဖြတ် အရှင်လတ်လတ် အရေခွံနွာပြီး အခြောက်လှမ်းပါတယ် အရွယ်သေးရင် စွတ်ပြုတ်လုပ်သောက်ကြပါတယ်” ဟု မကွေး အဖြူရောင်နှလုံးသား တရိစ္ဆာန်ကယ်ဆယ်ရေး နှင့် စောင့်ရှောက်ရေးဂေဟာမှ မမေသဇင်က ပြောသည်။

အဆိုပါ ခွေးများကို ဂျင်ကလိ၊ မြှားတို့ဖြင့် ပစ်ခတ်ခြင်းကြောင့် ဒဏ်ရာရရှိပါက နှစ်ဖက်အသွားပါသော အချွန်ကြောင့် ဆွဲနှုတ်ရန်ခက်ခဲပြီး အချိန်မီဆေးမကုသပါက သေဆုံးနိုင်ကြောင်း သိရသည်။

“ ဒီလိုလက်နက်နဲ့ အပစ်ခံရတဲ့အခါ ဆွဲနှုတ်လို့ မရပါဘူး၊ဆွဲနှုတ်လိုက်မယ်ဆိုရင် ထိပ် မှာချွန်ပြီး
ဂျိတ်လုပ််ထားတဲ့ အတွက် အထဲက နှလုံးတို့ အဆုပ်တို့ ထိနိင်တယ်၊တရိစ္ဆာန်ဆရာဝန်နဲ့ ခွဲစိပ်ကုသ နှုတ်ရပါတယ်၊မနေ့က အပစ်ခံရတဲ့ ခွေး၂ ကောင် ကယ်တင်နိင်ခဲ့ပါတယ်၊ဒါကြောင့် အခုလိုမျိုးတွေ့ခဲ့မယ်ဆိုရင် ကျွန်မဆီ 09 971 485 988 ကို အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံပါတယ်၊ကျွန်မတို့ စရိတ်နဲ့
လာမယ် ကုသပေးပါမယ်” ဟု မမေသဇင်ကပြောသည်။

ယခုနှစ် ရာသီတွင် ခွေးအကောင်ရေ ၁၀၀ ကျော်ခန့် အပစ်ခံရပြီး ၉၀ရာခိုင်နှုန်းခန့် အသားဖြစ်သွားပြီ ဖြစ်ကြောင်း၊ ခွေးခေါင်းပြတ်များ ဘယ်မှာရှိနိင်ကြောင်း၊ ခွေးပစ်သူများအားပြည်သူ့ရဲတပ်ဖွဲ့၊ ခွေးချစ်သူများ၊ လူငယ်ဖောင်းဒေးရှင်းအဖွဲ့များနှင့် သွေးလှူရှင်များ ချိတ်ဆက်ကာ ပူးပေါင်းဖော်ထုတ်နိင် ရန် ဆောင်ရွက်လျှက်ရှိကြောင်း မကွေး အဖြူရောင်နှလုံးသား တရိစ္ဆာန်ကယ်ဆယ်ရေးနှင့် စောင့်ရှောက်ရေးဂေဟာအဖွဲ့ထံက သိရသည်။

မကွေးမြို့ တောင်တွင်းလမ်းမပေါ်ရှိ  Denko ဓာတ်ဆီဆိုင်ဘေးရှိ လမ်း၏အဆုံး ဘယ်ဘက်ခြမ်း ထောင့်ရှိ အဖြူရောင်နှလုံးသား တရိစ္ဆာန်ကယ်ဆယ်ရေးနှင့် စောင့်ရှောက်ရေးဂေဟာတွင် ဒုက္ခသည် ဂီလာနအပါဝင် ခွေးလေးခွေးလွင် အကောင်ရေ ၁၅၀ ကျော် ကျွေးမွေး ဆေးကုရန်  စောင့်ရှောက်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly