ဆန္ဒပြ ပြည်သူများကို ဖမ်းဆီးထိန်းသိမ်းနေခြင်းနှင့် ပတ်သက်၍ အီရန်ကို ဒေါ်နယ်ထရမ့် ပြစ်တင်

ဆန္ဒပြ ပြည်သူများကို ဖမ်းဆီးထိန်းသိမ်းနေခြင်းနှင့် ပတ်သက်၍ အီရန်ကို ဒေါ်နယ်ထရမ့် ပြစ်တင်

ဒီဇင်ဘာ ၃၀ ။         . အီရန်နိုင်ငံတွင် အစိုးရအပေါ် ဆန့်ကျင်ဆန္ဒပြနေကြသည့် ပြည်သူများကို အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းနေခြင်းနှင့်ပတ်သက်၍ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြစ်တင်ပြောကြားလိုက်ကြောင်း သိရသည်။

      ယင်းနိုင်ငံတွင် စီးပွားရေး ကျဆင်းမှုနှင့်ပတ်သက်၍ ပေါ်ပေါက်လာနေခဲ့သည့် ဆန္ဒပြမှုများအပေါ် အီရန်အစိုးရ၏ ကိုင်တွယ်နေပုံကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေလျက်ရှိကြောင်း ထရမ့်က တီဟီရန်ကို သတိပေးပြောကြားလိုက်သည်။

      ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်တစ်ရက်တည်းမှာပင် နိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့ ဖြစ်သည့် Mashhad တွင် ဆန္ဒပြသူ ၅၂ ဦးထိ ဖမ်းဆီးထိန်းသိမ်းခံထားခဲ့ရသည်။ ယင်းဆန္ဒပြမှုများသည် ဆက်လက်ပြန့်နှံ့လာပြီး မြို့တော် တီဟီရန်နှင့် အခြား မြို့များဆီသို့ပါ ကူးစက်လာခဲ့သည်။

      " ခုချိန်မှာ အီရန်အစိုးရရဲ့ ခြစားမှု၊ နိုင်ငံပိုင်ငွေတွေကို ဖြုန်းတီးမှုနဲ့ပတ်သက်လို့ မကျေနပ်တဲ့ နိုင်ငံသားတွေက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်နေကြတယ်ဆိုတဲ့ သတင်းတွေ ကျွန်တော်တို့ ကြားနေရပါတယ်၊ ဒီလိုအချိန်မှာ အီရန် အစိုးရဘက်က နိုင်ငံသားတွေရဲ့ အခွင့်အရေးကို လေးစားလိုက်နာသင့်ပါတယ်၊ တစ်ကမ္ဘာလုံးကလည်း သူတို့ကို စောင့်ကြည့်နေပါတယ်" လို့ ထရမ့်က ပြောသွားသည်။

      ယခုကဲ့သို့ ငြိမ်ချမ်းစွာ ဆန္ဒထုတ်ဖော်နေသူများကို ဖမ်းဆီးနေခြင်းအပေါ် ပြင်းထန်စွာ ဆန့်ကျင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟယ်သာ နျူအာ့တ်က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags