မယ်စကြဝဠာတောင်ကြီး ရွှေယွန်းလွှာ ရွေးချယ်ခံရ

မယ်စကြဝဠာတောင်ကြီး ရွှေယွန်းလွှာ ရွေးချယ်ခံရ

ရန်ကုန်၊ သြဂုတ် ၂၁ ။     ။ မယ်စကြဝဠာတောင်ကြီး ၂၀၁၅ ပြိုင်ပွဲကို သြဂုတ် ၂၁ရက်တွင် တောင်ကြီးမြို့၌ ကျင်းပခဲ့ပြီး Miss Universe Taunggyi 2015 အဖြစ်ရွှေယွန်းလွှာ မှရွေးချယ်ခြင်း ခံခဲ့ရကြောင်း ပြိုင်ပွဲ၏ တရားဝင် လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

ပြိုင်ပွဲတွင် Miss Universe Taunggyi 2015 Winner အဖြစ် ရွှေယွန်းလွှာ၊ 1st Runner up ကို ကျော့မှူးမင်းသိန် ၊ 2nd Runner up ကို ခင်အိမ်စည်၊ 3rd Runner up ကို ခင်သဒ္ဓါယု ၊ 4th Runner up ကို နွယ်ဝတီအောင် တို့မှ ရရှိခဲ့သည်။

မယ်စကြဝဠာ မြစ်ကြီးနား (Miss Universe Myitkyina 2015) ပြိုင်ပွဲကိုလည်း သြဂုတ် ၁၉ရက်တွင် ပြုလုပ်ခဲ့ပြီး Miss Universe Myitkyina 2015 Winner အဖြစ် Oilaw Nang latt Seng Mai ၊ 1st Runner Up အဖြစ် Htoi Awng ၊ 2nd Runner Up အဖြစ် Ja seng Ing တို့ ရွေးချယ်ခံရသည်။

လက်ရှိတွင် ၂၀၁၅ မယ်စကြဝဠာ ထားဝယ် ယုဇနထွန်း ၊ ၂၀၁၅ မယ်စကြဝဠာ မိုးကုတ် နဒီလှိုင် ၊ ၂၀၁၅ မယ်စကြဝဠာ ပြည် ကေခိုင်မြင့်၊ ၂၀၁၅ မယ်စကြဝဠာ လားရှိုး နန်းငွေနှင်းမှုန်၊ ၂၀၁၅ မယ်စကြ ဝဠာ ပဲခူး ခွန်းနေကြည်ချို၊ ၂၀၁၅ မယ်စကြဝဠာ ပုသိမ် အိန်ဂျယ်မေ၊ ၂၀၁၅ မယ်စကြဝဠာ စစ်တွေ ချိုချိုထွန်း၊ ၂၀၁၅ မယ်စကြဝဠာ မန္တလး ဟန်လေး၊ ၂၀၁၅ မယ်စကြဝဠာ မုံရွာ ဇွန်ပြည့်ဖြိုးမော် တို့သည် ရန်ကုန်တွင် ကျင်းပမည့် ၂၀၁၅ မယ်စကြဝဠာမြန်မာ (Miss Universe Myanmar 2015) ပြိုင်ပွဲသို့ မြို့ အလိုက် ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

Miss Universe Myanmar 2015 ပြိုင်ပွဲ ၂၀၁၅ မယ်စကြဝဠာပြိုင်ပွဲ ဖားကန့်ကို သြဂုတ်လ ၁၉ရက်တွင် ပြုလုပ်မည် ဖြစ်ပြီး ၂၀၁၅ မယ်စကြဝဠာ မြိတ်ပြိုင်ပွဲကို တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် သြဂုတ် ၂၃ ရက်၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကာ Miss ၂၀၁၅ မယ်စကြဝဠာ မော်လမြိုင် ပြိုင်ပွဲကို သြဂုတ် ၂၅ရက်တွင် ကျင်းပမည်ဖြစ်သည်။

ရန်ကုန်မြို့တွင် အောက်တိုဘာ (၃)ရက်၌ ကျင်းပမည့် Miss Universe Myanmar ပြိုင်ပွဲတွင် Miss Universe Myanmar 2015 နှင့် Miss Universe Myanmar 2016 တို့အား တစ်ပြိုင်နက်ရွေးချယ် မည် ဖြစ်ပြီး အဆိုပါ အလှမယ်များသည် Miss Universe Myanmar 2015 နှင့် Miss Universe Myanmar 2016 ပြိုင်ပွဲ များသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်များ အနေဖြင့် သွားရောက် ယှဉ်ပြိုင် ရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly