ဗုုိလ်ချုပ်ကြီး အင်ဘန်လအား KIO ဥက္ကဋ္ဌ တာဝန် ခန့်အပ်လုုိက်ပြီး ခေါင်းဆောင်အချို့ ရာထူးပြောင်းလဲခန့်အပ်

ဗုုိလ်ချုပ်ကြီး အင်ဘန်လအား KIO ဥက္ကဋ္ဌ တာဝန် ခန့်အပ်လုုိက်ပြီး ခေါင်းဆောင်အချို့ ရာထူးပြောင်းလဲခန့်အပ်

ချင်းမုုိင်(မဇ္စျျိမ) ၊ ဒီဇင်ဘာလ ၃၀ ။      ။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ အဖြစ် ဗုုိလ်ချုပ်ကြီး အင်ဘန်လကို တာဝန်ပေးအပ်လုုိက်ပြီး ဒုုတိယ ဥက္ကဋ္ဌ အဖြစ် စစ်ဦးစီးချုပ် ဒုုတိယ ဗိုလ်ချုပ်ကြီး ဂွန်ထန် ဂမ်ရှောင်နှင့် ခေါင်းဆောင်တချို့ တာဝန် ပြောင်းလဲ လွှဲအပ်လုုိက်သည်ဟုု သိရသည်။

လက်ရှိ KIO ဥက္ကဋ္ဌ အသက် (၇၀)နှစ်ကျော်အရွယ် ဦးလယောက်ဇောင်းခဟား၏ နေရာတွင် ဗုုိလ်ချုပ်ကြီး အင်ဘန်လ၊ KIO ဒုဥက္ကဋ္ဌ (၂)အဖြစ် ဆရာကြီး ဦးဆွမ်းလွတ်ဂမ်၊ ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုုတိယ ဥက္ကဋ္ဌ အဖြစ် ဗိုုလ်ချုပ် ဆွမ်းလွတ်ဂွမ်မော်နှင့် KIC ဒုုဥက္ကဋ္ဌ (၂) ဗုုိလ်ချုပ် ဇောင်းဘုုတ်ထန်းတုုိ့ကုုိ တာဝန်ပေး ခန့်အပ်လုုိက်ခြင်း ဖြစ်သည်။

“ဗုုိလ်ချုပ်ကြီး အန်ဘန်လကုုိ ဥက္ကဋ္ဌ တာဝန်ပေးလုုိက်တယ်။ ကျွန်တော်တိုု့မှာက ဖွဲ့စည်းပုံု ရှိတယ်။ အဲဒီ ဖွဲ့စည်းထားတဲ့ ဥပဒေအတုုိင်း သူ့အဆင့်လုုိက် ပြန်တာဝန်ယူရတယ်။ အားလုံုးက သဘောတူပြီး ခန့်အပ်လုုိက် ပါတယ်”ဟုု ဗဟုုိအလုုပ်အမှုဆောင် ကော်မတီဝင် တစ်ဦးက ပြောသည်။

“အရင် ဥက္ကဋ္ဌက အသက်က ရ၂ နှစ်လောက်ရှိပြီထင်တယ်။ သူက အသက်လည်း ကြီးပြီ ကျန်းမာရေးလည်း သိပ်မကောင်းတော့ဘူး။ စကားတောင် သိပ်မပြောနုုိင်တော့ဘူး။ ဒါကြောင့် တာဝန်ပြောင်းလုုိက်တာပါ”ဟုု သူက ပြောသည်။

ဆရာကြီး ဦးဆွမ်းလွတ်ဂမ်သည် ယခင် အစုုိးရ ဦးသိန်းစိန် လက်ထက်က ငြိမ်းချမ်းရေးဆွေးနွေးရေး ကုုိယ်စား လှယ် ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ပြီး လက်ရှိ အရပ်ဖက် အတတ်ပညာရှင်များနှင့် KIO တုုိ့ ပူးပေါင်း ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးနှင့် နုုိင်ငံရေးရှေ့လုုပ်ငန်းစဉ် အကြံပေးအဖွဲ့ (SMJH)တွင် KIO ကုုိယ်စားလှယ် အဖြစ် တာဝန်ယူသည်။ ဗုုိလ်ချုပ်ဇောင်းဘုုတ်ထန်းကလည်း အဆုုိပါ SMJH အဖွဲ့တွင် ပါဝင်တာဝန်ယူထားသည်။

KIO ဥက္ကဋ္ဌ အပြောင်းအလဲနှင့် ပတ်သက်၍ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံအား ဆက်သွယ်မေးမြန်းခဲ့ သော်လည်း မရခဲ့ပေ။ ထိုကဲ့သို့ အပြောင်းအလဲအား ဒီဇင်ဘာလ ၂၉ ရက်နေ့က KIO ဗဟုုိအလုုပ်အမှုဆောင်ကော်မတီ အစည်းအဝေး မှ တာဝန် လွဲအပ်လုုိက်ခြင်း ဖြစ်သည်။ ထုုိဗဟုုိအလုုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကုုိ ဒီဇင်ဘာလ ၂၈ ရက်နေ့ မှစတင်ကျင်းပ၍ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ထိ သုံုးရက်ကြာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

KIO/KIA ၏ နုုိင်ငံရေး၊ အုုပ်ချုပ်ရေး အပါအဝင် ဌာနဆုုိင်ရာများ အားလုံုးကုုိ ဗဟုုိအလုုပ်အမှုဆောင်များဖြင့် ဖွဲ့စည်းထားသော ကချင်လွတ်လပ်ရေးကောင်စီ (KIC)၏ ဥက္ကဋ္ဌ တာဝန်ကုုိ ဗုုိလ်ချုပ်ကြီး အင်ဘန်လက ဦးဆောင် တာဝန်ယူသွားမည် ဖြစ်သည်။

ဥက္ကဋ္ဌဟောင်း ဦးလယောက်ဇောင်းဟရားသည် လာမည့် ၂၀၁၈ ခုုနှစ် ဇန်န်ဝါရီလ ၂ ရက်နေ့တွင် ဆုုတောင်းပွဲ ပြကျငး်ပ၍ တာဝန်လွဲပြောင်း အပ်နှံလုုိက်ပြီး KIO မှ နုုတ်ထွက်၍ အလုုပ်မှ အနားယူတော့မည် ဖြစ်သည်။

ယခုုရက်ပုုိင်းအတွင်း တနုုိင်းဒေသ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ ဘက်တွင် တပ်မတော်နှင့် KIA အကြား တုုိက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်။ စစ်ပွဲကြောင့် အုုိးအိမ်စွန့်ခွာ ထွက်ပြေးနေရသော စစ်ပြေးဒုုက္ခသည်များလည်း တုုိးမြှင့်လာနေသည်ဟုု ဒုုက္ခသည်များအား ကူညီနေသူများထံက သိရသည်။

KIO သည် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်သော ပြည်ထောင်စုု ငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC)တွင် ပါဝင်ပြီး အဖွဲ့၏ ဒုုဥက္ကဋ္ဌ တာဝန်ယူနေသူလည်း ဖြစ်သည်။ 

ဗဟုုိအလုုပ်အမှုဆောင်ကော်မတီ စုံုညီ အစည်းအဝေးကုုိ ဒီဇင်ဘာလ ၂၈ ရက်မှ ၃၀ ရက်နေ့ထိ သုံုးရက်ကြာ လုုိင်ဇာမြို့တွင် ကျင်းပခဲ့ပြီး KIO ဥက္ကဌ နှင့် KIC ခေါင်းဆောင်သစ်တုုိ့ကုုိ ရွေးချယ်ဆုံုးဖြတ်ခဲ့သည်ဟုု KIO က အစည်းအဝေးအပြီး ကချင်ဘာသာဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။ 
 
KIO ၏ ရှေ့ဆက် နုုိင်ငံရေးလုုပ်ငန်းစဉ်များကုုိ ကချင်အမျိုးသားခေါင်းဆေင်များနှင့် ကချင်ပြည်သူလူထုုများအားလုံုး၏ အကြံသဘောထားများ ရယူ၍ လုုပ်ဆောင်သွား မည် ဖြစ်ကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required