ကိုယ့်ရဲ့ အမှတ်တရခရီးစဉ်တွေမှာ သာယာလှပတဲ့ ရှုခင်းတွေ၊ အမှတ်တရပုံရိပ်တွေ၊ အတွေ့အကြံုဗဟုသုတတွေကို အကောင်းဆုံးမှတ်တမ်းတင်နိုင်စေဖို့

ကိုယ့်ရဲ့ အမှတ်တရခရီးစဉ်တွေမှာ သာယာလှပတဲ့ ရှုခင်းတွေ၊ အမှတ်တရပုံရိပ်တွေ၊ အတွေ့အကြံုဗဟုသုတတွေကို အကောင်းဆုံးမှတ်တမ်းတင်နိုင်စေဖို့

 

ရုံးပိတ်ရက်တွေမှာ အေးချမ်းတဲ့ရာသီဥတုတို့နဲ့အတူ နှစ်တစ်နှစ်ရဲ့ ခရီးသွားလို့ အကောင်းဆုံးအချိန်ကိုတော့ ရောက်ရှိလို့ လာပြန်ပါပြီ။

ဒီလိုအချိန်အခါမှာမိသားစုတွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ခရီးသွားရတာပျော်စရာပါ။ ပျော်စရာအချိန်တွေကို ခရီးသွားနေတုန်းမှာပဲ ရရှိပြီးခရီးက ပြန်လာတာနဲ့ ဘာမှမကျန်ရစ်ခဲ့ဘူးဆိုရင်တော့သိပ်ကို နှမြောစရာကောင်းမှာ အမှန်ပါပဲ။

ဒါကြောင့် အားလုံးက ခရီးသွားရင်းနဲ့ အမှတ်တရဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ ရိုက်ကူးကြတာပဲဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ဓါတ်ပုံတွေရိုက်ကူးတဲ့အခါ လူအများစုကတော့ ကိုယ့်ရဲ့စမတ်ဖုန်း ကင်မရာတွေနဲ့ပဲ ရိုက်ကူးလေ့ရှိကြပါတယ်။ ဒါပေမဲ့စမတ်ဖုန်းနဲ့ ရိုက်ကူးလာတဲ့ အမှတ်တရဓါတ်ပုံတွေ၊ ဗီဒီယိုတွေက ဝါးနေ၊ မှုန်နေမယ်၊ အရည်အသွေးမကောင်းဘူး   ဖြစ်နေမယ်ဆိုရင်တော့ ပြန်ကြည့်တဲ့အချိန်မှာ   ပျော်ရွှင်ကြည်နူးတဲ့ ခံစားချက်ကိုရရှိနိုင်မှာမဟုတ်ပါဘူး။

ဒါဆိုရင် ကိုယ့်ရဲ့ခရီးသွားအမှတ်တရပုံရိပ်တွေကိုအကောင်းဆုံးမှတ်တမ်းတင်ပေးနိုင်တဲ့ စမတ်ဖုန်းတစ်မျိုးလောက်ညွှန်းပေးပါလို့ပြောလာခဲ့ရင် လောလောလတ်လတ်မိတ်ဆက်ထားပြီး ၂၀၁၇ခုနှစ်ရဲ့ စျေးနှုန်းအလယ်အလတ်တန်းဖုန်းတွေထဲကလူကြိုက်အများဆုံးဖြစ်နေတဲ့ HUAWEI nova 2i ကိုပဲညွှန်းပေးချင်ပါတယ်။

HUAWEInova 2i မှာကမ္ဘာ့ပထမဆုံးအဖြစ် ကင်မရာ ၄ လုံးအထိပါဝင်နေပြီး Huawei ရဲ့ထုံးစံအတိုင်းကင်မရာစွမ်းဆောင်ရည်ပိုင်းကပရိုဖက်ရှင်နယ်ကင်မရာတစ်လုံးအလားပါပဲ။ 13 MP နဲ့ 2MP ကင်မရာနှစ်လုံးနဲ့ Selfieကင်မရာ၊ 16MP နဲ့ 2MP ကင်မရာနှစ်လုံးနဲ့ အနောက်ဘက် ကင်မရာတွေက သဘာဝရှုမျှော်ခင်းတွေကိုသဘာဝအရောင်အသွေး၊ ပုံရိပ်တွေအတိုင်း မှတ်တမ်းတင်ပေးနိုင်စွမ်းရှိသလို အဖွဲ့လိုက်ပုံတွေ၊ တစ်ယောက်တည်းပုံတွေကိုလည်း အလှပဆုံး ရိုက်ကူးနိုင်စွမ်း ရှိပါတယ်။ တောင်ပေါ်ဒေသရှုခင်းတစ်ခုနောက်ခံနဲ့ ကိုယ့်ပုံကို Portrait Modeနဲ့ရိုက်ကူးလိုက်တဲ့အခါ ဓါတ်ပုံပြိုင််ပွဲဝင်ဖို့ ပရိုဖက်ရှင်နယ်တစ်ယောက် ရိုက်ကူးထားတဲ့ ပုံအလားတောင် ထင်မှတ်စရာဖြစ်နေမှာပါ။

 

HUAWEI nova 2i ရဲ့ကင်မရာစွမ်းဆောင်ရည်အကြောင်းအချက်အလက်တွေကိုပြောပြနေတာထက် အခုတလော Facebook မှာလူစိတ်ဝင်စားမှုများနေတဲ့ “HUAWEI nova 2i နှင့် ခရီးသွားကြသူများ(ရင်ခုန်သံရှုမျှော်ခင်း)”အစီအစဉ်ကိုလက်တွေ့ကြည့်လိုက်ရင် ပိုပြီးမြင်သာမှာပဲ ဖြစ်ပါတယ်။

နာမည်ကျော် အနုပညာရှင်တွေဖြစ်တဲ့ မင်းသွေး၊ဖြိုးဇော်လင်း၊ နွယ်ဒါလီထွန်း၊ နန်းခင်ဇေယျာတို့ပါဝင်ပြီးဒါရိုက်တာကိုပေါက်ကရိုက်ကူးထားတဲ့ ဒီအစီအစဉ်ဟာကယောဒေသရဲ့ လှပတဲ့ရှုခင်းတွေ၊ သဘာဝအလှအပတွေကိုသွားရောက်ရှာဖွေတဲ့ ခရီးသွားအစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ရင်ခုန်သံရှုမျှော်ခင်းအစီအစဉ်ကို Huawei နဲ့ Media 7 တို့ပူးပေါင်းတင်ဆက်ကာ Huawei Mobile နဲ့ Myanmar Cele 7 Page တို့မှာအပိုင်းလိုက်တင်ဆက်နေရာမှာအခုဆိုရင် အပိုင်း ၃ အထိတင်ဆက်ထားပြီးပါပြီ။

ဒီအစီအစဉ်အတွင်းမှာHUAWEI nova 2i နဲ့ သဘာဝရှုခင်းတွေ၊ အလှအပတွေ၊ ရိုးရာဓလေ့တွေကိုဘယ်လောက်အထိသဘာဝကျကျ၊လှလှပပမှတ်တမ်းတင်နိုင်တယ်ဆိုတာကိုတွေ့မြင်နိုင်သလိုမင်းသွေး၊ဖြိုးဇော်လင်း၊ နွယ်ဒါလီထွန်း၊ နန်းခင်ဇေယျာတို့ကHUAWEI nova 2i နဲ့ရိုက်ကူးထားတဲ့ သူတို့ရဲ့အမှတ်တရဓါတ်ပုံတွေကိုသူတိုရဲ့ သက်ဆိုင်ရာ Facebook အကောင့်တွေမှာ တင်ထားကြတာကိုတွေ့ရမှာပါ။

မင်းသွေး၊ ဖြိုးဇော်လင်း၊ နွယ်ဒါလီထွန်း၊ နန်းခင်ဇေယျာတို့ကသူတို့ရဲ့ Facebook အကောင့်တွေမှာHUAWEI nova 2i နှင့် ခရီးသွားကြသူများ (ရင်ခုန်သံရှုမျှော်ခင်း) အစီအစဉ်အတွင်းကယောဒေသမှာသူတို့အမှတ်တရရိုက်ကူးလာတဲ့ ပုံတွေကိုတင်တဲ့အခါ အရည်အသွေးကောင်းမွန်တဲ့ဓါတ်ပုံတွေကြောင့် ပျော်ရွှင်ရကြောင်းသူတို့တင်ထားတဲ့ ဓါတ်ပုံတွေနဲ့ Status တွေကသက်သေပါပဲ။

ဒါကြောင့် ခရီးသွားရာသီမှာခရီးထွက်မယ့်သူတွေအတွက် ပျော်ရွှင်စရာအမှတ်တရတွေ၊အခိုက်အတန့်တွေကိုတစ်သက်လုံးသိမ်းဆည်းထားနိုင်ဖို့ HUAWEI nova 2i ကတကယ့်အဖော်မွန်ကောင်းဖြစ်မှာသေချာကြောင်းဒီနေရာကနေညွှန်းလိုက်ချင်ပါတယ်။

HUAWEI nova 2i စျေးနှုန်းနှင့် ဝယ်ယူရရှိနိုင်ခြင်း

HUAWEI nova 2i ကို (၃၃၉၀၀၀) ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီးအရောင်အနေဖြင့် အနက်ရောင်၊ ရွှေရောင် နှင့် အပြာရောင်တို့ကိုဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။ HUAWEI nova 2i ဝယ်ယူသူများအနေဖြင့် HUAWEI powerbank 5000mAh ကို လက်ဆောင်အနေဖြင့် ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် MPTသုံးစွဲသူများအနေဖြင့် လစဉ် ၅၀၀၀ ကျပ် ဖုန်းငွေဖြည့်ရုံဖြင့် အင်တာနက်အသုံးပြုရန် ၃၀၀၀ ကျပ် ကို ၁၂ လတိုင်တိုင်ရရှိနိုင််မည် ဖြစ်ပါသည်။

 

###

Huawei Consumer Business Group ဆိုသည်မှာ

Huawei ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို နိုင်ငံပေါင်း ၁၇၀ကျော်တွင် ရရှိလျက်ရှိပြီးကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံကသုံးစွဲလျက်ရှိသည်။ ၂၀၁၅ခုနှစ်တွင် စမတ်ဖုန်းတင်ပို့မှု၌ တတိယနေရာသို့ ရောက်ရှိခဲ့သည်။ အမေရိကန်၊ ဂျာမနီ၊ ဆွီဒင်၊ ရှရှား၊ အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့တွင် သုတေသနစင်တာပေါင်း (၁၅)ခုကိုတည်ထောင်ထားပါသည်။ Huawei Consumer လုပ်ငန်းစုသည် Huawei ၏ လုပ်ငန်းစုကြီးသုံးခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီးစမတ်ဖုန်း (Smartphones)၊ ကွန်ပြူတာနှင့် တက်ဘလက်များ (PC and tablets)၊ ဝတ်ဆင်နိုင်သောကိရိယာများ (Wearables)၊ ကြိုးမဲ့အင်တာနက်ချိတ်ဆက်ရန် ရွေ့လျားကိရိယာများ (Mobile Broadband Devices)၊ အိမ်သုံးထုတ်ကုန် (Family Device) နှင့် အင်တာနက်သိုလှောင်ခြင်းဝန်ဆောင်မှုထုတ်ကုန်များ (Device Cloud Service) တို့ကိုထုတ်လုပ်လျက်ရှိသည်။ Huawei သည် တယ်လီကွန်းနယ်ပယ်တွင် အနှစ် ၂၀ ကျော်သက်တမ်းရှိသောအတွေ့အကြံုများဖြင့် Huawei ၏ ကမ္ဘာ့ဆက်သွယ်ရေးကွန်ယက် အားသာချက်များ၊ ကမ္ဘာတစ်ဝှမ်း ဖြန့်ကျက်လုပ်ဆောင်နိုင်စွမ်းနှင့် ကမ္ဘာ့ပူးပေါင်းမှုများကိုတည်ဆောက်ထားသည်။ Huawei Consumer BG သည် သုံးစွဲသူများကိုနောက်ဆုံးနည်းပညာများဖြန့်ဝေပေးရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိလူအများကိုအဆင့်မြင့်နည်းပညာများမှတဆင့် ပျော်ရွှင်မှုများကို မျှဝေပေးနိုင်ရန် နှစ်မြှုပ်ထားပါသည်။ ရှေ့ဆက်လျှောက်လှမ်းပြီးအိပ်မက်များအမှန်တကယ် ဖြစ်ပေါ်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

 

ထပ်မံသိရှိလိုပါက -

Huawei Mobile Myanmar Facebook Page –

https://www.facebook.com/HuaweiDeviceMyanmar

Website - http://consumer.huawei.com/mm

Instagram - https://www.instagram.com/huaweidevicemyanmar

Hotline: 01-9000900

Public Relations ဆက်သွယ်ရန်

Huawei Technologies (Yangon) Co., Ltd

မေဘရဏီဇော်

PR Manager

Device Business Department

[email protected]

09-799610280

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly