ပျော်ရွှင်တက်ကြွတဲ့ နေ့စဉ်ဘဝကို ရရှိနိုင်ဖို့ လိုအပ်တဲ့ စမတ်ဖုန်း စွမ်းဆောင်ရည်များ

ပျော်ရွှင်တက်ကြွတဲ့ နေ့စဉ်ဘဝကို ရရှိနိုင်ဖို့ လိုအပ်တဲ့ စမတ်ဖုန်း စွမ်းဆောင်ရည်များ

 

ဒီနေ့ခေတ်မှာလူတိုင်းနီးပါးရဲ့နေ့စဉ်ဘဝမှာစမတ်ဖုန်းတွေကအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်လို့နေပါပြီ။ ဒါကြောင့် ကိုယ့်ရဲ့စမတ်ဖုန်းက နေ့စဉ်ဘဝကို ပျော်ရွှင်တက်ကြွနေအောင် ကူညီပေးနိုင်တဲ့ စွမ်းဆောင်ရည်မျိုး ရှိဖို့လိုပါတယ်။ အဓိကကတော့ ပျော်စရာနဲ့ အမှတ်တရအခိုက်အတံ့တွေကိုအမိအရမှတ်တမ်းတင်နိုင်ဖို့ ကင်မရာစွမ်းဆောင်ရည်၊ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ ရယူနိုင်ဖို့ လျင်မြန်တဲ့ ကွန်ယက်ချိတ်ဆက်မှု၊ ဖျော်ဖြေရေးအတွက် ဂိမ်းကစား၊ သီချင်းနားထောင်၊ ရုပ်ရှင်တွေကြည့်နိုင်ဖို့ ရုပ်ထွက်နဲ့မျက်နှာပြင်အရည်အသွေးတို့ကောင်းမွန်နေဖို့လိုပါတယ်။ ဒီလိုစွမ်းဆောင်ရည်တွေနဲ့ပြည့်စုံပြီး စျေးနှုန်းလည်း အလယ်အလတ်တန်းပဲရှိရမယ်ဆိုရင်တော့ HUAWEInova 2i ကို ညွှန်းပေးချင်ပါတယ်။

HUAWEI nova 2i လို့ ပြောလိုက်တာနဲ့ အထူးခြားဆုံးနဲ့ အပေါ်လွင်ဆုံးဖြစ်နေတဲ့ အချက်ကတော့ ကင်မရာ ၄ လုံးဆိုတဲ့ စွမ်းဆောင်ရည်ပါ။ Professional ကင်မရာတစ်လုံးလို စွမ်းဆောင်ရည်မျိုး ရရှိဖို့အတွက် HUAWEI nova 2i မှာအရှေ့ဘက် ကင်မရာ ၂ လုံးနဲ့ အနောက်ဘက်ကင်မရာ ၂ လုံးထည့်သွင်းပေးထားပါတယ်။ အရှေ့ဘက် Selfieကင်မရာက 13MP နဲ့ 2MP တို့ပါဝင်တဲ့ ကင်မရာ ၂ လုံးဖြစ်ပြီးအနောက်ဘက်ကင်မရာတွေကတော့ 16MP နဲ့ 2MPတို့ပါဝင်တဲ့ ကင်မရာ ၂လုံးပါ။ ဒီကင်မရာတွေက Professional ကင်မရာနဲ့ ရိုက်ကူးထားသလား ထင်မှတ်ရလောက်အောင် Portrait ပုံတွေရိုက်ကူးနိုင်စွမ်း၊ အလင်းရောင်အားနည်းတဲ့ နေရာတွေမှာတောင် အနောက်ဘက်ကင်မရာနဲ့သာမကအရှေ့ဘက်ကင်မရာနဲ့ပါရိုက်ကူးနိုင်စွမ်း၊ အလျင်အမြန် ရိုက်ကူးဖို့ လိုအပ်နေချိန်မှာအရင်ရိုက်လိုက်ပြီးနောက်မှ Focus ပြန်ချိန်နိုင်စွမ်း၊ ရုပ်သေဓါတ်ပုံတွေတင်မကလှုပ်ရှားနေတဲ့ ဓါတ်ပုံတွေကိုပါရိုက်ကူးနိုင်စွမ်းတွေရှိတာကြောင့် ပျော်ရွှင်စရာအချိန်တွေ၊ အမှတ်တရ အခိုက်အတန့်တွေကို အကောင်းဆုံး မှတ်တမ်းတင်ပေးနိုင်မှာ သေချာပါတယ်။ ဓါတ်ပုံတွေတင်မကဘဲ ဗွီဒီယိုရိုက်မယ်ဆိုရင်လည်း1080p အရည်အသွေး ဗွီဒီယိုတွေကို 30fps နဲ့ရိုက်ကူးပေးနိုင်စွမ်း ရှိပါတယ်။

ကမ္ဘာကြီးနဲ့ချိတ်ဆက်ပြီး သတင်းအချက်အလက်တွေ အချိန်နဲ့တပြေးည ီရယူနိုင်ဖို့အတွက် HUAWEI nova 2i ဟာ 4G ကွန်ယက်အထိချိတ်ဆက်နိုင်ကာWifi ၊ Bluetooth၊ စွမ်းဆောင်ရည်တွေကလည်း   ကောင်းမွန်ပါတယ်။

ဖျော်ဖြေရေးအတွက် ရုပ်ရှင်တွေကြည့်ဖို့၊ ဂိမ်းဆော့ဖို့၊ Social Media တွေသုံးဖို့အတွက်ပဲဖြစ်ဖြစ်၊ ဗဟုသုတတွေရှာမှီးဖို့ပဲ ဖြစ်ဖြစ် HUAWEI nova 2i ရဲ့ Full View Display နဲ့ Full HD+ ရုပ်ထွက်ကအကောင်းဆုံးကူညီပေးနိုင်မှာပါ။ Full View ဖြစ်တာကြောင့် ဖုန်းအရွယ်အစားက အရမ်းကြီးမနေဘဲ ကျယ်ပြန့်တဲ့မျက်နှာပြင်ကို ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ သီချင်းတွေ နားထောင်ဖို့အတွက်ဆိုရင် ဆူညံသံတွေကို ဖယ်ရှားပေးနိုင်တဲ့ စွမ်းဆောင်ရည်နဲ့ 3.5 mm Jack နားကြပ်ပေါက် ပါဝင်သလို စပီကာအသံထွက်ကလည်း ကြည်လင်ပြတ်သားမှု ရှိပါတယ်။

HUAWEI nova 2i မှာ2.36GHz Octa-Core Hisilicon Kirin 659 ပရိုဆက်ဆာတပ်ဆင်ထားပြီး RAM ကလည်း 4GB ရှိတာကြောင့် ဘယ်လောက်အရည်အသွေးမြင့်ပြီးဖိုင်ဆိုဒ်ကြီးတဲ့ ရုပ်ရှင်တွေ၊ ဂိမ်းတွေကိုပဲဖြစ်ဖြစ် အထစ်အငေါ့မရှိ ကြည့်ရှုနိုင်၊ဆော့ကစားနိုင်မှာပါ။ Memory ကလည်း 64 GB တောင်ပါဝင်ပြီးလိုအပ်ရင် Memory ကတ်လည်းထပ်စိုက်လို့ရသေးတာကြောင့် ကိုယ့်အကြိုက်သီချင်းတွေ၊ ရုပ်ရှင်တွေ၊ ဓါတ်ပုံတွေကိုစိတ်အေးလက်အေးသိမ်းဆည်းထားနိုင်မှာပဲဖြစ်ပါတယ်။

HUAWEI nova 2i  စျေးနှုန်းနှင့် ဝယ်ယူရရှိနိုင်ခြင်း

HUAWEI nova 2i ကို (၃၃၉၀၀၀) ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီးအရောင်အနေဖြင့် အနက်ရောင်၊ ရွှေရောင် နှင့် အပြာရောင်တို့ကိုဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။ HUAWEI nova 2i ဝယ်ယူသူများအနေဖြင့် HUAWEI powerbank 5000mAh ကိုလက်ဆောင်အနေဖြင့် ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် MPTသုံးစွဲသူများအနေဖြင့် လစဉ် ၅၀၀၀ ကျပ် ဖုန်းငွေဖြည့်ရုံဖြင့် အင်တာနက်အသုံးပြုရန် ၃၀၀၀ ကျပ် ကို ၁၂ လ တိုင်တိုင်ရရှိနိုင််မည် ဖြစ်ပါသည်။

###

Huawei Consumer Business Group ဆိုသည်မှာ

Huawei ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို နိုင်ငံပေါင်း ၁၇၀ကျော်တွင် ရရှိလျက်ရှိပြီးကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံကသုံးစွဲလျက်ရှိသည်။ ၂၀၁၅ခုနှစ်တွင် စမတ်ဖုန်းတင်ပို့မှု၌ တတိယနေရာသို့ ရောက်ရှိခဲ့သည်။ အမေရိကန်၊ ဂျာမနီ၊ ဆွီဒင်၊ ရှရှား၊ အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့တွင် သုတေသနစင်တာပေါင်း (၁၅)ခုကို တည်ထောင်ထားပါသည်။ Huawei Consumer လုပ်ငန်းစုသည် Huawei ၏ လုပ်ငန်းစုကြီး သုံးခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး စမတ်ဖုန်း (Smartphones)၊ ကွန်ပြူတာနှင့် တက်ဘလက်များ (PC and tablets)၊ ဝတ်ဆင်နိုင်သောကိရိယာများ (Wearables)၊ ကြိုးမဲ့အင်တာနက်ချိတ်ဆက်ရန် ရွေ့လျားကိရိယာများ (Mobile Broadband Devices)၊ အိမ်သုံးထုတ်ကုန် (Family Device) နှင့် အင်တာနက်သိုလှောင်ခြင်း ဝန်ဆောင်မှုထုတ်ကုန်များ (Device Cloud Service) တို့ကိုထုတ်လုပ်လျက်ရှိသည်။ Huawei သည် တယ်လီကွန်းနယ်ပယ်တွင် အနှစ် ၂၀ ကျော်သက်တမ်းရှိသောအတွေ့အကြံုများဖြင့် Huawei ၏ ကမ္ဘာ့ဆက်သွယ်ရေးကွန်ယက် အားသာချက်များ၊ ကမ္ဘာတစ်ဝှမ်း ဖြန့်ကျက်လုပ်ဆောင်နိုင်စွမ်းနှင့် ကမ္ဘာ့ပူးပေါင်းမှုများကိုတည်ဆောက်ထားသည်။ Huawei Consumer BG သည် သုံးစွဲသူများကိုနောက်ဆုံးနည်းပညာများဖြန့်ဝေပေးရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိလူအများကိုအဆင့်မြင့်နည်းပညာများမှတဆင့် ပျော်ရွှင်မှုများကို မျှဝေပေးနိုင်ရန် နှစ်မြှုပ်ထားပါသည်။ ရှေ့ဆက်လျှောက်လှမ်းပြီးအိပ်မက်များအမှန်တကယ် ဖြစ်ပေါ်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

 

ထပ်မံသိရှိလိုပါက -

Huawei Mobile Myanmar Facebook Page –

https://www.facebook.com/HuaweiDeviceMyanmar

Website - http://consumer.huawei.com/mm

Instagram - https://www.instagram.com/huaweidevicemyanmar

Hotline: 01-9000900

 

Public Relations ဆက်သွယ်ရန်

Huawei Technologies (Yangon) Co., Ltd

မေဘရဏီဇော်

PR Manager

Device Business Department

[email protected]

09-799610280

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required