တိုက်ပွဲမဖြစ်သည့်ဒေသမှ လူငယ်များသည် ငြိမ်းချမ်းရေး ဗဟုသုတနှင့် စိတ်ဝင်စားမှုအားနည်းနေ ဟု နိုင်ငံတော်အတိုင်ပင်ခံပြော

တိုက်ပွဲမဖြစ်သည့်ဒေသမှ လူငယ်များသည် ငြိမ်းချမ်းရေး ဗဟုသုတနှင့် စိတ်ဝင်စားမှုအားနည်းနေ ဟု နိုင်ငံတော်အတိုင်ပင်ခံပြော
ဓာတ်ပုံ - Myanmar State Counsellor Office

 

လွိုင်ကော် ဒီဇင်ဘာ ၂၉ ။                       ။ တိုက်ပွဲမဖြစ်ပွားသည့်ဒေသများမှလူငယ်များသည် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဗဟုသုတနှင့် စိတ်ဝင်စားမှုအပိုင်းတွင် အားနည်းနေသည်ကို   တွေ့မြင်ရ ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့က ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ပြုလုပ်သည့် ကယားပြည်နယ် မှဒေသခံ လူငယ်များရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

"အခုဆိုရင် ငြိမ်းချမ်းရေးစကားဝိုင်းတွေ လူငယ်တွေ နဲ့ ကျင်းပခဲ့တာလည်း လေးငါးခြောက်ခါလောက် ရှိ ပါပြီ၊ နေရာအသီးသီးမှာ လူငယ်တွေနဲ့ ဒီလို ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ကျင်းပတဲ့နေရာမှာ တိုက်ပွဲတွေမဖြစ်ခဲ့တဲ့ ဒေသတွေမှာဆိုရင် ငြိမ်း ချမ်းရေးနဲ့ပတ်သက်လို့ နားလည်မှုပေါ့နော်၊ ဗဟု သုတရော၊ စိတ်ဝင်စားမှုရော နည်းတယ်ဆိုတာ ကို တွေ့ခဲ့ရပါတယ်၊ ဒါပေမယ့် တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ပြည်နယ်တွေ တိုင်းတွေ နောက်ပြီးတော့ အရင် တုန်းက ငြိမ်းချမ်းရေး မငြိမ်းချမ်းဘဲနဲ့ နောက် ငြိမ်း ချမ်းသွားတဲ့အချိန်တွေမှာ ဘယ်လိုအပြောင်းအလဲ တွေရှိတယ်ဆိုတာကို ပိုပြီးတော့နားလည်တယ် ဆိုတာကို သတိပြုမိပါတယ်၊ အဲဒီတော့ ပိုပြီးတော့ နားလည်တဲ့ဒေသတွေမှာဆိုရင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးရတာ ပိုပြီးတော့ ထဲထဲ ဝင်ဝင် ရှိပါတယ်" ဟု နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး ရ ရှိ ရေးအတွက် တရားမျှတမှုကို ဖော်ဆောင်ဖို့ လို အပ် ကြောင်း ယနေ့ ငြိမ်းချမ်းရေး မရသေးသည်မှာ အဘက်ဘက်က ကြည့်မြင်မှု အားနည်းနေသေး ခြင်း ကြောင့်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

'တစ်ချို့က တရားမျှတမှုလို့သာ ပြောတယ်၊ ကိုယ့် ဘက်ကိုယ်သာကြည့်ကြတယ်၊ တရားမျှတမှုဆို တာ ဟိုဘက်ဒီဘက်ကြည့်ရမယ်၊ ကျွန်မတို့ အခု ငြိမ်းချမ်းရေးရဖို့ ခက်ခဲနေရတာက ဟိုဘက် ဒီဘက် အဘက်ဘက်ကို ကြည့်တဲ့အမြင်က အားနည်း နေ သေးလို့ ဒီလိုပဲ မြင်တယ်" ဟု ပြောသည်။

မိမိတို့ ဒီမိုကရေစီစနစ်ကို ကြိုးပမ်းခဲ့ခြင်းမှာလည်း ပြည်သူလူထုကို အခြေခံတဲ့စနစ်ကြောင့်ဖြစ်ပြီး လုံးဝ အပြစ်ကင်းစင်သော နိုင်ငံရေးစနစ်မဟုတ် ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။

"တရားမျှတတဲ့ဥပဒေတွေရှိလို့ရှိရင် နိုင်ငံမှာ တရား မျှတမှုရှိရမယ်၊ အမေတို့ ဒီမိုကရေစီရရှိရေး ဘာ ကြောင့် ကြိုးပမ်းခဲ့လည်းဆိုရင် ဒီမိုကရေစီက ခြောက်ပစ်ကင်း သဲလဲစင် နိုင်ငံရေးစနစ်လည်း မဟုတ်ဘူး၊ ဒါကတော့ လူတိုင်းသိတယ်လို့ သိမယ် ထင်ပါတယ်၊ လူတွေကိုက ပုထုဇဉ်တွေက ခြောက်ပစ်ကင်းသဲလဲစင် မဟုတ်တဲ့ အခါကျတော့ သူတို့လုပ်လိုက်တဲ့စနစ်တွေ ဒီမိုကရေစီဆိုတာ လူသားတွေ ထွင်ထားတဲ့စနစ်ပဲ၊ အဲဒီစနစ်ဆိုတာ လည်း အပြစ်ကင်းစင်တယ်၊ လုံးဝအပြစ်ကင်း စင်တယ်ဆိုတာတော့ မဖြစ်နိုင်ဘူး၊ သို့သော်ငြား လည်း ပြည်သူလူထုကို အခြေခံတဲ့စနစ်မို့လို့ ပိုပြီး တော့ တရားမျှတဖို့ဟာ လမ်းကြောင်းကို ရောက် ဖို့ အခွင့်အလမ်း ရှိတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။

ယင်းစကားဝိုင်းကို ကယားပြည်နယ် လွိုင်ကော် မြို့ ပြည်နယ်ခမ်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်နေပြီး ဒေသခံ လူငယ် ၈ ဦး ဆွေးနွေးနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly