လက်ရွေးစင်ဝတ်စုံ စပွန်ဆာအတွက် ဂျိုမာနှင့်ညှိုနှိုင်းမှုအဆင်မပြေသဖြင့် FBT နှင့်သာစာချုပ်ဖွယ်ရှိ

လက်ရွေးစင်ဝတ်စုံ စပွန်ဆာအတွက် ဂျိုမာနှင့်ညှိုနှိုင်းမှုအဆင်မပြေသဖြင့် FBT နှင့်သာစာချုပ်ဖွယ်ရှိ

သြဂုတ် ၂၁၊ ရန်ကုန် ။         ။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ဝတ်စုံစပွန်ဆာအတွက်စပိန်အားကစားပစ္စည်းကုမ္ပဏီ ဂျိုမာနှင့်ညှိုနှိုင်းမှု အဆင်မပြေသဖြင့် ထိုင်းကုမ္ပဏီ FBTနှင့်ပြောင်း လဲဆွေးနွေးနေသည်ဟုမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ညွှန်ကြားရေးမှူး(စီမံ)ဦးစိုးမိုးကျော်ကပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းမှာ Lotto နှင့်စာချုပ်ပြည့်သွားပြီးနောက်လက်ရှိအချိန်အထိစပွန်ဆာသစ် မရသေးပဲ အီတလီကုမ္ပဏီ Legea ၊ စပိန်ကုမ္ပဏီဂျိုမာတို့နှင့်ညှိုနှိုင်းခဲ့သော်လည်း အဆင်မပြေခဲ့ပေ။

`ဂျိုမာနဲ့ဒီလထဲမှာ စာချုပ်ဖို့စီစဉ်ထားပေမယ့် ညှိုနှိုင်းမှုအဆင်မပြေတာကြောင့် မချုပ်ဖြစ်တော့ပါဘူး။ ကျွန်တော်တို့ဘက်ကတောင်းဆိုမှုကို သူတို့ကရာနှုန်းပြည့်မဖြည့်ဆည်းပေးနိုင်ဘူး။ စပွန်ဆာသစ် ရှာဖွေနေ ပါတယ်။ FBTနဲ့ချုပ်ဖြစ်ဖို့များပါတယ်။´ဟု ဦးစိုးမိုးကျော်ကပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့်လက်ရွေးစင်အသင်းဝတ်စုံစပွန်ဆာအတွက် ယခင်ကတည်းက ကမ်းလှမ်းမှုပြုလုပ်ထားသော ထိုင်းကုမ္ပဏီ FBT နှင့် စာချုပ်ချုပ်နိုင်ရန် အတွက်ဆွေးနွေးမှု များပြုလုပ်နေကာ ယခုလအတွင်း တရားဝင်စာချုပ်ဖွယ်ရှိနေသည်။

FBT ကုမ္ပဏီမှာ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများဖြစ်သော ရတနာပုံ၊ ကမ္ဘောဇ၊ဧရာဝတီအသင်းများကိုလည်း စပွန်ဆာပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly