လူ ၈ ဦးထိ​သေဆုံးခဲ့​သော အမြန်​လမ်​းကားမီး​လောင်​မှု ပုဒ်မ ၃ ခုဖြင့် ​​စွဲချက်​တင်​

လူ ၈ ဦးထိ​သေဆုံးခဲ့​သော အမြန်​လမ်​းကားမီး​လောင်​မှု ပုဒ်မ ၃ ခုဖြင့် ​​စွဲချက်​တင်​
ဓာတ်ပုံ -  Aung Myint Facebook

ရန်​ကုန်​၊ ဒီဇင်​ဘာ ၂၉ ။             ။ ရန်​ကုန်​- မန္တ​လေး အမြန်​လမ်​းမကြီး၊ ၄ မိုင်​ ၂ ဖာလုံတွင်​ ဖြစ်​ပွားခဲ့​သောမီးလောင်ပြီး လူ ၈ ဦး​​​သေဆုံးမှုနှင်​့ ပတ်​သက်​၍ ယာဉ်​​မောင်​းဖြစ်​သူ အောင်ခန့် ဇွဲမြန်မာ (ခ) အောင်ခန့်အား ယ​​နေ့ ဒီဇင်ဘာ ၂၉ ရက်၊ လှည်​းကူးမြို့နယ်​တရားရုံးတွင်​ ပုဒ်​မ ၃ခုဖြင်​့ စွဲချက်​တင်​အမိန်​့ချခဲ့သည်​။

အဆိုပါ ​အောင်ခန့် ဇွဲမြန်မာ (ခ) အောင်ခန့်အား လှည်​းကူးမြို့နယ်​တရားရုံးတွင်​ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ- ၃ဝ၄(က)၊ ၂၈၅၊ ၂၇၉ ဖြင်​့ လှည်​းကူးမြို့နယ်​တရားသူကြီးက စွဲချက်​တင်​အမိန်​့ချခဲ့ခြင်​းဖြစ်​သည်​။

"ပထမတုန်​းက အစ်မတို့က ၃ဝ၄(က)နဲ့စွဲတာ။ အခုကအစ်မတို့ စစ်​​ဆေး​ပေါ်​ပေါက်​ချက်​အရ ဒီပုဒ်​မ ၃ ခုနဲ့စွဲတာ​ပေါ့​နော်​။ ၃ဝ၄(က)ဆိုတာက​တော့ ​ပေါ့​လျော့စွာ ယာဉ်​​မောင်​းနှင်​မှု​ကြောင်​့ လူ​သေ​စေတာ။ ၂၈၅ ဆိုတာက မီးကို​ပေါ့​လျော့စွာအသုံးပြုတဲ့အတွက်​မီး​လောင်​ကျွမ်​းတာ။ ၂၇၉ ဆိုတာက​တော့ ယာဉ်​ကိုမဆင်​မခြင်​အများပြည်​သူနဲ့ဆိုင်​တဲ့​နေရာမှာ ​မောင်​းနှင်​တာ​ပေါ့​နော်​ "ဟု လှည်းကူးမြို့နယ် တရားသူကြီးက ​ပြောသည်​။

အဆိုပါ လူ ၈ ဦးထိ​သေဆုံးခဲ့သည်​့အမှုအား တရား ရုံးချိန်း ၃၃ ချိန်း၊ တရားလိုပြနှင့် လိုပြသက်​​သေ ၂၂ ဦးထိ စစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို့ စွဲချက်​တင်​ အမိန်​့ချမှတ်​ခဲ့ခြင်​းဖြစ်​သည်​။

ထိုသို့ လူ ၈ ဦးထိ​သေဆုံးခဲ့သည်​့ ကားမီး​လောင်​မှုမှာ ပြီးခဲ့သည်​့ ဇန်နဝါရီ ၂၁ ရက်၊ နံနက်​ပိုင်​းတွင်​ ဖြစ်​ပွားခဲ့ခြင်​းဖြစ်​ပြီး မီး​လောင်​မှုဖြစ်​ပွားခဲ့သည်​့ ဟိုက်အေ့စ် ကိုယ်ပိုင်ယာဉ်မှာ ပုဂံတွင်​ဖူးပြီးအပြန်​ ​နေပြည်​​တော်​မှ ရန်​ကုန်​သို့​မောင်​းနှင်​လာစဉ်​ အမြန်လမ်း၊ ၄ မိုင် ၂ ဖာလုံတွင် လမ်းလယ်ရှိ အလူမီနီယံပေါင်အား တိုက််မိကာ ကားမီး​လောင်​မှု ဖြစ်​ပွားခဲ့ခြင်​းဖြစ်​သည်​။

ကားမီး​လောင်​မှု​ကြောင်​့ အမျိုးသမီး ရ ဦးနှင်​့ အမျိုးသား ၁ ဦး၊ စုစု​ပေါင်​း ၈ ဦး​သေဆုံးခဲ့ပြီး လက်​ရှိ အမှုရင်​ဆိုင်​​နေရ​သော ယာဉ်​​အား​မောင်​းနှင်​ခဲ့သူ အောင်ခန့် ဇွဲမြန်မာ (ခ) အောင်ခန့်ဆိုသူမှာ လွတ်​​မြောက်​ခဲ့ခြင်​းဖြစ်​သည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required