ဘင်္ဂါလီ ၆ ဦးကို တရားမဝင်ခေါ်ဆောင်လာသူအား ကြေးမုံသတင်းထောက်အဖြစ်မှ ရပ်ဆိုင်းထားဟု ကြေညာ

ဘင်္ဂါလီ ၆ ဦးကို တရားမဝင်ခေါ်ဆောင်လာသူအား ကြေးမုံသတင်းထောက်အဖြစ်မှ ရပ်ဆိုင်းထားဟု ကြေညာ

ရန်ကုန်   ဒီဇင်ဘာ   ၂၉ ။            ။ ဘင်္ဂါလီ ၆ ဦးကို တရားမဝင် ခေါ်ဆောင်လာမှုဖြင့် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးထားသည့် ကြေးမုံသတင်းထောက်ကဒ် ကိုင်ဆောင်ထားသူ အား သတင်းထောက်အဖြစ်ကနေ ရပ်ဆိုင်းထား ပြီးသူဖြစ်ကြောင်း ကြေးမုံသတင်းစာ၏ လူမှုကွန်ရက် စာမျက်နှာတွင် ယမန်နေ့ညပိုင်းက ထုတ်ပြန် ကြေညာခဲ့သည်။

ဖမ်းဆီးခံထားရသည့် ကြေးမုံသတင်းထောက် ဦးစောမိုးကျော်သည် ကျောက်ဖြူမြို့နယ် သတင်း ထောက်အဖြစ် ၂၀၁၆ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် သတင်းပေးပို့ခြင်းမရှိတော့သဖြင့် ရ-၇-၂၀၁၇ နေ့မှစ၍ မြို့နယ်သတင်းထောက် အဖြစ်မှ ရပ်ဆိုင်းထားသူဖြစ်ကြောင်း၊ ၎င်းကိုင် ဆောင်သော မြို့နယ်သတင်းထောက် အသိအမှတ် ပြုကဒ်ကို သတင်းစာတိုက်မှ ပြန်လည်သိမ်းထား ပြီး ၎င်းထံတွင် တွေ့ရှိသောကဒ်မှာ မိတ္တူဖြစ် ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကြေးမုံသတင်းစာတိုက်တွင် အမြို့မြို့၌ မြို့နယ်သတင်းထောက် ၂၁၀ ရှိကာ ၎င်းတို့သည် ကော်လံစားသတင်းထောက်များဖြစ်ပြီး လခစားခန့် ထားခြင်းမရှိကြောင်း၊ သတင်းပါရှိမှုအတွက်သာ စာမူခချီးမြှင့်ပါကြောင်းနှင့် ကျင့်ဝတ်ဥပဒေဖောက် ဖျက်ပါက သတင်းစာတိုက်မှ ချက်ချင်း ရပ်ဆိုင်း ထုတ်ပယ်ကြောင်း ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ(၂၈) ရက်နေ့က ပဲခူးတိုင်းဒေသ ကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ညောင်ကျိုးရဲ ကင်းစစ်ဆေးရေးဂိတ်တွင်  ပိတ်ဆို့စစ်ဆေးမှှုများ ဆောင်ရွက်နေစဉ် တောင်ကုတ်ဘက်မှ   ပြည်ဘက်သို့ မောင်းနှင်လာသော TOYOTA MARK 2 အမျိုးအစားယာဉ်အား စစ်ဆေးရန်တားဆီးရာ အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် ဥသျှစ်ပင်နယ်မြေရဲစခန်းသို့ သတင်းပို့ အကြောင်း ကြား၍ ပိတ်ဆို့ ဖမ်းဆီးခဲ့သည်။

အဆိုပါယာဉ်အား ကြေးမုံသတင်းထောက်ကဒ် ကိုင်ဆောင်ထားသည့် ကျောက်ဖြူမြို့မှ စောမိုး ကျော်က မောင်းနှင်လာခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် ကျောက်ဖြူမြို့နယ်   ကျောက်တစ်လုံးကယ်ဆယ်ရေး စခန်းမှ ဘင်္ဂါလီအမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၄ ဦးအား စစ်ဆေးတွေ့ရှိ ဖမ်းဆီးရမိခြင်းဖြစ်သည်။

ကိုစောမိုးကျော် ကို (ပ) ၂၁၁ / ၂၀၁၇ ရာဇသတ် ကြီး ဥပဒေ ပုဒ်မ ၃၆၇ နဲ့ ဥသျှစ်ပင်နယ်မြေရဲစခန်း တွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required