ရှမ်းပြည်နယ် လုံခြံုရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးရွေးကောက်ပွဲ ဝင်မည်ဖြစ်၍ ဝန်ကြီးနေရာ အစားထိုးခန့်အပ်

ရှမ်းပြည်နယ် လုံခြံုရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးရွေးကောက်ပွဲ ဝင်မည်ဖြစ်၍ ဝန်ကြီးနေရာ အစားထိုးခန့်အပ်
ဓာတ်ပုံ - ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝက်ဆိုက်

ဒု-သမ္မတ နှင့် ဝန်ကြီးသုံးဦးလည်း ရှမ်းပြည်နယ်မှ ဝင်ပြိုင်မည်

တောင်ကြီး၊ သြဂုတ် ၂၁ ။        ။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်၍ သြဂုတ်လ ပထမပတ်က တပ်မတော်မှ အငြိမ်းစားယူသွားကြောင်း သိရသည်။

လစ်လပ်သွားသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးရာထူးနေရာအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းတင်သွင်းသည့် ဗိုလ်မှူးကြီး စိုးမိုးအောင်အား သြဂုတ်လ ၂၀ ရက်က ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ၁/၂၀၁၅ တတိယမြောက်ရက်နေ့၌ ခန့်အပ်လိုက်ပြီဖြစ်သည်။

ဗိုလ်မှူးကြီး စိုးမိုးအောင်သည် ပြည်နယ်ဝန်ကြီးအဖြစ် ခန့်အပ်မခံရမီက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းဦးစီးမှူး ဗိုလ်မှူးကြီးတာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဗိုလ်မှူးကြီးအောင်သူမှာမူ တပ်မတော်မှ အငြိမ်းစားယူ၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုအဖြစ် ရှမ်းပြည်နယ်လွှတ်တော် လားရှိုးမြို့ နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည်ဟု သိရသည်။

ထို့ပြင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ပြည်ထောင်စု ဝန်ကြီးများဖြစ်သည့် ဦးအေးမြင့်ကြူ၊ ဦးတင်နိုင်သိန်း၊ ဦးခင်မောင်မြင့် တို့သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု အဖြစ် ရှမ်းပြည်နယ်အတွင်း ဝင်ရောက် ယှဉ်ပြိုင် ရွေးချယ်ခံသွားမည်ဟု သိရသည်။

ဒေါက်တာစိုင်းမောက်ခမ်းသည် ပြည်သူ့လွှတ်တော် လားရှိုးမြို့နယ် မဲဆန္ဒနယ်မှလည်းကောင်း၊ ဦးအေး မြင့်ကြူသည် ပြည်သူ့လွှတ်တော် ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်မှလည်းကောင်း၊ ဦးတင်နိုင်သိန်း သည် ပြည်သူ့ လွှတ်တော် ကလောမြို့နယ် မဲဆန္ဒနယ်မှလည်းကောင်း၊ ဦးခင်မောင်မြင့်သည် ပြည်သူ့လွှတ်တော် ရပ်စောက် မြို့နယ် မဲဆန္ဒနယ်မှလည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly