လာမည့် ပညာသင်နှစ်တွင် ၀ိဇ္ဇာဘာသာရပ် များများယူရန် ပညာရေးဝန်ကြီး တိုက်တွန်း

လာမည့် ပညာသင်နှစ်တွင် ၀ိဇ္ဇာဘာသာရပ် များများယူရန် ပညာရေးဝန်ကြီး တိုက်တွန်း

 

နေပြည်တော်၊ ဒီဇင်ဘာ ၂၇ ။              ။ လာမည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်ကာလတွင် အခြေခံ ပညာရေးကျောင်းများ၌ ၀ိဇ္ဇာဘာသာရပ်ကို အဋ္ဌမတန်းအောင်ကျောင်းသား အများစုယူရန် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အခြေခံပညာသင် ဆရာ၊ ဆရာမများကို ပြောကြားလိုက်သည်။

ယခုနှစ် အဋ္ဌမတန်းအောင်ချက်တွင် C အဆင့်ဖြင့် ရ၅ နှုန်း ဖြင့် အောင်ချက်ရှိပြီးနောက် အထက်တန်းတွင် ၀ိဇ္ဖာဘာသာရပ်ယူရန် တိုက်တွန်းခဲ့ခြင်း ဖြစ်ကာ အဆိုပါ ဘာသာရပ်သည် အလုပ်အကိုင်မရှားပါးကြောင်း ပညာရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။

“ကျောင်းသား ကျောင်းသူကိုတော့၊ မိဘကိုတော့ ကျောင်းလာအပ်ရင် ၀ိဇ္ဇာ များများ ယူလို့ရတယ်။ အလုပ်အကိုင်တွေလည်း များများရှိတယ် ။ ဒါလေးတွေ ပြောဖို့ အရေးကြီးပါတယ်” ဟု ဒေါက်တာမျိုးသိမ်းကြီး က ပြောသည်။

ယနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့က နေပြည်တော်ကောင်စီနယ် ပျဉ်းမနားမြို့ရှိ အထက(၂) ကျောင်းတွင် ကျင်းပ ပြုလုပ်သော ၂၀၁၇-၂၀၁၈ ပညာသင်နှစ် (တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက် ကြီးကြပ်ရေးမှူးများ) လက်ထောက်ကြီးကြပ်ရေးမှူး များနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များ ဆိုင်ရာ ဆွေးနွေးပွဲသင်တန်း အဖွင့်မိန်းခွန့်တွင် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများကို တိုက်တွန်းပြောဆိုရန် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခု ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် အဋ္ဌမတန်းတွင် အဆင့် A ဖြင့် အောင်မြင်မှု သည် ၅ ရာခိုင်နှုန်း၊ အဆင့် B ဖြင့် ၂၀ရာခိုင်နှုန်း၊ အဆင့် C ဖြင့် ရ၅ ရာခိုင်နှုန်း အောင်မြင်ထားကြောင်း အချက်အလက်များအရ သိရသည်။

ထို့ကြောင့် A အဆင့်ဖြင့် အောင်မြင်သူများသည် သိပ္ပံ၊ ၀ိဇ္ဇာ၊ ၀ိပ္ပံ မည်သည့်ဘာသာရပ်ကို မဆို မခက်ခဲသော် လည်း အဆင့် B ဖြင့် အောင်မြင်သူများအား ၀ိပ္ပံဘာသာရပ်အား လည်းကောင်း၊ အဆင့် C ဖြင့် အောင်မြင်ပါက ၀ိဇ္ဇာ ဘာသာရပ် ယူရန် ပညာရေးဝန်ကြီးက တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

 “C နဲ့အောင်တဲ့ သူကျတော့ စာမလိုက်နိုင်သော ကလေးများဖြစ်တယ်။စာမလိုက်နိုင်သော ကလေးများသည် သိပ္ပံယူရင် ခက်မယ်၊ ၀ိပ္ပံယူရင် လည်း သိပ္ပံလောက်တော့ မခက်ဘူး၊ နည်းနည်းတော့ခက်တယ်။ သူ့အတွက် သည် ဘယ်ဘာသာပဲ ယူသင့်လဲ။ ၀ိဇ္ဇာပဲ ယူသင့်တယ်” ဟု ပညာရေးဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

လက်ရှိတွင် သိပ္ပံဘာသာတွဲ ၂၀ရာခိုင်နှုန်း၊ ၀ိပ္ပံဘာသာတွဲ ရ၀ ရာခိုင်နှုန်းနှင့် ၀ိဇ္ဇာဘာသာတွဲ ယူသူသည် ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအထိ ရှိနေသောကြောင့် အဋ္ဌမတန်းအဆင့်အောင်မြင်မှုများနှင့် အခြေအနေ ပြောင်းပြန်ဖြစ်နေကြောင်းပါ ထည့်သွင်းပြောဆိုခဲ့သည်။

 “ပြောင်းပြန်တွေ ဖြစ်နေတော့ အထက်တန်းမှာ စာ လိုက်နိုင်လား မလိုက်နိုင်ဘူး ။အဲ့တာ ဖြစ်တဲ့ အတွက် ယနေ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်တွေသည် ဘာဖြစ်နေလဲ ကျနေတယ်” ဟု ဒေါက်တာ မျိုးသိမ်းကြီးက ပြောသည်။

၀ိဇ္ဇာဘာသာရပ်ဖြင့် အောင်မြင်သူများအတွက်လည်း အလုပ်မရှားကြောင်း ဆက်လက်ပြောဆိုခဲ့ပြီး၊ လာမည့်နှစ် အတွက် Text Books (ကျောင်းသုံးစာအုပ်များကို) သိပ္ပံဘာသာတွဲအတွက် ၂၅ရာခိုင်နှုန်း၊ ၀ိပ္ပံဘာသာတွဲ အတွက် ရ၀ ရာခိုင်နှုန်းနှင့် ၀ိဇ္ဇာဘာသာတွဲအတွက် ယခင် ၅ ရာခိုင်နှုန်း ရိုက်နှိပ်ထားရာမှ ၂၀ ရာခိုင်နှုန်း တိုးမြှင့် ကာ ၂၅ ရာခိုင်နှုန်း ရိုက်နှိပ်ထားသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် နဝမတန်းနှင့် ဒသမတန်း ပညာရေးတွင် မြန်မာ၊ အင်္ဂလိပ်၊ သချာင်္၊ ဓာတု၊ ရူပ၊ ဇီဝ ဘာသာရပ် များကို သိပ္ပံတွဲအဖြစ် ၄င်း၊ မြန်မာ၊ အင်္ဂလိပ်၊သချာင်္၊ ဓာတု၊ရူပ၊ ဘောဂ ဘာသာရပ်များကို ၀ိပ္ပံတွဲအဖြစ် ၄င်း၊ မြန်မာ၊ အင်္ဂလိပ်၊သချင်္ာ၊ ပထဝီ၊ သမိုင်း၊ ဘောဂ ဘာသာရပ်များကို ၀ိဇ္ဇာတွဲအဖြစ် ၄င်း သတ်မှတ်ပြီး သင်ကြားပေးလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required