Girl’s Day အဖွဲ့မှ ဆိုဂျင်နှင့် အဆိုတော် အက်ဒီကင်မ်တို့ လမ်းခွဲ

Girl’s Day အဖွဲ့မှ ဆိုဂျင်နှင့် အဆိုတော် အက်ဒီကင်မ်တို့ လမ်းခွဲ

 

တောင်ကိုရီးယားမှ မိန်းကလေးပေါ့ပ်ဂီတအဖွဲ့ Girl’s Day ၏ အဖွဲ့ဝင်ဖြစ်သူ ဆိုဂျင်နှင့် အဆိုတော်အက်ဒီကင်မ် တို့သည် မကြာခင်က လမ်းခွဲပြတ်ဆဲခဲ့ကြသည်။

ဒီဇင်ဘာ၂၇ ရက်နေ့တွင် ဆိုဂျင်၏အေဂျင်စီဖြစ်သော DreamT Entertainment သည် တရားဝင်ကြေညာချက် တစ်ခုထုတ်ပြန်ခဲ့ပြီး “ Girl’s Day ရဲ့ ဆိုဂျင်နဲ့ အဆိုတော် အက်ဒီကင်မ်တို့ဟာ မကြာခင်ကပဲ လမ်းခွဲခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီး ထိုအေဂျင်စီက “သူတို့နှစ်ဦးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်တာကြောင့် လမ်းခွဲခဲ့တဲ့အချိန်အတိ အကျကိုတော့ ကျနော်တို့ဘက်က အတည်မပြုပေးနိုင်တာကို နားလည်ပေးပါ” ဟုလည်း ပြောကြားခဲ့သည်။ ဒါ့အပြင် ဆိုဂျင်နှင့် အက်ဒီကင်မ်တို့သည် တစ်ဦးနှင့်တစ်ဦး လုပ်ဖော်ကိုင်ဖက်များအဖြစ် ဖေးမဆက်ဆံသွားမည် ဖြစ်ကြောင်း ဆိုခဲ့ကြသည်။

အက်ဒီကင်မ်၏အေဂျင်စီဖြစ်သော Mystic Entertainment ဘက်မှလည်း အဆိုပါသတင်းကို အတည်ပြုပေးခဲ့ ပြီး “သူတို့ရဲ့ မအားလပ်နိုင်တဲ့အချိန်ဇယားတွေကြောင့် သူတို့နှစ်ဦးဟာ လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး မိတ်ဆွေတွေအဖြစ်နဲ့ပဲ ဖေးမဆက်ဆံသွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဆိုဂျင်နှင့် အက်ဒီကင်မ်တို့သည် လွန်ခဲ့သော ၂၀၁၆ ခုနှစ်သြဂုတ်လက ရုပ်သံအစီအစဉ်တစ်ခု၌ စတင်တွေ့ဆုံ ခဲ့ကြပြီး ၂၀၁၇ ဧပြီလတွင် စတင်တွဲခဲ့ကြခြင်းဖြစ်ကာ သူတို့နှစ်ဦး၏ အချစ်ရေးကို ပြီးခဲ့သောဇွန်လကမှ ပရိသတ်များအား တရားဝင်အသိပေးခဲ့ခြင်းဖြစ်သည်။

Ref: All Kpop

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required