ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တရုတ်နဲ့ မြန်မာတို့ ပူးပေါင်းဆောင်ရွက်သွားမည်

ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တရုတ်နဲ့ မြန်မာတို့ ပူးပေါင်းဆောင်ရွက်သွားမည်

 

ဒီဇင်ဘာ ၂၆ ။           ။ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်ရပ်ကို မြန်မာခရီးသွားလုပ်ငန်းရှင်များအဖွဲ့နဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟူဘေ ပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ကော်မရှင်တို့အကြား လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

မြန်မာခရီးသွားလုပ်ငန်းရှင်များအဖွဲ့ ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောကြားရာမှာတော့ လက်ရှိအချိန်မှာ တရုတ်နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုဟာ နှစ်စဉ် ၈ ရာခိုင်နှုန်း ရှိနေကြောင်း၊ ယင်းရဲ့ ဘီလီယံနဲ့ချီ ရှိတဲ့ လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းကလည်း ၀င်ငွေအလယ်အလတ်တန်းစား လူဦးရေ ဖြစ်လာနေကြောင်း၊ နိုင်ငံသား တစ်ဦးချင်းစီအသုံးစရိတ်ဟာလည်း မြင့်တက်လာနေကြောင်း၊ ယင်းအတွက်ကြောင့် ခရီးသွားလုပ်ငန်းမှာ တိုးတက်မှုတွေ ရှိနေပါကြောင်း ပြောဆိုသွားခဲ့ပါတယ်။

တရုတ်နိုင်ငံ ကုန်းတွင်းပိုင်း ပြည်နယ်ဒေသတွေက လာရောက်လည်ပတ်သူအများစုကတော့ အများအားဖြင့် ကမ်းခြေတွေ၊ ပင်လယ်ကမ်းရိုးတန်း ဧရိယာတွေဆီ လည်ပတ်နေလျက်ရှိကြောင်း ဦးသက်လွင်တိုးက ပြောသွားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required