ခရစ္စမတ်အကြိုနေ့ကို မိသားစုနှင့်အတူကျော်ဖြတ်ခဲ့သည့် ဂျီဂျီဟာဒစ်နှင့် ဇိန်းမာလစ်ခ်တို့စုံတွဲ

ခရစ္စမတ်အကြိုနေ့ကို မိသားစုနှင့်အတူကျော်ဖြတ်ခဲ့သည့် ဂျီဂျီဟာဒစ်နှင့် ဇိန်းမာလစ်ခ်တို့စုံတွဲ

 

နာမည်ကျော်မော်ဒယ် ဂျီဂျီဟာဒစ်နှင့် သူမ၏ချစ်သူ အဆိုတော် ဇိန်းမာလစ်ခ်တို့သည် ခရစ္စအကြိုနေ့ ညနေခင်း ကို မိသားစုနှင့်အတူ ကျော်ဖြတ်ခဲ့ကြသည်။

သူတို့နှစ်ဦးသည် နှစ်စဉ်အားလပ်ရက်ကာလ၌ ချင်းနံ့သင်းနေသော ကိတ်မုန့်၊ ဘီစကွတ်များနှင့် အိမ်ငယ်လေး များတည်ဆောက်ခဲ့သလို ဆယ်ဖီဓာတ်ပုံများ ရိုက်ကူး၍ ပျော်ရွှင်စွာ ကုန်ဆုံးခဲ့ကြသည်။

သူတို့နှစ်ဦးသည် ခရစ္စမတ်အကြိုညပိုင်းကို မာလစ်ခ်၏ညီမငယ် ဆာဖာအပါအဝင် နှစ်ဖက်မိသားစုများနှင့် ပျော်ရွှင်စွာ ကျော်ဖြတ်ခဲ့ကြသည်။

ဂျီဂျီဟာဒစ်သည် သူမ၏ချစ်သူ ဇိန်းမာလစ်ခ်နှင့်အတူ ချင်းနံ့သင်းသောပေါင်မုန့်လေးများကို အတူစားသုံးရင်း ဓာတ်ပုံရိုက်ကူးခဲ့ကာ သူမ၏အင်စတာဂရမ်၌တင်ခဲ့ပြီး “ကျွန်မတို့မိသားစုရဲ့ ခရစ္စမတ်ထုံးစံလေးပါ။ ပျော်ရွှင်စရာ အချိန်တွေကို ချင်းနံ့သင်းနေတဲ့ပေါင်မုန့်အိမ်လေးတွေ ပြုလုပ်ပြီးကျော်ဖြတ်နေပါတယ်” ဟု ရေးသားခဲ့သည်။

ဂျီဂျီဟာဒစ်နှင့် ဇိန်းမာလစ်ခ်တို့နှစ်ဦးသည် ချစ်သူအဖြစ်လက်တွဲလာခဲ့သည်မှာ ၂ နှစ်ကျော်ခန့်ရှိပြီဖြစ်သည်။

သူတို့နှစ်ဦး ချစ်သူအဖြစ်လက်တွဲနေသည်မှာ လွန်ခဲ့သော ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းကတည်းကဖြစ်သော်လည်း ၂၀၁၆ ခုနှစ်ရောက်မှသာ တရားဝင်လူသိရှင်ကြား တွဲခဲ့ခြင်းဖြစ်သည်။

Ref: Enews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required