ခရစ္စမတ်ကာလရောက်တိုင်း ကလေးဆေးရုံသို့ သွားရောက်လည်ပတ်လေ့ရှိသည့် ဂျနီဖာလောရင့်စ်

ခရစ္စမတ်ကာလရောက်တိုင်း ကလေးဆေးရုံသို့ သွားရောက်လည်ပတ်လေ့ရှိသည့် ဂျနီဖာလောရင့်စ်

 

နာမည်ကျော်မင်းသမီး ဂျနီဇာလောရင့်စ်သည် ခရစ္စမတ်ကာလရောက်တိုင်း ကန်တက်ကီပြည်နယ်မှ သူမ၏ မွေးရပ်မြို့ဖြစ်သော လူဝစ်ဗယ်လ်မြို့ရှိ ကလေးဆေးရုံသို့ သွားရောက်လည်ပတ်လေ့ရှိပြီး ကလေးများနှင့် တွေ့ဆုံအားပေးကာ လက်ဆောင်ပစ္စည်းများပေးလေ့ရှိသည်။

အော်စကာဆုရှင်မင်းသမီး ဂျနီဖာလောရင့်စ်သည် ယခု ၂၀၁၇ ခုနှစ် ခရစ္စမတ်ကာလတွင်လည်း သူမ၏နှစ်စဉ် ပြုလုပ်နေကျ အစီအစဉ်အတိုင်း ပြီးခဲ့သောတနင်္ဂနွေနေ့ ခရစ္စမတ်အကြိုနေ့က   နော်တွန်ကလေးဆေးရုံသို့ သွာေးရာက်လည်ပတ်ခဲ့ပြီး ယခုအကြိမ်နှင့်ဆိုလျှင် ငါးနှစ်ဆက်တိုက် လာရောက်လည်ပတ်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုဆေးရုံ၏အင်စတာဂရမ်စာမျက်နှာ၌ “ဂျနီဖာလောရင့်စ်ဟာ ဒီနေ့မှာ နော်တွန်ကလေးဆေးရုံကို လာရောက် လည်ပတ်ပြီး လူနာတွေ၊ မိသားစုတွေနဲ့ ၀န်ထမ်းတွေနဲ့အတူ တွေ့ဆုံခဲ့ပါတယ်။ သူမဒီဆေးရုံကို ခရစ္စမတ် ကာလရောက်တိုင်း လာရောက်လည်ပတ်နေတာ ထုံးစံတစ်ခုလိုဖြစ်နေပါပြီ။ ကျေးဇူးတင်ပါတယ် ဂျနီဖာရေ။ မင်းဟာ ငါတို့အားလုံးအတွက် အပြံုးတွေကို ယူလာပေးနိုင်ပါတယ်” ဟု ဖော်ပြခဲ့သည်။

ဂျနီဖာလောရင့်စ်သည် လွန်ခဲ့သော ၂၀၁၃ ခုနှစ်မှစတင်ပြီး အဆိုပါကလေးဆေးရုံသို့ ခရစ္စမတ်ကာလရောက် တိုင်း လာရောက်လည်ပတ်လေ့ရှိကြောင်း သိရသည်။

ပြီးခဲ့သော ၂၀၁၆ ခုနှစ်ကလည်း ဂျနီဖာသည် အဆိုပါဆေးရုံ၌ အဆောင်သစ်ဆောက်နိုင်ရေးအတွက် ဒေါ်လာ နှစ်သန်းခန့် လှူဒါန်းမည်ဟု ကြေညာခဲ့ဖူးသည်။

Ref: Enews

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required