ရပ်နားတော့မည့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော် နှုတ်ဆက်ပွဲ ကျင်းပမည်

ရပ်နားတော့မည့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော် နှုတ်ဆက်ပွဲ ကျင်းပမည်

ရန်ကုန်   ဒီဇင်ဘာ  ၂၅ ။          ။ ၅ နှစ်ဆက်တိုက်ကျင်းပခဲ့သည့် လူ့အခွင့်အရေး လူ့ ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို မကြာမီ ရပ်နားတော့မည်ဖြစ်ပြီး၊ နှုတ်ဆက်ပွဲအနေဖြင့် ဒီဇင်ဘာလ ၃၀ ရက်နေ့၌ ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံတွင် ပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဒီဇင် ဘာအထိ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေး ကာလ သတ် မှတ်၍ ရိုက်ကူးရန်စီစဉ်မည်ဖြစ်သောကြောင့် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို ရပ်နားမည်ဖြစ်သည်ဟု ယင်းရုပ်ရှင်ပွဲတော်ကို ဦးဆောင်ကျင်းပနေသူ ဒါရိုက်တာ မင်းထင်ကိုကိုကြီး က မဇ္ဈိမသို့ ပြောသည်။

" ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ဖို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီက စပြီး လှုပ်ရှားဆောင်ရွက်တော့မှာဖြစ်တဲ့အတွက် ကျွန်တော် ဒီဘက်က အလုပ်တွေကို ရပ်တာပါ၊ ပြီး တော့ ဗိုလ်ချုပ်ရုပ်ရှင်က ၂၀၁၉ ဒီဇင်ဘာမှာ အဆင် သင့်ဖြစ်အောင် ကျွန်တော်ရိုက်မှာပေါ့လေ၊ အချိန် ဇယားလေးချထားတာလေ"  ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။

၂၀၁၃ ခုနှစ်မှ စတင်၍ ယခု ၂၀၁၇ ခုနှစ်ကုန်ပိုင်း အထိ နိုင်ငံအနှံ့အပြားတွင် ကျင်းပခဲ့သည့် လူ့အခွင့် အရေး လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်ကို ဗိုလ်ချုပ် ရုပ်ရှင်ရိုက်ကူးရေးကာလအတွင်း ရပ်နားခြင်းဖြစ်ပြီး  အခြေအနေပေးပါက ဆက်လက်ကျင်းပနိုင်ရန် ကြိုးပမ်းသွားမည်ဟု ဒါရိုက်တာမင်းထင်ကိုကိုကြီးက ဆက်ပြောသည်။

" ကျွန်တော်တို့ရုပ်ရှင်ပွဲတော်က ကျွန်တော်တို့ လုပ်ငန်းစဉ်တွေကို ထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေ ရှိတယ်လေ၊ သူတို့ရဲ့သဘောထားလည်း ရှိဦးမယ် ထင်တယ်၊ ဆက်လုပ်ဖို့တော့ ခန့်မှန်းကြည့်ကြ တယ်ပေါ့လေ၊ ဒါပေမယ့် နားပြီး ပြန်လုပ်ဖို့ဆိုရင် ဘယ်လိုဖြစ်မလဲ မပြောတတ်ဘူး၊ အဲဒါလည်း ကြည့်ရဦးမယ်၊ အခြေအနေပေးရင်တော့ ပြန်လုပ် ဖြစ်ဖို့ များပါတယ်" ဟု ဒါရိုက်တာ မင်းထင်ကိုကို ကြီးက ဆက်ပြောသည်။

လက်ရှိ ၅ နှစ်တာကာလအတွင်း ရုပ်ရှင်ပွဲတော် တွင် ပြသခဲ့သည့် လူငယ်ရုပ်ရှင်အနုပညာရှင်များ၏ အရည်အသွေးမှာ နိုင်ငံတကာရုပ်ရှင်များနှင့် ကြိုးစားအားထုတ်ပါက တဖြည်းဖြည်းတိုးတက်လာ မည်ဟု ၄င်းက ပြောသည်။

" ဒီ ၅ နှစ်အတွင်းမှာတော့ ၂၀၁၃ ကာလအထိ လောက်တော့ တော်တော်ကွာဟသွားပြီလို့ ကျွန်တော်ပြောရဲတယ်၊ ဒါပေမယ့် အကောင်းဆုံး လို့တော့ ကျွန်တော်မပြောရဲသေးဘူး၊ သူတို့ ကိုယ် တိုင်ကြိုးစားဖို့ လိုသေးတယ်၊ ကျွန်တော်တို့ သူတို့ ကိုသင်ပေးလိုက်တယ်ဆိုတာ တကယ့်အခြေခံ လေးပါပဲ၊ သူတို့ကိုယ်တိုင် ဒီအလုပ်တွေနဲ့ အသက် မွေးဝမ်းကြောင်းပြုသွားပြီးတော့ ဆက်လက် လေ့ လာနိုင်မယ်ဆိုရင်တော့ တဖြည်းဖြည်းနဲ့ တိုးတက် လာမယ်လို့ ကျွန်တော်ပြောရဲတယ်" ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ နှုတ်ဆက်ပွဲတွင် ရုပ်ရှင် ပွဲတော်များတွင် ပြသခဲ့သည့် ဇာတ်ကားများမှ ပရိသတ်အားပေးမှုရရှိသည့် Animation ရုပ်ရှင် ၁ ကား၊ ဇာတ်လမ်းတိုရုပ်ရှင် ၁၀ ကား၊ မှတ်တမ်း ရုပ်ရှင် ၂ ကား၊ စုစုပေါင်း ရုပ်ရှင် ၁၃ ကားကို ညနေ ၆ နာရီမှ ည ၉ နာရီအထိ ပြပသ သွားမည် ဖြစ် ကြောင်း သိရသည်။

“လူသားတိုင်းသည် မွေးဖွားကတည်းက လွတ်လပ်၍ ညီမျှသော အခွင့်အရေးနဲ့ ဂုဏ်သိက္ခာ ရှိသည်။” ဆိုသည့်အချက်ဖြင့် လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းရုပ်ရှင်များ၊ ဇာတ်လမ်းတိုများ၊ Animation ကာတွန်းကားတိုများကို ၂၀၁၃ခုနှစ် မှ စတင်ပြီး၊ နိုင်ငံတဝှမ်း လှည့်လည်ပြသခဲ့သည်။

၂၀၁၅ခုနှစ်က တတိယအကြိမ်မြောက်ရုပ်ရှင်ပွဲ တော်တွင် Documentary သတင်းမှတ်တမ်းကားဆုအတွက် အောင်ဆန်းစုကြည်ဆု၊  ဇာတ်လမ်းတိုအတွက် မင်းကိုနိုင်ဆု၊ Animation ကားဆုအတွက် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ ဂုဏ်ပြု မတ်လ ၁၃ ရက်နေ့ဆုတို့အပြင် သတင်း မှတ်တမ်း၊ ဇာတ်လမ်းတိုနှင့် Animation ကား များကို ဟံသာဝတီ ဦးဝင်းတင်ဆုအဖြစ် ဆုအမျိုး အစား ၄ မျိုး ချီးမြှင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required