ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ ၁၄ နှစ်အတွင်း အရေးပေါ်လူနာကူညီမှု ၁၇ဝဝ ထိရှိ

ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ ၁၄ နှစ်အတွင်း အရေးပေါ်လူနာကူညီမှု ၁၇ဝဝ ထိရှိ

ရန်ကုန်၊ ဒီဇင်ဘာလ ၂၃ ။             ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ ၁၄ နှစ်အတွင်း အရေးပေါ်လူနာ များအား ကူညီပေးခဲ့သည်မှာ လက်ရှိချိန်ထိ လူနာဦးရေ ၁၇ဝဝ ထိရှိပြီဖြစ်ကြောင်း ပုလဲမြို့သစ်အရန်မီးသတ် တပ်ဖွဲ့မှ စခန်းမှူး ဦးထင်လင်းအောင်က ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ ရခိုင်ကျောင်းမှတ်တိုင်အနီးရှိ ဝင်းထဲတွင် ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ စခန်းဖွင့်ပွဲပြုလုပ်ခဲ့ပြီး အဆိုဖွင့်ပွဲတွင် စခန်းမှူး ဦးထင်လင်းအောင်က မီဒီယာများမေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ လမ်းဘေး သေဆုံးတဲ့လူနာတွေလည်း ပါတာပေါ့နော်။ ယာဉ်တိုက်ပြီးသေဆုံးတာတွေပါမယ်။ ဆွဲကြိုးချသေ ဆုံးတာတွေ၊  ရဲအရေးပိုင်တဲ့ သေဆုံးမှုတွေ၊ ရေနှစ်သေတာတွေ၊ အဲ့ဒါတွေလည်း ကူညီမှုလုပ်ပေးခဲ့ တာတွေရှိ ပါတယ်။ ဆင်းရဲတဲ့ ကိုယ်ဝန်ဆောင်တွေ ဆို ကျွန်တော်တို့ ကိုယ်တိုင်သွားပြီးတော့ လေ့လာပါတယ်။ တကယ် ဆင်းရဲလားပေါ့။ မှန်ကန်ရင်တော့ ကျွန်တော်တို့ ဆီက လူနာတင်ယာဉ်နဲ့ ဆေးရုံတင်ပြီးတော့ သူရဲ့မွေးဖွား စရိတ်ကို ကျွန်တော်တို့ ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့ လှူဒါန်းပြီးတော့ ကလေးကိုကူညီပြီးတော့ မွေးဖွားပေး ပါတယ်”ဟု ဦးထင်လင်းအောင်က ပြောသည်။

 ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ထိုသို့ ကူညီလုပ်ဆောင်နေမှုများအပေါ် ဝေဖန်မှုတချို့ရှိနေပြီး ဝေဖန်မှုများရှိသော် လည်း ထိုသို့  ၂၄ နာရီ ကူညီလုပ်ဆောင်နေမှုများမှာ စေတနာပါသဖြင့် လုပ်ဆောင်နေသည့်အတွက် ပြည်သူ များအနေဖြင့် စေတနာ့ဝန်ထမ်းအဖြစ် ယုံကြည်စွာအားကိုး၍ ရကြောင်း ဦးထင်လင်းအောင်က ပြောသည်။

“ စစချင်းကတော့ ကျွန်တော်တို့အပေါ် ဝေဖန်မှုတွေက ရှိတာပေါ့နော်။ အရန်မီးသတ်က အလောင်းကောက် တာနဲ့ မဆိုင်ဘူး။ ဒါမျိုးတွေပေါ့။ ဒါပေမယ့်လည်း ကျွန်တော်တို့က ပရဟိတစေတနာဝန်ထမ်းကို ဦးတည်ထားတဲ့ အရာဆိုတော့။ နဂိုကလည်း ကျွန်တော်တို့ စတင်တဲ့အချိန်ကတည်းက အရေးပေါ်လူနာကူညီမှုတွေ၊ အလောင်း ကောက်တာတွေနဲ့ စတင်ခဲ့တော့ ကျွန်တော်တို့နဲ့ အဲ့ဒါယဉ်ပါးသွားတယ်။ အဲ့ဒါကို တောက်လျှောက်လုပ်ဖြစ်နေ တယ်ပေါ့နော်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ကလည်း ကျွန်တော်တို့ကို အများကြီးလျှောက်ပြီးတော့ မကြည့် ပါနဲ့။ စေတနာ့ဝန်ထမ်းအဖြစ် တစ်ကာလပဲကြည့်ပေးပါ။ အရန်ပဲဖြစ်ဖြစ်၊ ကြက်ခြေနီပဲဖြစ်ဖြစ်၊ တစ်ခြား ပရဟိ တပဲ ဖြစ်ဖြစ်၊ စေတနာဝန်ထမ်းသည် သူစေတနာပါလို့ လုပ်ဆောင်တာဖြစ်တဲ့အတွက် ပြည်သူကလည်း ယုံယုံ ကြည်ကြည်နဲ့ အားကိုးလို့ရ ပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ”ဟု ဦးထင်လင်းအောင်ကပြောသည်။

အဆိုပါ ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှာ ၂ဝဝ၃ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မီးငြိမ်း သတ် ယာဉ် ၃ စီး၊ အရေးပေါ်လူနာတင်ယာဉ် ၅ စီး၊ အုပ်ချုပ်မှူးယာဉ် ၁ စီးနှင့် အရန်မီးသတ်တပ်ဖွဲ့အင်အား ၄ဝ ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးလောင်မှုများအပြင်  သဘာဝဘေးအန္တရာယ်များ၊ ယာဉ်တိုက်မှုများအား ၂၄ နာရီကူညီပေးနေကြောင်း သိရသည်။

အရေးပေါ်အကူအညီလိုအပ်သူများအနေဖြင့်လည်း ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့ ဖုန်းနံပါတ် 09-962233772၊ 09-43180200၊ 09-43171879 နှင့် 09-775533383 ဖုန်းနံပါတ်များသို့  ၂၄ နာရီ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required