တီဗီဖွင့်ထားစဉ် ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်

တီဗီဖွင့်ထားစဉ် ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်

မကွေး ဒီဇင်ဘာ ၂၃ ။           ။ မကွေးမြို့၊ ကန်သာရပ်ကွက်၊ ဗာဒံပင်လမ်း၊ ၈ လမ်းနှင့် ၉ လမ်းကြားတွင် ဒီဇင်ဘာ ၂၂ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန်ခန့်က ဖွင့်ထားသော တီဗီမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်ပိုင်ရှင်အား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍  နေအိမ်ပိုင်ရှင် ဦးမောင်မောင်(ခ) ဦးစောလင်းအား မကွေးမြို့မရဲစခန်းမှ ဒီဇင်ဘာ ၂၂ရက်နေ့ ညရနာရီ၄၀မိနစ်အချိန်ခန့် ဖမ်းဆီးပြီး (ပ) ၃၇၉၆/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၂၈၅အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း မကွေးမြို့မရဲစခန်းမှ သိရသည်။

" ညနေ ၆နာရီ၁၀မိနစ်ခန့်က အိမ်မှာရှိသော တီဗွီဖွင့်ထားခဲ့ပြီး အိမ်အပြင်ဘက် ထွက်ထိုင်နေစဉ် တီဗွီမှ ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ပါတယ်၊ သူပိုင်ဆိုင်တဲ့ သုံးပင်ပတ်လည် (၂)ထပ် အုတ်ညှပ် ၊ ပျဉ်ခင်း/ပျဉ်ကာ၊ နေအိမ်အမိုးနဲ့ကြမ်းခင်းတွေ မီးလောင်ကျွမ်းခဲ့ပါတယ်" ဟု မကွေးမြို့မရဲစခန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဦးမောင်မောင်အိမ်နှင့်အတူ ၎င်းနေအိမ်၏ တောင်ဘက်ရှိ နေအိမ်နှင့် မြောက်ဘက်ရှိ ၂ထပ်တိုက် အနောက်ခြမ်းတို့အား မီးကူးစက်လောင်ကျွမ်းခဲ့၍ ကာလတန်ဘိုး(၁၆၅၀၀၀၀)ကျပ်ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း မကွေးမြို့မရဲစခန်းမှ သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ယာဉ်(၁၁)စီး၊ ရေသယ်ယာဉ်(၃)စီးနှင့် ရပ်ကွက်၊မြို့ပေါ်ရှိ ရဟန်းသံဃာများ၊ပြည်သူလူထုများ ပူးပေါင်းပါဝင် မီးငြိမ်းသတ်ခဲ့ကြသဖြင့် ည ရနာရီအချိန်ခန့်တွင်မီးငြိမ်းသွားခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required