ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စုစုပေါင်း (၁၂၆) ဦး လွဲပြောင်းမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စုစုပေါင်း (၁၂၆) ဦး လွဲပြောင်းမည်

သြဂုတ် ၂၁ ရက် ။        ။ ရခိုင်ပြည်နယ်၊ တောင်ပြို (လက်ဝဲ) တွင် ကျန်ရှိနေသည့် လှေစီးရွေ့ပြောင်းသွားလာသူ (၂၂၈) ဦး အနက် ဘင်္ဂလားဒေ့ရှ် ဘက်မှ စိစစ်၍ ပြန်လည်လက်ခံရန် အတည်ပြုပြီးဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စုစုပေါင်း (၁၂၆) ဦးကို သြဂုတ်လ ၂၅ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ လွှဲပြောင်းသွားမည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ် ၂၀ တွင် ထုတ်ပြန်သည်။

၂၀၁၅ ခုနှစ်၊ မေလအတွင်း ကယ်ဆယ်ခဲ့သည့် လှေစီးရွေ့ပြောင်းသွားလာသူများကို မူရင်းနေရပ်သို့ ပြန်လည် ပို့ဆောင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ညှိနှိုင်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စုစုပေါင်း (၅၀၁) ဦးကို (၄) ကြိမ်ခွဲ၍ ပြန်လည်ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။

Ref; MOI

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required