ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယက ဒေါ်လာ ၂၅သန်း အကူအညီပေးမည်

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယက ဒေါ်လာ ၂၅သန်း အကူအညီပေးမည်

 

ပဋိပက္ခဖြစ်ပွားနေသော ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယအစိုးရက အမေရိကန် ဒေါ်လာ ၂၅ သန်းအကူအညီပေးမည်ဟု ကြာသာပတေးနေ့က ကြေညာခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးရာဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရာဗီးရှ်ကူးမားက အဆိုပါငွေကြေးများကို ငါးနှစ်ကာလသတ်မှတ်ကာ အသုံးပြုသွားမည်ဖြစ်ကြောင်း The Indain Express သတင်းဌာနသို့ ပြောခဲ့သည်။

ဆက်လက်ပြီး ကူးမားက ထိုငွေကြေးများသည် ကိန်းဂဏန်းပြချေတစ်ခုဖြစ်ပြီး အမှန်တကယ်လိုအပ်ချက်အပေါ် မူတည်ကာ အကျိုးရှိရှိအသုံးချဖို့လိုကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

အိန္ဒိနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်းရှန်ကာနှင့် မြန်မာနိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပဋိပက္ခများဖြစ်ပွားနေသော ရခိုင်ပြည်နယ်အတွင်း၌ ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ပြင်ဆင်မွမ်းမံသွားဖို့ နားလည်မှုရယူကာ သဘောတူစာချုပ်မူကြမ်း၌ လက်မှတ်ရေးထိုးခဲ့ပြီး တစ်ရက်အကြာတွင် အိန္ဒိယအစိုးရဘက်မှ ယခုလိုကြေညာခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်၌ ဘင်္ဂါလီအရေးကိစ္စကြောင့် ပဋိပက္ခများဖြစ်ပွားနေချိန်၌ အိန္ဒိယအစိုးရဘက်မှ ယခုလိုကူညီခဲ့ ခြင်းဖြစ်သည်။ ဘင်္ဂါလီများအားလုံးကို မြန်မာအစိုးရက နိုင်ငံသားဖြစ်ခွင့်ပေးမည်မဟုတ်ပဲ

နိုင်ငံသားဖြစ်ခွင့်ဥပဒေနှင့် ညီညွတ်သူများကိုသာ နိုင်ငံသားဖြစ်ခွင့်ပေးမည်ဟု ကြေညာထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required