မန္တလေးမြို့တွင်း ပြေးဆွဲနေသည့် မော်တော်ယာဉ်များ စည်းကမ်းမလိုက်နာပါက အရေးယူမည်

မန္တလေးမြို့တွင်း ပြေးဆွဲနေသည့် မော်တော်ယာဉ်များ စည်းကမ်းမလိုက်နာပါက အရေးယူမည်

မန္တလေး၊ဒီဇင်ဘာ ၂၁ ။              ။ မန္တလေးမြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများလျှော့နည်းစေရန်နှင့်ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာသွားလာနိုင်ရေးအတွက် မြို့တွင်းပြေးဆွဲနေသည့်ယာဉ်များ စည်းကမ်းမလိုက်နာပါက စစ်ဆေးအရေးယူမှုများ လုပ်ဆောင်သွားမည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့၊လျှပ်စစ်၊စွမ်းအင်နှင့်ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင်ကပြောသည်။

"မန္တလေးမြို့တွင်းမှာ ပြေးလျှက်ရှိတဲ့ ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်များ စနစ်တကျပြေးဆွဲရေးအတွက် ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ(မြို့တွင်း)ဥပဒေ၊နည်းဥပဒေ စည်းကမ်းများနဲ့အညီ စစ်ဆေးကြီးကြပ်ဆောင်ရွက်ပြီး အရေးယူသွားမယ်။ယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီ၊ယာဉ်ထိန်းရဲတပ်ဖွဲ့၊စည်ပင်ရဲတပ်ဖွဲ့၊စည်ပင်သာယာအခွန်ဝန်ထမ်းစတဲ့အဖွဲ့ငါးဖွဲ့နဲ့ တစ်ပတ်ကို နှစ်ကြိမ် စစ်ဆေးနေပါတယ်"ဟု ဝန်ကြီး ဦးဇာနည်အောင်ကပြောသည်။

ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ(မြို့တွင်း)မှဦးဆောင်၍ မြို့တွင်းယာဉ်ကြောရှုပ်ထွေးသည့်နေရာများကို နေ့စဉ်ကြပ်မတ်စစ်ဆေးဆောင်ရွက်မှုများလုပ်ဆောင်နေသလို ပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးလျှက်ရှိကြောင်းသိရသည်။

ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ(မြို့တွင်း)၏ ကွပ်ကဲမှုအောက်တွင် ယာဉ်အသင်းပေါင်း ၄၃သင်းရှိနေပြီး ယာဉ်အစီးရေပေါင်း ၈၀၀ကျော်ရှိသည့်အနက် ယာဉ်အသင်း ၂၇သင်းတို့မှနေ့စဉ် မော်တော်ယာဉ် ၄၀၀ကျော်ပြေးဆွဲလျှက်ရှိသည် ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required