ဟော်လိဝုဒ် စုံတွဲ မီဂန်ဖော့ဇ် နှင့် အော်စတင်ဂရင်းတို့ လမ်းခွဲပြတ်စဲ

ဟော်လိဝုဒ် စုံတွဲ မီဂန်ဖော့ဇ် နှင့် အော်စတင်ဂရင်းတို့ လမ်းခွဲပြတ်စဲ

နယူးယော့ခ်၊ သြဂုတ် ၂၀ ။            ။ ဟောလိဝုဒ်မင်းသမီး မီဂန်ဖော့ဇ် နှင့် ခင်ပွန်းဖြစ်သူ မင်းသား ဘရိန်းအော် စတင်ဂရင်းတို့သည် ငါးနှစ်ကြာ အိမ်ထောင်သက်တမ်းကို ယခုအခါ  အဆုံးသတ်လိုက် ပြီဖြစ်သည်။

မီဂန်ဖော့ဇ် နှင့် ဘရိန်း အော်စတင်ဂရင်းတို့သည် ၁၁ နှစ်ကြာ အတူနေလာခဲ့ကြောင်းနှင့် ၎င်းတို့နှစ်ဦးသည် လွန်ခဲ့သည့် ခြောက်လကတည်းက လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အတွင်းလူတစ်ဦးက Us Weekly ကို ပြောကြားသည်။

ယခုနှစ်နွေရာသီတွင် ဘန်အက်ဖ်လက်ခ်နှင့် ဂျနီဖာဂန်နာတို့စုံတွဲ ၊ ဝါဝန်စတီဖာနီ နှင့် ဂါဗင် ရော့စ်ဒါလီတို့စုံတွဲ၊ မာရန်ဒါလမ်းဘက် နှင့် ဘလိတ်ခ်ရှဲတန် တို့စုံတွဲ တို့အပါအဝင်ဟောလိဝုဒ်စုံတွဲ အများအပြား လမ်းခွဲပြတ်စဲခဲ့ကြကြောင်းနှင့် လမ်းခွဲပြတ်စဲခဲ့သည့် စုံတွဲများတွင် မီဂန်ဖော့ဇ် နှင့် ဘရိန်း အော်စတင်ဂရင်းတို့လည်း ပါဝင်လာခဲ့သည်။

ဖော့ဇ်နှင့် ဂရင်းတို့တွင် အသက် နှစ်နှစ်အရွယ်ရှိ နိုအာ၊ အသက် ၁၈ လအရွယ်ရှိ ဘော့ဒ်ဟီ သားနှစ်ဦးရှိကြောင်းနှင့် ၎င်းတို့နှစ်ဦး လမ်းခွဲခဲ့ရသည့် အကြောင်းကို အတိအကျမသိသော်လည်း ညှိနှိုင်း မရသော ကိစ္စများကြောင့် လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ စုံတွဲနှင့်ရင်းနှီးသော သတင်း ရင်းမြစ်က ပြောကြားသည်။

“သူတို့နှစ်ဦး လမ်းခွဲတာဟာ ဖော့ဇ်ရဲ့ အနုပညာလုပ်ငန်းကြောင့် ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အနုပညာလုပ်ငန်းနဲ့ ပတ်သက်လို့ စကားများခဲ့ကြတယ်။ ဂရင်းက ဖော့ဇ်ကို အိမ်မှာ ကလေးတွေနဲ့အ တူ နေစေချင်တယ်။ ဒါပေမဲ့ ဖော့ဇ်က အနုပညာအလုပ်ကို မစွန့်လွှတ်ချင်ဘူး” ဟု Daily Mail တွင် ဖော်ပြထားသည်။ ၎င်းတို့စုံတွဲသည်   ဇွန် ၉ ရက်က ဘီဗာလီဟဲလ်မြို့ တွင်နောက်ဆုံး အကြိမ်နေ့ လယ်စာ အတူစားသုံးခဲ့ကြပြီး ဓာတ်ပုံ ရိုက်ခဲ့ကြသည်။

ဖော့ဇ် နှင့် ဂရင်းတို့သည် ၂၀၀၄ ခုနှစ်က Hope & Faith ဇာတ်ကားတွင် သရုပ်ဆောင်ရာမှ သိကျွမ်းခဲ့ပြီး တွဲခဲ့ကြခြင်းဖြစ်ကြောင်းနှင့် ယင်းအချိန်က ဖော့ဇ်သည် အသက် ၁၈ နှစ်သာရှိပြီး ဂရင်းသည် အသက် ၃၁ နှစ်ရှိပြီ ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ၂၀၀၆ ခုနှစ်က စေ့စပ်ခဲ့ပြီးနောက် သုံးနှစ်အကြာတွင် စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့သည်။ ဖော့ဇ် နှင့် ဂရင်းတို့သည် ၂၀၁၀ ခုနှစ်က ထပ်မံစေ့စပ်ခဲ့ကြပြီးနောက် တစ်လမပြည့်ခင် ဇွန်လတွင် ဟာဝါရီ၌ မင်္ဂလာပွဲကို ဆင်နွှဲခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly