မိဘသွေးအမျိုးအစားက ကလေးငယ်အပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲ

မိဘသွေးအမျိုးအစားက ကလေးငယ်အပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

လူသားတွေမှာ အဓိကအားဖြင့် ABO blood group system နဲ့ Rh (Rhesus) blood group system ရယ်ဆိုပြီး အဓိကသွေးအုပ်စုတွေ သတ်မှတ်ထားတာရှိပါတယ်။ တကယ်လို့ သင့်ရဲ့သွေးအမျိုးအစားက A Rh (အတိုကောက်ပြောပြရင် A positive) ဆိုပါက သင်ဟာ ABO သွေးအမျိုးအစားအုပ်စုမှာ A သွေးအမျိုးအစားဖြစ်ပြီး Rh သွေးအုပ်စုအမျိုးအစားမှာ Rh  positive ဖြစ်ပါတယ်။

မိဘရဲ့ ABO သွေးအမျိုးအစားအုပ်စု မတူတာကြောင့် ကလေးငယ်ရဲ့ကျန်းမာရေးအပေါ်မျာ ထိခိုက်မှုမရှိပေမယ့် ဖခင်ဖြစ်သူက Rh positive ဖြစ်နေပြီး မိခင်က Rh negative ဖြစ်နေမယ်ဆိုရင်မွေးဖွားလာမယ့် ဒုတိယမြောက်ကလေးမှာ Rh ဝေဒနာဖြစ်နိုင်ခြေရှိပါတယ်။

ဘာတွေဖြစ်နိုင်သလဲ။

ဖခင်ဖြစ်သူရဲ့ သွေးအမျိုးအစားက Rh positive ဖြစ်ပြီး မိခင်ရဲ့သွေးအမျိုးအစားက Rh negative ဖြစ်နေမယ်ဆိုရင် ကလေးရဲ့သွေးအုပ်စုအမျိုးအစားက Rh positive ဖြစ်နိုင်ခြေရှိပါတယ်။
ပထမဆုံး သားဦးကလေးကိုမွေးဖွားချိန်မှာ မိခင်က ကလေးရဲ့သွေးအမျိုးအစားနဲ့ ထိတွေ့မိပြီး မိခင်ရဲ့ သွေးအမျိုးအစားက ကလေးရဲ့ သွေးနီဥဆဲလ်ထဲမှာရှိတဲ့ Rh antigen ကိုဆန့်ကျင်တဲ့အခါ ပဋိပစ္စည်းတွေထွက်ပေါ်လာတာကိုဖြစ်စေပါတယ်။ အဆိုပါအနေအထားက မိခင်က ဒုတိယ ကလေးကိုကိုယ်ဝန်ဆောင်ချိန်မှာ ပဋိပစ္စည်းတွေက သန္ဓေသားရဲ့ သွေးနီဥဆဲလ်တွေကို ထိခိုက်ပျက်စီးစေပါတယ်။

လက်ထပ်ဖို့ မသင့်တော်တဲ့သွေးအုပ်စုများ

အမျိုးသား                                       အမျိုးသမီး
A                                                         O နဲ့ B
B                                                         O နဲ့ A
AB                                                      O၊ A နဲ့ B
Rh positive                                       Rh negative

လက်ထပ်လို့သင့်တော်တဲ့ သွေးအုပ်စုများ

အမျိုးသား                                        အမျိုးသမီး
A                                                         A နဲ့ AB
B                                                         B နဲ့ AB
O                                                        O၊ A ၊ B နဲ့ AB
AB                                                      AB
Rh positive                                       Rh positive
Rh negative                                      Rh negative

လက်မထပ်ခင်မှာ ဘာကြောင့်သွေးအုပ်စုတွေ လိုက်ဖက်မှု ရှိ၊မရှိ ဆန်းစစ်သင့်တာလဲ

လက်မထပ်မီမှာ အမျိုးသားနဲ့အမျိုးသမီးရဲ့ သွေးအုပ်စုချင်းကိုက်ညီမှု ရှိ၊မရှိ စစ်ဆေးဖို့က အရေးပါပါတယ်။ ဒါမှသာ Rh အမျိုးအစားချင်း သဟဇာတ တည့်၊မတည့်သိရှိနိုင်မှာဖြစ်ပါတယ်။ Rh incompatibility Rh သဟဇာတမဖြစ်ခြင်း က မွေးလာမယ့် ကလေးငယ်မှာ erythroblastosis fetalis လို့ခေါ်တဲ့မွေးရာပါသွေးရောဂါ ဖြစ်စေနိုင်ပါတယ်။  အဆိုပါအခြေအနေက သန္ဓေသားမှာ သွေးနီဥဆဲလ်တွေ ပျက်စီးစေပြီး ပြင်းထန်တဲ့ သွေးအားနည်းရောဂါကို ရရှိိစေမှာဖြစ်သလို အသားဝါရောဂါကိုလည်းခံစားရစေနိုင်ပါတယ်။ အရမ်းပြင်းထန်တဲ့အနေအထားမျိုးမှာ သန္ဓေသားက ရုတ်တရက်နှလုံးရပ်ပြီး သေဆုံးတာမျိုးအထိဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ အဆိုပါအနေအထားကို antigen-antibodies reaction နဲ့ အဆင်ပြေအောင်လုပ်ဆောင်ရပါတယ်။ မိခင်ဆီက ပဋိပစ္စည်းတွေက အချင်းတစ်လျှောက်မှာ စီးဆင်းနေတာကို တွေ့ရှိရပါတယ်။ အခုလိုအနေအထားမျိုးက Rh positive အမျိုးသား နဲ့ Rh negative အမျိုးသမီးတွေလက်ထပ်တဲ့အခါမှာတွေ့ကြံုရနိုင်ပါတယ်။ဒါကြောင့် Rh postive အမျိုးသားနဲ့ Rh negative အမျိုးသမီးလက်ထပ်ဖို့မသင့်တော်ပါဘူး။

မွေးဖွားလာမယ့် ကလေးငယ်မှာ ဖြစ်ပွားလာနိုင်တဲ့သွေးအားနည်းရောဂါကို ကလေးကိုမမွေးဖွားလာခင်ကတည်းက သွေးလဲပေးတာမျိုးလုပ်ဆောင်ပြီး ကုသနိုင်ပါတယ်။ ABO သွေးအမျိုးအစား မတူတာကြောင့်တော့ erythroblastosis fetali မဖြစ်နိုင်ပါဘူး။ မိခင်ကို ကိုယ်ဝန်ဆောင်ကာလ ၂၈ ပတ်လောက်ကနေစပြီး Rho (D) immune globulin ကိုထိုးပေးရမှာဖြစ်ပါတယ်။ ကလေးမွေးပြီး ရ၂ နာရီအတွင်းမှာလည်း ဆေးထိုးပေးဖို့လိုအပ်ပါတယ်။

သွေးအုပ်စုတူတဲ့ သူအချင်းချင်းလက်ထပ်မှုက ပြဿနာမရှိပါဘူး။ လူတိုင်းက မွေးဖွားလာစဉ်ကတည်းက သွေးအုပ်စု အတိအကျ၊ Rh postive ၊ Rh negative အတိအကျနဲ့မွေးဖွားလာတာဖြစ်ပါတယ်။ Rh positive က Rh negative ထက်တွေ့ရများပါတယ်။

မိခင်နဲ့ သန္ဓေသားရဲ့ Rh အမျိုးအစားမတူညီတဲ့ အခါမိခင်ရဲ့ ခန္ဓာကိုယ်က ပဋိပစ္စည်းတွေကို ထုတ်လွှတ်ပါတယ်။ အဆိုပါ ပဋိပစ္စည်းတွေက Rh positive အမျိုးအစားဖြစ်နေတဲ့ ကလေးငယ်ရဲ့သွေးကို တိုက်ခိုက်ပါတယ်။ ထိုသို့တိုက်ခိုက်မှုက ကလေးငယ်ရဲ့သွေးနီဥဆဲလ်တွေကို ပျက်စီးစေပြီး ကလေးငယ်မှာ သွေးအားနည်းရောဂါဖြစ်စေနိုင်ပါတယ်။ အခြေအနေပြင်းထန်မယ်ဆိုရင်တော့  ကလေးငယ်မှာနာမကျန်းဖြစ်တာ၊ ဦးနှောက်ပျက်စီးတာနဲ့ သေဆုံးတာမျိုးအထိဖြစ်ပေါ်နိုင်ပါတယ်။

တကယ်တော့ သွေးအုပ်စုအမျိုးအစားက ပြဿနာရှိတာမဟုတ်ပါဘူး။ Rh အမျိုးအစားကပဲ ပြဿနာရှိတာဖြစ်ပါတယ်။ သွေးအမျိုးအစား A positive အချင်းချင်းကမွေးဖွားလာမယ့် ကလေးငယ်ကလည်း Rh positive ပဲဖြစ်မှာဖြစ်တာကြောင့် သွေးအမျိုးအစားအတူတူချင်းလက်ထပ်တာက ဘာမှအခက်အခဲမရှိပါဘူး။ အကောင်းဆုံးလို့ဆိုရပါမယ်။

Rh negative မိခင်အနေနဲ့ ကိုယ်ဝန်ဆောင်တဲ့အခါ anti-D immunoglobulin လို့ခေါ်တဲ့ ဆေးတစ်မျိုးကိုထိုးရမှာဖြစ်ပါတယ်။ အဆိုပါ ထိုးဆေးက ကလေးငယ်ကို သွေးရဲ့ Rh အမျိုးအစားမတူတာကြောင့် အန္တရာယ်မဖြစ်အောင်ကာကွယ်ပေးပါတယ်။

တကယ်လို့ မိခင်ဖြစ်သူက Rh negative ဖြစ်ပြီး Rh positive သန္ဓေသားကို ကိုယ်ဝန်ဆောင်ထားရမယ်ဆိုရင် ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ သွေးချင်းရောပြီး ပြဿနာတွေဖြစ်ပေါ်နိုင်ပါတယ်။

မိခင်ရဲ့ကိုယ်ခံအား စနစ်က ကလေးရဲ့သွေးကိုဆန့်ကျင်တဲ့ ပဋိပစ္စည်းတွေထုတ်လုပ်တာမျိုးဖြစ်ပေါ်နိုင်ပါတယ်။ ဒီအနေအထားက ကလေးငယ်မှာ သွေးအားနည်းရောဂါဖြစ်စေနိုင်သလို အခြားရောဂါတွေဝင်စေနိုင်တဲ့အပြင် မိခင်ရဲ့ နောက်ထပ် ကိုယ်ဝန်ဆောင်မှုအပေါ်မှာပါထိခိုက်မှုရှိစေနိုင်ပါတယ်။

anti-D immunoglobulin ဆေးထိုးထားတာက ကလေးငယ်ကိုရောဂါတွေမဝင်ရောက်အောင်ကာကွယ်ပေးပါတယ်။ ကလေးငယ်ဖခင်ရဲ့သွေးအမျိုးအစားကို အတိအကျသိရမှသာ မိခင်အနေနဲ့ ဆေးထိုးဖို့လိုအပ်မလား၊မလိုအပ်ဖူးလားဆိုတာကို ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။

RhD-positive အမျိုးအစား သွေးအုပ်စုပိုင်ရှင်တွေမှာ သူတို့ရဲ့သွေးနီဥဆဲလ်တွေမှာ D antigen လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးရှိနေတတ်ပါတယ်။ RhD-negative သမားတွေမှာတော့ D antigen လို့ခေါ်တဲ့ ပရိုတင်းမရှိတတ်ပါဘူး။

သားသမီးတွေက မိဘတွေထံကနေ rhesus factor ကိုဆက်ခံကြတာဖြစ်ပါတယ်။ လူဖြူဥရောပ မျိုးရိုးနောက်ခံရှိသူတွေ ၈၅ ရာခိုင်နှုန်းလောက်မှာ RhD-positive သွေးအမျိုးအစားရှိတတ်တာဖြစ်ပြီး အာဖရိကလူမျိုးတွေရဲ့ ၉၄ ရာခိုင်နှုန်းနဲ့ နဲ့ အာရှလူမျိုးတွေရဲ့ ၉၀ ရာခိုင်နှုန်းက RhD-positive သွေးအမျိုးအစား ရှိတတ်ပါတယ်။

တော်တော်များရဲ့ သွေးအမျိုးအစားက RhD-positive ဖြစ်နေတာက မိဘနှစ်ပါးထဲကတစ်ယောက်ယောက်ရကြ ဆီကနေ ဆက်ခံရယူလိုက်တာကြောင့်ဖြစ်ပါတယ်။ မိဘနှစ်ပါးမှာ Rh-positive ဖြစ်နိုင်သလို Rh-negative လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မျိုးဗီဇ နှစ်ရပ်မှာ Rh- positive ကအမြဲ လွှမ်းမိုးနိုင်ပါတယ်။

•    မိဘနှစ်ပါးမှာ တစ်ဦးက Rh-positive ဖြစ်ပြီး တစ်ဦးက Rh-negative ဖြစ်မယ်ဆိုရင် ကလေးငယ်က Rh-positive ဖြစ်နိုင်ပါတယ်။
•    မိဘနှစ်ဦးစလုံးက Rh-positive ဆိုရင်မွေးလာမယ့်ကလေးငယ်က Rh-positive ဖြစ်မှာဖြစ်ပါတယ်။
•    မိဘနှစ်ပါးစလုံးက Rh-negative ဆိုရင်တော့ မွေးလာမယ့်ကလေးငယ်က RhD-positive ဖြစ်နိုင်ခြေမရှိပါဘူး။
•    မိခင်တွေအနေနဲ့ သူတို့ရဲ့ သွေးအုပ်စုနဲ့ Rh အမျိုးအစားကို သိရှိနိုင်စေဖို့အတွက် ကိုယ်ဝန်စဆာင်စဉ်ကတည်းက သွေးစစ်ဆေးမှုကို ကြိုတင်လုပ်ဆောင်သင့်ပါတယ်။

ABO Blood Group System

•    သွေးနီဥဆဲလ်တွေကို A antigens  ကဖုံးအုပ်ထားပြီး သွေးအမျိုးအစားကလည်း A ဆိုပေမယ့် B-antibodies ရှိနေနိုင်ပါတယ်။
•    သွေးနီဥဆဲလ်တွေကို B antigens  ကဖုံးအုပ်ထားပြီး သွေးအမျိုးအစားကလည်း B ဆိုပေမယ့် A-antibodies ရှိနေနိုင်ပါတယ်။
•    သွေးနီဥဆဲလ်တွေကို A နဲ့ B antigens  ကဖုံးအုပ်ထားပြီး သွေးအမျိုးအစားကလည်း AB ဆိုပေမယ့် A-antibodies (သို့) B-antibodies ပါမရှိနေနိုင်ပါဘူး။
•    သွေးနီဥဆဲလ်တွေကို A နဲ့ B antigens တွေကဖုံးအုပ်ထားခြင်းမရှိဘဲ သွေးအမျိုးအစားက  O ဖြစ်နေမယ်ဆိုရင် A-antibodies ရော B-antibodies ပါရှိနေနိုင်ပါတယ်။

မိဘသွေးအမျိုးအစား                     A                      B                      AB                   O
A                                                   A၊O                  A၊ AB၊ O၊ B        A၊B၊AB            A၊O
B                                                  A၊AB၊O၊B          B၊O                    B၊AB                B၊O
AB                                               A၊B၊AB              B၊AB                  A၊B၊AB            A၊B၊AB
O                                                 A၊O                   B၊O                     A၊B၊AB            O

Rhesus (Rh) system

သွေးနီဥဆဲလ်အပေါ်မှာ A နဲ့ B antigen အပြင်အခြားအရေးကြီးတဲ့ antigen  တစ်မျိုးရှိပါတယ်။ ဒါကတော့ D-Antigen လို့သိကြတဲ့ Rh antigen ပဲဖြစ်ပါတယ်။

•    Rh antigen  ရှိတဲ့သူတွေက RhD positive အမျိုးအစားသွေးပိုင်ရှင်တွေဖြစ်ကြပါတယ်။
•    Rh antigen  မရှိတဲ့သူတွေက RhD negative အမျိုးအစားသွေးပိုင်ရှင်တွေဖြစ်ကြပါတယ်။
•    AB သွေးအမျိုးအစား မိဘ နှစ်ပါးကနေမွေးဖွားတဲ့ကလေးက A သွေး၊B သွေး (သို့) AB သွေးတွေ ဖြစ်နိုင်ပေမယ့် O သွေးတော့မဖြစ်နိုင်ပါဘူး။
•    A သွေးအမျိုးအစား မိဘ နှစ်ပါးကနေမွေးဖွားတဲ့ကလေးက A သွေး (သို့) O သွေးတွေ ဖြစ်နိုင်ပေမယ့် B သွေး (သို့) AB  သွေးတော့မဖြစ်နိုင်ပါဘူး။
•    B သွေးအမျိုးအစား မိဘ နှစ်ပါးကနေမွေးဖွားတဲ့ကလေးက B သွေး (သို့) O သွေးတွေ ဖြစ်နိုင်ပေမယ့် A သွေး (သို့) AB  သွေးတော့မဖြစ်နိုင်ပါဘူး။
•    O သွေးအမျိုးအစား မိဘ နှစ်ပါးကနေမွေးဖွားတဲ့ကလေးက  O သွေးသာဖြစ်နိုင်ပြီး Aသွေး၊ B သွေး (သို့) AB  သွေးတော့မဖြစ်နိုင်ပါဘူး။
•    မိဘနှစ်ပါးစလုံးက rhesus-negative ဆိုရင်တော့ မွေးလာမယ့်ကလေး rhesus-negative ပဲဖြစ်မှာဖြစ်ပါတယ်။ မိဘနှစ်ပါးစလုံးက rhesus-positive ဆိုရင်တော့ မွေးလာမယ့် ကလေးငယ်က rhesus-positive ပဲဖြစ်လာမှာဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly