၂၀၁၇ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ဆုရရှိသူများကို ရွှေသားကြယ် ၅ ကျပ်သား ချီးမြှင့်မည်

၂၀၁၇ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ဆုရရှိသူများကို ရွှေသားကြယ် ၅ ကျပ်သား ချီးမြှင့်မည်

 

ရန်ကုန် ၊ ဒီဇင်ဘာ ၂၀ ။            ။ မတ်လတွင် ကျင်းပပြုလုပ်တော့မည် ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ဆုရရှိကြမည့် သူများကို ယခင် ရွှေသားကြယ်၂ ကျပ်သား ချီးမြင့်ခဲ့ရာမှ ယခုနှစ်တွင် ရွှေသားကြယ် ၅ ကျပ်သား ချီးမြှင့်သွားမည် ဖြစ်သည်။

 ယခင် ကျင်းပပြုလုပ်ခဲ့သည့် ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ဆုရရှိကြသူများကို ရွှေသားကြယ်၂ ကျပ်သား ချီးမြင့်ခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်တွင် ရွှေသားကြယ် ၅ ကျပ်သား ချီးမြှင့်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ယခုနှစ်တွင် ရုပ်ရှင်ထူးချွန်ဆုရရှိကြမည့်သူများကို တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆုအတွက် ရွှေသားကြယ် ၅ ကျပ်သားအပြင် သက်ရှိထင်ရှားရှိစဉ်ကာလတလျှောက် လစဉ် ချီးမြှင့်ငွေ ကျပ် ၅ သိန်းကိုပါ ချီးမြှင့်သွားမည် ဖြစ်သည် ။

အဆိုပါ ကိစ္စများကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နှင့် ၂၀၁၇ ခုနှစ် အကယ်ဒမီ ချီးမြင့်ပွဲ အတွက် ပံ့ပိုး ကူညီ မည့် Main Sponsor ရွေးချယ်ရာတွင် အဆိုပြုလွှာ အောင်မြင်ခဲ့သည့် Forever group နှင့် ဆက်စပ်ကုမ္ပဏီများမှ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

၂၀၁၇ ခုနှစ် အကယ်ဒမီ ချီးမြင့်ပွဲ အတွက် ပံ့ပိုး ကူညီ မည့် Main Sponsor ၊ Co. Sponsor အဆိုပြုလွှာ များ လက်ခံရာတွင် Main Sponsor အဖြစ် Forever group မှ အောင်မြင်ခဲ့ပြီး ၊ (Co Sponser )အဖြစ် ရွှေနန်းတော် ဆင်ကိုးကောင် တို့မှ ရရှိခဲ့သည်။

Forever group အနေဖြင့် အခမ်းအနားကျင်းပရန် ရုပ်ရှင်အစည်းအရုံးသို့ လှူဒါန်းငွေ ကျပ်သိန်း ၃၀၀၀ တို့ဖြင့် ယနေ့ လေ့လာသူများ ရှေ့မှောက်တွင်အဆိုပြုလွှာ အောင်မြင်ခဲ့ခြင်း ဖြစ်ပြီး အခမ်းအနား ကျင်းပရန် ခန့်မှန်း ကုန်ကျငွေ ကျပ်သိန်း ၃၀၀၀ တွင် အထက်ပါ ရွှေကြယ်များ ကုန်ကျစရိတ် ပါဝင်ခြင်း မရှိပဲ ယင်း ရွှေကြယ်များကျသင့် ငွေတန်င်ဖိုးငွေအပြင် ကြွရောက်လာသူ တစ်ဦးလျှင် ကျပ် ၅၀၀၀ ဖိုးကျွေးမွေး ဧည့်ခံစရိတ် ၊ ရေသန့် ၊ အအေး တို့အတွက် ကုန်ကျစားရိတ် တို့ကိုပါ Forever groupမှ သီးခြားကျခံ သုံးစွဲသွားမည် ဖြစ်သည်။

 ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကို မတ်လတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး လက်ရှိတွင် ရုံတင် ပြသထားသည့် ဇာတ်ကား ၅၃ကား ရှိပြီး ထိုဇာတ်ကား ၅၃ကားမှာ  တီတီ နဲ့ ဒိုးနတ် ၊ ချန်ပီယံလေး ၊ ဘယ်ရည်းစားကို အချစ်ဆုံးလဲ ၊ ဟန်းနီးမွန်း ၊  ကြီးကြီးကျယ်ကျယ် ၊ သားဘီလူး ၊ ငါ့အကယ်ဒမီ ၊  မာယာစတိုင် ၊ ကွမ်းလုံရက် ၄၀ ၊  ပထမထပ်ဟန်းနီးမွန်း ၊ ဂျံုးဂျံုးဂျက်ဂျက် ၊  ကြိုးဖြင့်ချည်ထားသော ဗာရာဏသီ ၊ ခေါက်ထီးကလေးမလုံ့တလုံ ၊  အရွယ်သုံးပါးချစ်တတ်သည် ၊ လူများကိုခြောက်လှန့်ရန် တစ္ဆေတစ်ကောင်အလိုရှိသည် ၊ ချိုမြိန်သောလက်စားချေခြင်း ၊ အမှောင်မှာရွာချတဲ့မိုးတိမ် ( ကျွန် ) ၊ နေဝင်အိပ်တန်းတက် ၊ဝိညာဉ်ကကြိုး ၊ သူငယ် ၊ ကပ္ပိယ ၊ အော်ရီဂျင်နယ် ဂန်းစတား ၂ ၊ သူငယ်ချင်းယောက္ခမ(၂)  ၊  ဘုန်းကညာနှစ်ပါး ၊ ည ၊  ကြောက် ကြောက် ကြောက် ၊ ရာဇဝင်ရိုင်းသူများ ၊ ပွဲခံမယ် ၊ သိုက်ကလာတယ် စကားမပြောဘူး ၊ ဆယ်လီ ၊ ဖက်ရှင် ၊ နေခြည်မှာရွှေရည်လောင်း ၊ သရာစောထိ ၊  ဒီမိုရပ်ကွက် ၊ တိမ်ပြာသောနေ ့၊ ကြီးမြတ်သောမြန်မာ ၊ ထဘီကျွတ်၍ လွှတ်လိုက်သည် ၊ ဇွတ်ကျား ၊  အောင်စေပိုင်စေ ၊ ပရိုဂျူဆာ မကြီးစိုး  ၊ အော်တိုဘုရင် ၊ ရင်ဘတ်ထဲကဓား ၊ မယားကြောက်ရွာ ၊ အမည်​​ပေါက်​ကျူး ၊ ပက်​ပက်​စက်​စက်​ညို့ ၊ ဖေ့ဘုတ်​ဘုရင်​မ ၊ တာ​တေကြီး ၊ ငါကဗိုလ်​​အောင်​ဒင်​ ၊ ထာဝရအ​မေ ၊ 3G ၊ တောကျီးကန်​း ၊ ငေါ့ချမ်​းခသစ္စာ ၊ ဆိုင်​းကြိုက်​တဲ့​မောင်​ စသည့် ဇာတ်ကားများ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required