"တောကျီးကန်း" (ခိုးဆိုးလုနှိုက် ၂) ရုပ်ရှင်ဇာတ်ကား ဒီဇင်ဘာ ၂၂ရက်တွင် ရုံတင်ပြသမည်

"တောကျီးကန်း" (ခိုးဆိုးလုနှိုက် ၂) ရုပ်ရှင်ဇာတ်ကား ဒီဇင်ဘာ ၂၂ရက်တွင် ရုံတင်ပြသမည်

 

ရန်ကုန် ၊ ဒီဇင်ဘာ ၂၀ ။          ။ မိုး ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ရိုက်ကူး ပုံဖော်ထားသည့် တော်ကျီးကန်း (ခိုးဆိုးလုနှိုက် ၂) ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာ ၂၂ရက်မှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် စတင် ပြသတော့မည် ဖြစ်သည်။

"တောကျီးကန်း" (ခိုးဆိုးလုနှိုက် ၂) ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသခြင်းကို ဒီဇင်ဘာလ (၁၇) ရက်တွင် ရန်ကုန် ၊ သမ္မတ ရုပ်ရှင်ရုံ၌ ပြုလုပ်ခဲ့ပြီး ဒါရိုုက်တာ စတီး၊ သရုပ်ဆောင် ခင်လှိုင်၊ ထူးခြား နှင့် မိုးဟေကို တို့ တက်ရောက်ခဲ့ကြသည်။

ဇာတ်ညွှန်း နေစိုးသော် ၊ ဇာတ်လမ်း စျာန်သခင်သွေး ဖြစ်ပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ရိုက်ကူး ထားကာ သရုပ်ဆောင်များ အဖြစ် မြင့်မြတ် ၊ ခင်လှိုင် ၊ ထူးခြား ၊ မိုးဟေကို နှင့် တခြား သရုပ်ဆောင်များစွာ တို့က ပါ၀င် သရုပ်ဆောင်ထားကြသည်။

ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ရိုက်ကူးထားသည့် ခိုးဆိုးလုနှိုက် ရုပ်ရှင်ဇာတ်ကား သည်လည်း ပရိသတ် အားပေးမှု ရရှိခဲ့သည့် ဇာတ်ကား တစ်ကား ဖြစ်သလို ယခု ရုံတင် ပြသတော့မည့် "တောကျီးကန်း" (ခိုးဆိုးလုနှိုက် ၂) ရုပ်ရှင်ဇာတ်ကား သည်လည်း ပရိသတ်ကို ရသ တစ်မျိုး ပေးစွမ်းမည့် ရုပ်ရှင် ဇာတ်ကား ဖြစ်သည်။

တောကျီးကန်း ရုပ်ရှင်ဇာတ်ကား နမူနာ ကြည့်ရှူသူ ၃သန်းကျော် ရှိခဲ့ပြီး ထိုရုပ်ရှင်ဇာတ်ကားတွင် အချစ် ၊ အမုန်း ၊ အက်ရှင်တွေ ၊ ဘဝသင်ခန်းစာတွေ အများကြီးပါ၀င် ထားပြီး သူငယ်ချင်း နှစ်ယောက် ၏ မေတ္တာတရားတွေကို တွေ့မြင်ခံစားရမည် ဖြစ်သည်။

ထိုဇာတ်ကားတွင် တောကျီးကန်း အဖြစ် မြင့်မြတ် က သရုပ်ဆောင်ထားကာ တောက်တဲ့ အဖြစ် ခင်လှိုင် သရုပ်ဆောင်ထားပြီး ၎င်းတို့နှစ်ဦး သည် ဆိုးပေတေသူများ ဖြစ်ကြသော်လည်း စိတ်ရင်းကောင်းကြသူများအဖြစ် သရုပ်ဆောင် ထားကြသည်။

လက်ရှိတွင် မကြာမီ ရုံတင်ပြသတော့မည့် "တောကျီးကန်း" (ခိုးဆိုးလုနှိုက် ၂) ရုပ်ရှင်ဇာတ်ကား အတွက် ကြိုတင် လက်မှတ်များ ၀ယ်ယူနိုင်ပြီ ဖြစ်ပြီး ရန်ကုန် သမ္မတ ရုပ်ရှင်ရုံ နှင့် မန္တလေး ၀င်းလိုက် ရုပ်ရှင်ရုံ တို့တွင် ၀ယ်ယူနိုင်ပြီ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required