မြောက်ကိုရီးယားကြောင့် ဂျပန်က အမေရိကန်ထံမှ ဒုံးကျည်ကာကွယ်ရေးစနစ် ၀ယ်ယူတပ်ဆင်မည်

မြောက်ကိုရီးယားကြောင့် ဂျပန်က အမေရိကန်ထံမှ ဒုံးကျည်ကာကွယ်ရေးစနစ် ၀ယ်ယူတပ်ဆင်မည်

 

တိုကျို၊ ဒီဇင်ဘာ ၁၉ ။                       ။ မြောက်ကိုရီးယားနိုင်ငံထံမှ ခြိမ်းခြောက်မှုများ အရှိန်မြင့်တက်နေခြင်းကြောင့် ဂျပန်နိုင်ငံသည် ၎င်း၏ ကကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပြီး တန်ဖိုးကြီးသော ကုန်းတွင်းအခြေစိုက် အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ၀ယ်ယူတပ်ဆင်မည့် အစီအစဉ်အား ကက်ဘိနက်အဖွဲ့က အတည်ပြုလိုက်သည်။

ဒီဇင်ဘာ ၁၉ ရက်က ယခုအတည်ပြုချက်သည် ဂျပန်နိုင်ငံ၏ လက်ရှိ ရှိထားပြီး ဒုံးကျည််ကာကွယ်ရေးစနစ်နှစ်ရပ်ဖြစ်သော Patriot နှင့် Aegis ဒုံးကာစနစ်များတွင် Aegis Ashore စနစ်နှစ်ရပ်ကို ကာကွယ်ရေးဝန်ကြီးဌာနက ၀ယ်ယူရန် ခွင့်ပြုချထားလိုက်ခြင်း ဖြစ်သည်။

ကြီးထွားလာနေသော ဂျပန်နိုင်ငံ၏ ကာကွယ်ရေးကုန်ကျစရိတ်ကို ထပ်ဆောင်းမည့် အဆိုပါ ၀ယ်ယူမှုက ၀န်ကြီးချုပ် ရှင်ဇိုအာဘေးအစိုးရ၏ ဂျပန်စစ်တပ်ကို နိုင်ငံတကာကအခန်းကဏ္ဍတွင် ပိုမိုအရေးပါလာရေးနှင့် ဒုံးကျည်ကာကွယ်ရေးစွမ်းရည် မြင့်မားရေး ရည်ရွယ်ချက်များအတွက် အားဖြည့်ပေးမည်ဖြစ်သည်။

အဆိုပါ Aegis Ashore ဒုံးကျည်ယူနစ်နှစ်ရပ်သည် ဂျပန်တစ်နိုင်ငံလုံးကို ကာကွယ်နိုင်စွမ်းမည်ဖြစ်ကာ ကုန်ကျစရိတ်အားဖြင့် ယန်းငွေ ဘီလီယံ ၂၀၀ (အမေရိကန်ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံ) ကုန်ကျမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောသော်လည်း အတိအကျ ထုတ်ပြန်ခြင်း မရှိပေ။

အဆိုပါ ဒုံးကာယူနစ်နှစ်ရပ်အား ၂၀၂၃ တွင် ဖြန့်ကြက်နိုင်ရန် စီစဉ်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required